ပုပ်ရဟန်းမင်းကြီးဖရန်စစ် မမာမကျန်းဖြစ်၍ ဆေးရုံတက်ခဲ့ရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ် မမာမကျန်းဖြစ်၍ ဆေးရုံတက်ရ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယခင်နှစ်မှစ၍ဒူးခေါင်း‌ေ၀ဒနာခံစားနေရသည်ကိုအားလုံးသိကြပါသည်။ ဒူးခေါင်း‌ေ၀ဒနာကြောင့်လည်း ဘီးတပ်လှည်းဖြင့်မကြာခဏလူမြင် ကွင်း၌သွားလာနေရသည်ကိုလည်းမြင်တွေ့ရပါသည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့်ဘီးတပ်လှည်းဖြင့်လူ့မြင်ကွင်း၌ထွက်မလာချင်ပေ။ လူ့မြင်ကွင်း၌ထွက်မလာချင်ရခြင်းမှာမိမိကိုယ်မိမိ‌ေ၀ဒနာခံစားနေရသူဟုလက်မခံလို၍မဟုတ်။ ထိုအခြေအနေကြောင့်လှည်းတွန်းပေးရမည့်အလုပ်တစ်ခုပိုလာသကဲ့သို့ လူထုအားလည်းစိတ်မချမ်းမသာမဖြစ်စေလိုသောကြောင့်သာဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း မင်းကြီးအဖြစ်အမှုထမ်းရန်ရွေးချယ်ခံရချိန်၌သူ၏ကိုယ်ရေးအချက်အလက်အကျဉ်းချုုံး၌ ရဟန်းမင်းကြီးသည်အဆုတ်တစ်ခြမ်းသာရှိကြောင်းကိုကြားသိခဲ့ရသည်။ ထိုသို့ကြားသိရချိန်၌ကြားရသူတိုင်းအံ့အားသင့်သွားခဲ့ကြသည်။ သနားသောကြောင့်စုပ်သပ်ခဲ့ကြသည်။ သူ၏ ကျန်းမာရေးအတွက်စိတ်ပူခဲ့ကြသည်။ အမှုတော်ထမ်း ဆောင်ရန်ရွေးချယ်ခံရချိန်၌လည်းသက်တော်အနည်းငယ်ကြီးနေပြီဖြစ်၍သူ၏ကျန်းမာရေးအတွက်သူသူကိုယ်ကိုယ်စိုးရိမ်ခဲ့ကြသည်။ အဘယ် ကြောင့်ဆိုသော် ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) ပင်လျှင် ကျန်းမာရေးမကောင်းသောကြောင့်သက်တမ်းမစေ့မည်အနားယူသွားခဲ့၍ ကမ္ဘာကြီးအားအထူးအဆန်းဖြစ်စေခဲ့သည်။ ယခုလည်းအဆုတ်တစ်ခြမ်းတည်းဖြစ်နေ၍ကျန်းမာရေးအတွက်ပူပန်ခဲ့ကြသည်။ သို့သော် ရဟန်းမင်းကြီးအမှုတော်ကိုထမ်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၀) နှစ်တင်းတင်းပြည့်ပြီဖြစ်သည်။

ရဟန်းမင်းကြီးသည် (မတ်လ ၂၉) ရက်နေ့က အသက်ရှုလမ်းကြောင်း ၌ပိုး၀င်နေသောကြောင့် ဆေးစစ်ရန်အတွက်ဆေးရုံသို့တစ်ရက်၊ နှစ်ရက်ခန့်ဆေးရုံတက်ရသည်။ အသက်ရှုလမ်း ကြောင်း၌ပိုး၀င်သွားသောကြောင့် အသက်ရှုရန်အနည်းငယ်အခက်အခဲဖြစ်နေ ကြောင်း၊ ထို့ကြောင့်ဗာတီကန်အပိုင်ဆေးရုံတစ်ခုဖြစ်ပြီး (၂၀၂၁) ကရဟန်းမင်းကြီးအူမကြီးခွဲစိတ်မှုခံယူခဲ့သောဆေးရုံလည်းဖြစ်သော 'Gemelli' ဆေးရုံသို့ပို့ဆောင်ဆေးစစ်ခံယူစေခဲ့ကြောင်း၊ ဆေးစစ်ချက်၌ကိုးဗစ် (၁၉) မဟုတ်သောအသက်ရှုလမ်းကြောင်းပိုး၀င်သည့်လက္ခဏာကိုတွေ့ရှိရ၍ရက်အနည်းငယ်ကြာ ဆေး၀ါကုသမှုကိုခံယူရမည်ဖြစ် ကြောင်းဗာတီကန်သတင်းပြန်ကြားရေးဌာနကဗုဒ္ဓဟူးညနေပိုင်းတွင်သတင်းထုတ်ပြန်ခဲ့သည်။

ဤသတင်းကိုတရား၀င်ထုတ်ပြန်လိုက်သည်နှင့်ရဟန်းမင်းကြီးအတွက်စိုးရိမ်ကြီးစွာဖြင့်စာတိုရှည်၊ ဆုတောင်းတိုရှည်များစွာသူထံရောက်ရှိလာကြောင်း၊ ထိုစာတိုရှည်၊ ဆုတောင်းတိုရှည်များကြောင့်ရဟန်း မင်းကြီးအနေဖြင့်လွန်စွာအားတက်သွားခဲ့ရကြောင်းသိရပါသည်။

အူမကြီးမှာပုံမှန်ပြန်ဖြစ်ပြီဖြစ်ကြောင်းနှင့်မကြာသေးမီကတောင်ဆူဒန်နှင့်ကွန်ဂိုသမ္မတနိုင်ငံသို့ကြွရောက်ပြီးအပြန် သတင်းစာရှင်းလင်းပွဲတစ်ခု၌ကျန်းမာရေးနှင့်စပ်လျင်း၍သတင်းသမားများအားပြန်လည်ဖြေကြားရာ၌ ကျန်းမာရေးသည်ကောင်းကြောင်းဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးသည် မထင်မှတ်‌သောကျန်းမာရေးအခြေအနေကြောင့် ကြာသပတေးနှင့်သောကြာနေ့များ၌ တွေ့ဆုံရန်စီစဉ်ထားသောအစီအစဉ်နှစ်ခုဖြစ်သည့် 'Oblate Sisters of the Child Jesus ' စစ္စတာရ်ကျောင်းမှဆရာ၊ ဆရာမများနှင့်တွေ့ဆုံသည့်အစီအစဉ်နှင့်သောကြာနေ့၌ 'Roman Curia' (ရဟန်းမင်းကြီး၏လုပ်ဖော်ကိုင်ဖက်များအား (၅) ကြိမ်မြောက်၀ါတွင်းဩ၀ါဒချီးမြှင့်ခြင်းများကိုရွေ့ဆိုင်းခဲ့ရသည်ဟုသတင်း၌ဖော်ပြထားသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/40o5FD0

Add new comment

1 + 4 =