ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ မြန်မာပြည် အတွက်ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ် မှ မြန်မာပြည် အတွက်ဆုတောင်းပေး

၇.၂.၂၀၂၁ ဗာတီကန်

တနဂ်နွေနေ့ အန်ဂျေလူးမေတ္တာရွက်ဆိုပြီးနောက် ရဟန်းမင်းကြီးအရှင်သူမြတ်က ၂၀၁၇ ခုနှစ် ကျွန်ုပ်၏ တမန်တော်ကြီးခရီးစဥ်ပြီးကတည်းကပင် ကျွန်ုပ်၏ နှလုံးထဲ၌အမြဲရှိနေသော မြန်မာနိုင်ငံအတွက် စိုးရိမ်ပူပန်မှုများစွာဖြင့် ဆုတောင်းပေးလျှက်ရှိကြောင်း မြွတ်ကြားခဲ့ပါသည်။

ထိရှလွယ်သောဤကဲ့သို့အချိန်၌ ကျွန်ုပ်သည် မြန်မာနိုင်ငံသားတို့နှင့် ဝိညာဥ်ရေးအရလည်းကောင်း၊ ဆုတောင်းမေတ္တာအားဖြင့်လည်းကောင်း နီးကပ်စွာရှိနေပြီး တစည်းတလုံးတည်းလည်းရှိနေကြောင်း၊ နိုင်ငံတွင်း၌ဖြစ်ပေါ်နေသောအခြေနေများအတွက် တာဝန်ရှိသူတို့သည် အများကောင်းကြိုးအတွက်ဖြောင့်မတ်စွာလုပ်ဆောင်လိုသည့် ပြင်းပြသောစိတ်ဆန္ဒရှိမှုကို ဖော်ပြကြရန်၊ ဒီမိုကရေစီ အရ ပေါင်းစည်းရှင်သန်မှု သဟဇာတရှိမှုကိုရှေးရှု၍ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားမျှတမှုကိုမြှင့်တင်ရန် ကျွန်ုပ်တောင်းဆိုပါကြောင်းမြွတ်ကြားခဲ့ပြီး လူထုပရိတ်သတ်အား သူနှင့်အတူ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြရန်ဖိတ်ခေါ်ခဲ့ပါသည်။

https://bit.ly/3pZ91tP

Credit : CBCM OSC

#PopeFrancis #PrayforMyanmar

Add new comment

4 + 3 =