ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဧပြီလတွင် မော်လ်တာ နိုင်ငံ သို့ကြွရောက်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဧပြီလတွင် မော်လ်တာ နိုင်ငံ သို့ကြွရောက်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ် ဧပြီလတွင် မော်လ်တာ နိုင်ငံ သို့ကြွရောက်မည်

တမန်တော်ကြီး စိန့်ပေါလ်ခေတ်မှာ ရောမမြို့ကိုသွားဖို့ သင်္ဘော နဲ့ခရီး နှင်လာတဲ့အခါ မော်လ်တာလို့ခေါ်တဲ့ ကျွန်းမှာသင်္ဘောပျက်သွားပြီး ဒီကျွန်းပေါ်မှာပဲ စိန့်ပေါလ်က တရားတွေ လိုက်ဟောရင်း ကျွန်းပေါ်ကလူတွေ ယုံကြည်ခြင်းရှိလာကြတဲ့ကျွန်းနိုင်ငံဖြစ်ပြီး ယခုအခါ မှာတော့ မြေထဲပင်လယ်ကျွန်းဖြစ်တဲ့ မော်လ်တာနိုင်ငံဟာ ပုပ်ရဟန်းမင်းကြီးကို ကြိုဆိုဖို့ ပြင်ဆင်နေကြပါတယ်။

ဧပြီလမှာ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က မော်လ်တာ နိုင်ငံသို့ နှစ်ရက်ကြာ တမန်တော်ခရီးစဉ် စတင်တော့မယ်လို့ ဗာတီကန်ရုံးတော်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေငြာပြီးနောက် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းဖြစ်တယ်။

ထုတ်ပြန်သောကြေငြာချက်မှာ ပုပ်ဖရန် စစ်သည် မော်လ်တာနိုင်ငံသမ္မတ၊ အရပ်ဘက်အာဏာပိုင်များနဲ့ ဒေသခံများရဲ့ဖိတ်ကြားချက်ကိုလက်ခံပြီး ဧပြီလ ၂ ရက်နေ့ နဲ့ ၃ ရက်နေ့မှာ လာရောက်လည်ပတ်မှာဖြစ်ကြောင်း ဗာတီကန်ရုံးတော်သတင်းဌာနမှကြေငြာခဲ့တာပါ။

ပုပ်ရဟန်းမင်းကြီးရဲ့ နှစ်ရက်ကြာ တမန်တော်ခရီးစဉ်အတွင်းမှာ Valletta၊ Rabat၊ Floriana နဲ့ Gozo ကျွန်းမြို့များသို့ သွားရောက်လည်ပတ်မည်ဖြစ်ပြီး

မေလ ၃၁ ရက်၊ ၂၀၂၀ ခုနှစ်မှာလည်း ကနဦးစီစဉ်ထားပေမယ့် ကပ်ရောဂါကြောင့် တမန်တော်ခရီးစဉ်ကို ရွှေ့ဆိုင်းထားခဲ့ရပါတယ်။

အေဒီ ၆၀ မှာ စိန့်ပေါလ်က မောလ်တိစ် လူမျိုးများရဲ့ ဧည့်ဝတ်ကျေပွန်မှုကို ရည်ညွှန်းပြီးတမန်တော်ခရီးစဥ်ရဲ့ ဆောင်ပုဒ်မှာ ကျွန်ုပ်တို့အား အထူးတလည်ကြင်နာမှုပြသခဲ့ကြတယ်ဆိုပြီးရည်ညွန်းထားခဲ့ပါတယ်။

တမန်တော် ခရီးစဉ်အသေးစိတ်ကို နောက်ပိုင်းတွင် ထုတ်ပြန်ကြေညာမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကျွန်းနိုင်ငံကို လာရောက်လည်ပတ်တဲ့ တတိယမြောက် ပုပ်ရဟန်းမင်းကြီးဖြစ်ပြီး ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် က ၁၉၉၀ ခုနှစ် မှာ မော်လ်တာနိုင်ငံ ကို ပထမဆုံးသောတမန်တော်ခရီးစဉ်အဖြစ် ကြွရောက်လာပြီး ၁၁ နှစ်အကြာမှာလည်း ဒုတိယအကြိမ်လာရောက်လည်ပတ်ခဲ့ကြောင်း

ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ်ရဲ့ အရိုက်အရာ ဆက်ခံသူ အနားယူနေတဲ့ ဆယ့်ခြောက်ဆက်မြောက် ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ်အရှင်သူမြတ်ကတော့ ၂၀၁၀ ခုနှစ်မှာ မော်လ်တာ ကို ကြွရောက်ခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ

https://bit.ly/34OfQJx

Add new comment

2 + 11 =