ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၃၂ ကြိမ်မြောက် သိုးထိန်းခရီးစဉ်အဖြစ် ထိုင်း နှင့် ဂျပန် နိုင်ငံများသို့ သွားရောက်မည်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၃၂ ကြိမ်မြောက် သိုးထိန်းခရီးစဉ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၃၂ ကြိမ်မြောက် သိုးထိန်းခရီးစဉ်အဖြစ် ထိုင်း နှင့် ဂျပန် နိုင်ငံများသို့ သွားရောက်မည်
စက်တင်ဘာလ ၁၃၊ ၂၀၁၉

ဗာတီကန်နိုင်ငံရဟန်းမင်းကြီးရုံးတော်သတင်းပြန်ကြားရေးဌာန တာဝန်ခံဥက္ကဋ္ဌ မာတေအို ဘရူးနီ ၏ တရားဝင်ထုတ်ပြန်ချက်အရ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၃၂ ကြိမ်မြောက် သိုးထိန်းခရီးစဉ်အဖြစ် ထိုင်း နှင့် ဂျပန် နိုင်ငံများသို့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် မှ ၂၆ ရက်နေထိ သွားရောက်မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ခဲ့ပါသည်။

ထိုင်း ဘုရင့် နိုင်ငံတော် အစိုးရ နှင့် ထိုင်းနိုင်ငံ ဆရာတော်ကြီးများ ၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ၂၀၁၉ ခု နှစ် နိုဝင်ဘာလ ၂၀ ရက်မှ ၂၃ ရက်ထိ လည်ပတ်မည်ဖြစ်ပြီး။

ဂျပန် နိုင်ငံတော် အစိုးရနှင့် ဂျပန်နိုင်ငံ ဆရာတော်ကြီးများ၏ ဖိတ်ကြားချက်အရ ထိုင်း နိုင်ငံ ခရီးစဉ်နှင့် တွဲယှဉ်တွဲးပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်မှ ၂၆ ရက် အထိသွားရောက်လည်ပတ်မည်ဖြစ်ပါသည်။ ဂျပန်နိုင်ငံ ခရီးစဉ်တွင် တိုကျို၊ နာကာဆာကီ နှင့် ဟီရိုရှီးမား မြို့များသို့ သွာရောက်မည်ဖြစ်ပါသည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် ၃၂ ကြိမ်မြောက် သိုးထိန်းခရီးစဉ် အသေးစိတ်ကို ဗာတီကန်နိုင်ငံရဟန်းမင်းကြီးရုံးတော်သတင်းပြန်ကြားရေးဌာန မှ ပြန်လည် ထုတ်ပြန်ပေးမည်ဖြစ်ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lSwq3Y

 

zawgyi

စက်တင်ဘာလ ၁၃၊ ၂၀၁၉




By Kyi Maung
Credit to Vatican News
https://bit.ly/2lSwq3Y

Add new comment

2 + 15 =