ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဆေးရုံသင်္ဘောကြီး ကိုဗစ် (၁၉) တိုက်ဖျက်ရေးအတွက်သုံး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဆေးရုံသင်္ဘောကြီး ကိုဗစ် (၁၉) တိုက်ဖျက်ရေးအတွက်သုံး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ဆေးရုံသင်္ဘောကြီး ကိုဗစ် (၁၉) တိုက်ဖျက်ရေးအတွက်သုံး

ဤသင်္ဘောကြီးသည် အထူးအဆန်းကိုပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။ ကမ်းရိုးတန်း၊ မြစ်ဝှမ်းတလျှောက်နေထိုင်သော လူတန်း စားများအားကျန်းမာခြင်းနှင့်မျှော်လင့်ခြင်းရောင်ခြည်ထွန်းညှိ ပေးနိုင်ခဲ့ပြီဖြစ်သည်။ ကျန်းမာရေးနှင့်ဆိုင်သော ဆေး၀ါးပစွည်းများတင်ဆောင်လျက်အမေဇုံမြစ်ဝှမ်းတလျှောက်ရှိသူများထံသို့ရွက်လွင့်ခဲ့သည်။ ထို့ကြောင့်ယခုကဲ့ သို့ကျန်း မာရေးလုပ်ငန်းစဉ်အတွက်အလွန်အရေးတကြီးလိုအပ်ချိန်မျိုး၌ပို၍ လုပ်ဆောင်သင့်လှသည်။

ဤသင်္ဘောသည် အမေဇုံမြစ်ဝှမ်းတလျှောက်၌စုန်ဆန်မျော၍ဆေး၀ါးနှင့်ကုသမှုကိုလိုအပ်နေသောလူပေါင်း (၇၀၀၀၀) တို့အားစောင့် ရှောက်ပေးနေသည်မှာတစ်နှစ်ခန့်ရှိပြီဖြစ်သည်။ အမေဇုံမိုးသုန်တောကိုခုတ်နေခြင်းသည် ဒေသခံများအတွက်ရေရှည် တွင်အသေအ ပျောက်နှုန်းမြင့်တက်လာနိုင်ကြောင်းနှင့်ယခုကိုဗစ် (၁၉) ကြောင့်လည်းဘရာဇီးနိုင်ငံ၏ အသေအပျောက် စာရင်းသည် တိုးလာခဲ့ကြောင်းပညာရှင်များကပြောပါသည်။ ဤသို့ဖြစ်ရခြင်းမှာကျန်းမာရေးစောင့်ရှောက်မူနှင့်အ လှမ်းကွာပြီး၊ အရေးပေါ်ကုသမူခံယူရန်လည်းအလွန်အလှမ်းဝေးသော ကြောင့်ဖြစ်သည်။ လာတင်းအမေရိကားကက် သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်၏၀က်ဆိုက်၌တွေ့ဆုံမေးမြန်းမူကိုဖြေကြားရာတွင်ဘာရာသာရ် ဆောစာက ဤ ဆေးရုံသင်္ဘောကြီးသည်လက်ရှိကပ်ရောဂါဆိုးကြီးကိုတိုက်ခိုက်ရန်ပြန်လည်စီမံခြင်းဖြစ်သည် ဟုဖြေကြားထားသည်။ လိုက်ပါလာကြသူများသည်ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်ကာကွယ်သည့် နည်းလမ်းများကိုဟော ပြောပေးခြင်း၊ ကျန်းမာရေးစောင့်ရှောင်ရန်လိုအပ်ပါကချက်ချင်းပင်ဆောင်ရွက်ပေးခဲ့သည်။ များ သောအားဖြင့်တုတ် ကွေးအဖြစ်များနေကြပြီး၊ မပြင်းထန်လှသောကိုဗစ် (၁၉) ၏လက္ခဏာကိုလည်းကိုင်တွယ်ခဲ့ရ သည်။

ရဟန်းမင်းကြီးဖရန်စစ်
(၃၂) မီတာရှည်သောသင်္ဘောကြီး၌ ပညာရှင်ကျန်းမာရေး၀န်ထမ်း (၂၃) ဦးပါသည်။ သင်္ဘောပေါ်၌ဆွေးနွေးသည့်အ ခန်း၊ ကိရိယာအပြည့်ဖြင့်ခွဲစိတ်ခန်း၊ ဓာတ်ခွဲခန်း၊ ရောဂါရှာဖွေခန်း၊ ဆေးခန်း၊ ကာကွယ် ဆေးထိုးနှံပေးသည့်အခန်းများအ ပြင်အခြားသောလိုအပ်သည့်ဓာတ်ကင်ခြင်း၊ ရင်သားစစ်ဆေးပေးခြင်း၊ သွားနှင့်ဆိုင်သောရောဂါများကိုစစ်ဆေးပေးသည့် အစီအစဉ်များထည့်သွင်းထားသည်။

ဘုရားသခင်၏စီမံပေးမူဖြင့်ဘရာဇီးမြောက်ပိုင်း၌အမူတော်ထမ်းနေသောဆရာ Bernardo Bahlmann နှင့်ဖရန်စစွကင်သီလရှင်များ၏ လှိုက်လှဲစွာကြိုဆိုအားပေးအားမြောက်ပြုလုပ်ပေးမူဖြင့်အထ မြောက်ခဲ့သည်။ ဖရန်စစွကင်သူတော်စင်အသင်းသည် Rio de Janeiro မြို့၌ဆေးရုံဖွင့်လှစ်ထားသည်။ ဤဆေးရုံသင်္ဘောကြီးသည် (၂၀၁၉၊ ဇူလိုင်) မှစတင်ပြေးဆွဲခဲ့ရာ အမေဇုံမြစ်ဝှမ်းတလျှောက်၌နေထိုင်ကြသော ကျန်းမာရေးစောင့် ရှောက်မှုကိုအမှန်တကယ်လိုအပ်နေသူများစွာတို့ကိုထိရောက်စွာကူညီနိုင်ခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2ZrpHzu

Add new comment

1 + 0 =