ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ခရ စ္စမတ်ပွဲတော်ကာလအစီ အစဉ်များ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ခရ စ္စမတ်ပွဲတော်ကာလအစီ အစဉ်များ

ကိုဗစ် (၁၉) ကြောင့်လူမူရေးကိစ္စများ၌နည်းနိုင်သမျှနည်းအောင်ထိန်းသိမ်းနေရမည့်အချိန်ဖြစ်နေသည်။ ခရစ္စမတ် နှင့်နှစ်သစ်ကာလဖြစ်သော် လည်း ရဟန်းမင်းကြီးအ တွက်လည်းချွင်းချက်မရှိလိုက်နာရမည်သာဖြစ်သည်။ ထို့ကြောင့်သူ ငယ်တော်မွေး ဖွားသန့်စင်သောမင်္ဂလာညသန်းခေါင်ယံမစ္ဆားကိုရောမစံတော်ချိန် ည (၇:၃၀) အချိန်တွင်ပူဇော်မည်။

ထို့အတူ မစ္ဆားပူဇော်ခြင်း၌ ပါ ၀င်ကြမည့်ဘာသာတူဦးရေများမှာအကန့်အသတ်နှင့်ပါ ၀င်ရမည်ဖြစ်သည်။

ကြာသပတေးနေ့က ဗာတီကန်သတင်းဌာနမှထုတ်ပြန်ကြေငြာချက်အရ ခရစ္စမတ်သန်းခေါင်မစ္ဆာသီးသန့်မရှိ တော့ ဘဲအဆိုပါမစ္ဆားတစ်ပွဲသာရှိမည်ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီးမှကမ္ဘာကြီးသို့ ပေးသော ခရစ္စမတ်နှုတ်ခွန်းဆက်မိန့် ခွန်းသ၀ဏ်လွှာ နှင့် အထူးကောင်းကြီးမင်္ဂလာတော် (Urbis et Orbi) ကိုလည်းမွန်းတည့်အချိန် ခရစ္စမတ်ကောင်းကြီးပေးခြင်းနှင့်အတူနှင့်အတူပြုလုပ်မည်ဖြစ်သည်။

ဒီဇင်ဘာလ (၃၁) ကြာသပ တေးနေ့၌မူ (၂၀၂၀) တစ်နှစ်တာလုံးခံစားရရှိခဲ့သောကောင်းကြီးများအတွက်ကျေး ဇူးဆပ်တင်သည့်ပရိတ် ဆု တောင်းမေတ္တာ၊ ရဟန်းမင်း ကြီးဖရန်စစ်ကိုယ်တိုင်ဦး ဆောင်၍ စိန့်ပီတာဘုရားကျောင်းကြီး၌ ညနေ (၅:၀၀) နာရီတွင်ဆုတောင်းမည်ဖြစ်သည်။

ဇန္နာ၀ါရီ (၁) ရက်နေ့ရက်နေ့၌မူ ‘မာရိယာ၊ ဘုရား၏ မယ်တော်’ ပွဲနေ့ဖြစ်၍ထိုမစ္ဆားပူဇော်ကို ရဟန်းမင်းကြီးကိုယ်တိုင်ရောမစံတော်ချိန် နံနက် (၁၀:၀၀) ၌စိန့်ပီတာဘုရားကျောင်းတော်ကြီးထဲတွင်ပူဇော်မည်။ ထိုနေ့သည် (၅၄) ကြိမ်မြောက် ‘ကမ္ဘာ့ငြိမ်းချမ်းရေးနေ့’ ဖြစ်သည်။

‘မင်းသုံးပါး’ ပွဲနေ့၌လည်းမစ္ဆားပူဇော်ချိန်သည်ရောမစံ တော်ချိန် နံနက် (၁၀:၀၀) ဖြစ်ပြီး၊ ဗာတီကန်၏ဘုရားကျောင်း ၌ပူဇော်မည်ဖြစ် သည်။

ကိုဗစ် (၁၉) မကူးစက်ရေးချမှတ်ထားသောလမ်းညွှန်ချက်အတိုင်းလိုက်နာဆောင်ရွက်မည်ဖြစ်သည်။ ထို့ကြောင့်ရ ဟန်းမင်းကြီး၏ မစ္ဆားပူဇော်ခြင်း၌ပါ၀င်ကြမည့်ဦးရေမှာအကန့်အသတ်နှင့်သာဖြစ် သည်။

မစ္ဆားပူဇော်ခြင်း၌ပါ၀င်ကြမည့် သူများအားလုံး စစ်ဆေးခြင်းခံယူရမည်ဖြစ်သည်။ ခရစ္စမတ်ပွဲတော်ကာလအ တွင်းရဟန်းမင်းကြီးဦးဆောင်သော၀တ်ပြု ခြင်းအစီအစဉ်အားလုံးကိုတိုက်ရိုက်ထုတ်လွှင့်ပေးမည်ဖြစ်သည်။

ခရစ္စမတ်ပွဲတော်ကာလမစတင်မှီ၌ ရဟန်းမင်းကြီးသည် ဒီဇင်ဘာလ (၁၂) ရက်နေ့ ဂွာတာလုပေမယ်တော်အားသရဖူးဆောင်းပေးခဲ့သည့်နှစ် (၁၂၅) ပြည့်နှစ်ပတ်လည်နေ့မစ္ဆားကို စိန့်ပီတာဘုရာကျောင်း ကြီး၌ပူဇော်မည်ဖြစ်သည်။ ထိုဂွာတာလုပေမယ်တော်ပွဲနေ့မစ္ဆားပူဇော်ခြင်းကို အွန်လိုင်းမှပါ၀င်ဆု တောင်းလျင်လည်းအင်ဒူဂျင်းသျှာကောင်းကြီးခံစားခွင့်ပေးထားကြောင်းကြေငြာထားပါသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3nawua8

Add new comment

2 + 3 =