ပုပ်ရဟန်းမင်းကြီးဖရန်စစ် လူထုပရိတ်သတ်နဲ့ ပြန်တွေ့ဆုံခြင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ် လူထုပရိတ်သတ်နဲ့ ပြန်တွေ့ဆုံခြင်း

*********

အခုလိုမျိုး လူထုနဲ့မျက်နှာချင်းဆိုင်ပြန်တွေ့ဆုံရတာ အကျွန်ုပ် အရမ်းကိုပဲ ဝမ်းမြောက်မိပါတယ်။ အကျွန်ုပ်ပြောပြချင်တာကတော့ ဘယ်သူမှ မရှိဘဲနဲ့ ကင်မရာအရှေ့မှာ စကားပြောနေရတာ တကယ်မကောင်းပါဘူး။ လတွေအများကြီး ကြာပြီးတဲ့နောက် အခုတော့ ဒီနေရာမှာ ကျွန်ုပ်တို့ ပြန်တွေ့နိုင်ကြပါပြီ။ ဒီနေရာမှာ လာလည်ပြီး ရှိနေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့သတင်းစကားကို လူတိုင်းသိအောင် ယူသွားကြပါ။ ပုပ်ရဟန်းမင်းကြီးရဲ့ သတင်းစကားက သင်တို့အားလုံးအတွက် ပုပ်ရဟနိးမင်းကြီးက ဆုတောင်းပေးသလို အကျွန်ုပ်အတွက်လည်း ဆုတောင်း​ပေးကြပါ။

ဆုတောင်းခြင်းက ဖခင်လိုမျိုး ဂရုစိုက်တဲ့ ဘုရားသခင်ရဲ့နူးညံ့တဲ့ နှလုံးသားကို တိုက်ရိုက်ရောက်နိုင်တာကြောင့် အံ့ဖွယ်တန်ခိုး ဖြစ်စေပါတယ်။ ကျေးဇူးတော်ကို ချက်ချင်းမပေးရင်တောင်မှ ကျွန်ုပ်တို့ မြင်နိုင်မယ့် အခြားဆုကျေးဇူးတွေကို ပေးပါလိမ့်မယ်။ ဒါပေမဲ့ အမြဲတမ်း ကျေးဇူးတော်တောင်းခံပြီး ကြိုးစားရုန်းကန် ဆုတောင်းကြဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်ုပ်တို့ လိုအပ်တဲ့ ကျေးဇူးတော်ကို တောင်းကြပေမဲ့ တကယ်လိုချင်ပြီး ကြိုးစားရုန်းကန် မတောင်းရင် မဖြစ်နိုင်ပါဘူး။ လေးနက်တဲ့ အရာကို ဒီလိုတောင်းယူလို့ မရပါဘူး။ ဆုတောင်းခြင်းဆိုတာ ကြိုးစားရုန်းကန်ခြင်းဖြစ်ပြီး ဘုရားသခင်ဟာ အမြဲတမ်းကျွန်ုပ်တို့နဲ့အတူ ရှိနေပါတယ်။

✍️ ဘာသာ​ပြန်

Bro. ထန်းဟာ,SJ (May 15,2021)

#rvamyanmar #rvapastoralcare #PopeFrancis

Add new comment

5 + 4 =