ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကွန်ဂိုနှင့် တောင်ဆူဒန် ခရီးစဉ်အကြောင်းဖွင့်ဆို

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်၏ ကွန်ဂိုနှင့် တောင်ဆူဒန် ခရီးစဉ်အကြောင်းဖွင့်ဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် မိမိကိုယ်တိုင် ဒေသစာရီကြွချီလည်ပတ်ခဲ့သည့် ခရီးစဉ် အကြောင်းကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ဗုဒ္ဓဟူးနေ့လူထုပရိသတ်အား ဘုရားစကားသင်ကြားရာ၌ ဝေမျှပေးခဲ့ပါသည်။

အရှင်သူမြတ်သည် ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင် အာဖရိကနိုင်ငံများဖြစ်သော ကွန်ဂိုနှင့် တောင်ဆူဒန်နိုင်ငံများသို့ ခရီးပြုလည်ပတ်ခဲ့သည်။ အရှင်သူမြတ်သည် ထိုနိုင်ငံများသို့ သွားရောက်လည်ပတ်ရန် စိတ်ဆန္ဒပြင်းပြခဲ့သည်မှာ ကြာခဲ့လေပြီ။ ကွန်ဂိုနှင့် တောင်ဆူဒန်သည် ကမ္ဘာ ကြီး၏ အရေးကြီးသော အဆုပ် အင်္ဂါတစ်စုံကဲ့သို့ဖြစ်ကြောင်း ခိုင်းနှိုင်းမိန့်ဆိုခဲ့သည်။ သံယဇာတပေါကြွယ်ဝသော်လည်း အဆုံး မသတ်နိုင်သော စစ်ပွဲများကြောင့် သွေးစွန်းခံနေရသော နိုင်ငံများလည်းဖြစ်သည်။ ခရစ်တော်၌ တူညီသော ယုံကြည်မှုကို ဝေမျှလျှက် မတူကွဲပြားမှုများ၌ လက်တွဲနေထိုင်ရန် ထိုနိုင်ငံများသို့ ငြိမ်းချမ်းရေးခရီးတစ်ခုအဖြစ် အရှင်သူမြတ်က ကြွချီခဲ့သည်။

ကွန်ဂိုနိုင်ငံ၏ မြို့တော်ဖြစ်သော ကင်ရှာဆာမြို့တွင် ပထမသုံးရက်တာအား လည်ပတ်ခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်တာဝန်ရှိသူများ အား ၎င်းတို့၏ လှိုက်လှဲစွာကြိုဆိုခဲ့မှုအတွက် ကျေးဇူးတင်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကွန်ဂိုနိုင်ငံသည် လူသားထုအရင်းမြစ် နှင့်သံယံဇာတကြွယ်ဝခြင်းတို့ဖြင့် ပြည့်နှက်နေသော တန်ဖိုးကြီး စိန်တစ်ပွင့်ကဲ့သို့ဖြစ်၏။ ကြွယ်ဝမှုများကြောင့် အကြမ်းဖက်ခြင်း၊ ကွဲပြားခြင်း၊ ဆင်းရဲချို့တဲ့ခြင်းများကိုလည်း ဝမ်းနည်းစွာ ရင်ဆိုင်နေကြရသည်။ ဤအကြောင်းအရာနှင့်ဆက်လျင်း၍ အရှင်သူမြတ်က အချက် (၂) ချက်ကို မီးမောင်းထိုးပြခဲ့သည်။

“ပထမအချက်အနေနဲ့ ကျွနု်ပ်ပြောချင်တာကတော့ အာဖရိကအား ခေါင်းပုံဖြတ် အမြတ် ထုတ်နေတာတွေ ရပ်တန့်သင့်ပါပြီ၊ တော်လောက်ပါပြီဖြစ်ကြောင်း

ဒုတိယအနေနဲ့တော့ လူ့ဂုဏ်သိက္ခာနှင့် အချင်းချင်းလေးစာတန်ဖိုးထားမှုတွေကို အချင်းချင်း အတူတကွ ရှာဖွေပြီးသွားကြရအောင်ပါ” ဟု အရှင်သူမြတ်က မိန့်မြွက်ခဲ့သည်။

စီးပွားရေးနှင့် နိုင်ငံရေးအမြတ်ထုတ်ခြင်းတွေကြောင့် အစိပ်စိပ်အမွှာမွှာ ကွဲခဲ့ရသော ကွန်ဂိုနိုင်ငံ၏အရှေ့ဖက်ခြမ်းမှ စစ်ဘေး ဒုက္ခသည်များနှင့်လည်းတွေ့ဆုံအားပေးခဲ့သည်။ ဂိုမာရှိ လူထုများသည်လည်း မလုံခြုံမှု ထိတ်လန့်ခြင်းတွေကြား ရှင်သန်နေကြရပြီး ဘဝများကို စတေးနေကြရသည်မှာ ဝမ်းနည်းစရာကောင်းလှသည်။ သူတို့နှင့်အတူ အကြမ်းဖက်ခြင်းကို ရပ်တန့်ရန်နှင့် ညှိနှိုင်းဆွေးနွေး ခြင်းကို ဖော်ဆောင်ရန် အရှင်သူမြတ်က ဖော်ထုတ်မိန့်ကြားခဲ့သည်။ ထို့အပြင် လူမှုကူညီရေးအဖွဲ့အစည်းအသီးသီးနှင့်လည်း တွေ့ဆုံ ကာ ၎င်းတို့၏ လူသားဆန်သော ကူညီမှုများအတွက် ကျေးဇူးတင်အသိမှတ်ပြုရင်း ရှေ့ဆက်လုပ်ဆောင်ကြရန် အားပေးခဲ့သည်။

ကွန်ဂိုလူငယ်များနှင့် ဓမ္မဆရာများအားတွေ့ဆုံရခြင်းမှာလည်း စိတ်ဝင်စားဖွယ်ကောင်းခဲ့သည်။ ဧဝံဂေလိတရားကပေးသော ပျော်ရွှင်မှု ဖြင့် လုပ်ဆောင်နေသော မျိုးဆက်သစ် လူငယ်ခရစ်ယာန်များသည် အသစ်ပြုပြင်မွမ်းမံခြင်းကို ဖော်ဆောင်နိုင်သူများဖြစ်ကြပေသည်။ လူငယ်များအား လမ်းသွယ် (၅) ခုကို အရှင်သူမြတ်က ပြောပြခဲ့သည်။ ၎င်းတို့မှာ ဆုတောင်းခြင်း၊ အဖွဲ့အစည်းဖြင့်နေထိုင်ခြင်း၊ ရိုးသားဖြောင့်မတ်ခြင်း၊ ခွင့်လွှတ်တတ်ခြင်းနှင့် အစေခံပေးဆပ်ခြင်းတို့ဖြစ်လေသည်။

ထို့နောက်မှာ ကင်ရှာဆာ ကာသီဒြယ်ကျောင်းတော်၌ ရဟန်းတော်များ၊ သူတော်စင်များနှင့်လည်း တွေ့ဆုံးခဲ့သေးသည်။ အများစုမှာ ငယ်ရွယ်သူများဖြစ်ပြီး ခေါ်တော်မူခြင်းများလည်း တိုးပွားလျှက်ရှိသည်မှာလည်း ဘုရားသခင်သခင်ကျေဇူးတစ်ပါးပင်ဖြစ် သည်။ ခရစ်တော်၏ မေတ္တာတော်အား သက်သေခံကြသူများဖြစ်ကြရန်နှင့် နှောင့်ယှက်ခြင်း (၃)ခုကို ရှောင်ရှားရန် သူတို့အား ဆုံးမခဲ့ သည်။ ထိုနှောင့်ယှက်ခြင်း ၃ မျိုးမှာ ဝိညာဉ်ရေး၌ စိတ်အားမထက်သန်ခြင်း၊ လောကီတပ်မက်ခြင်းနှင့် အပေါ်ယံဆန်ဆန်နေထိုင်ရှင်သန် ခြင်းတို့ကို ကျော်လွှားရန် ကြိုးစားရမည်ဖြစ်ကြောင်းမှာကြားခဲ့သည်။ ဤနှောင့်ယှက်ခြင်း ၃ မျိုးမှာ ရဟန်းသူတော်စင်ဘဝတွင် ရင်ဆိုင်ရ လေ့ရှိသည့် အပြင်းစားနှောင့်ယှက်ခြင်းများဖြစ်ပေသည်။ ဘုရားသခင်၏ တည်ရှိခြင်းကို သတိပြုခွန်အားယူလျှက် လူအများအတွက် ရပ်တည်သော ပရောဖက်များဖြစ်ကြရန်နှင့် ဘုရားရှင်၏ မေတ္တာကရုဏာတို့ကို သက်သေခံနိုင်သောသူများဖြစ်ကြရန် အားပေးခဲ့ပါသည်။

ဆက်လက်၍ အရှင်သူမြတ်က တောင်ဆူဒန်နိုင်ငံ၏ ကြူးဘားပြည်နယ်သို့ ဒုတိယခရီးစဉ်အဖြစ် ဆက်လက်ကြွချီခဲ့လေသည်။ ၎င်းခရီးစဉ်၌ အရှင်သူမြတ်က ခရစ်တော်ဘုရားရှင်မိန့်မြွက်တော်မူသော ဆုတောင်းစကားကို အမှတ်ရခဲ့သည်။ “ သူတို့သည် တစ်လုံး တစ်ဝတည်းဖြစ်ကြရန် ငါ ဆုတောင်းပါ၏” ဟူသော စကားသည် ပဲ့တင်ထပ်၍ နေခဲ့သည်။ ငြိမ်းချမ်းရေးကိုဆောင်ကျဉ်းပေးသော ခရီးစဉ်တစ်ခု အမှန်ဖြစ်ခဲ့ပေ၏။ အရှင်သူမြတ်က မိမိအား ကြိုဆိုဖိတ်ခေါ်ခြင်းအတွက် တောင်ဆူဒန်သမ္မတအား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ မှားနေသည့်အရာများကို ရပ်တန့်ရန် ထုတ်ဖော်ပြောကြားဖို့ရာ မလွယ်ကူလှပါ။ တွေ့ဆုံဆွေးနွေးဖလှယ်ကြရန် ဆော်သြရသည်မှာလည်း မလွယ်ကူပေ။ တချို့နိုင်ငံကြီးတွေက ဆူဒန်ကို စစ်လက်နက်များ ထောက်ပံ့ပေးနေသည်မှာလည်း ရှက်ဖွယ်ကိစ္စပင်ဖြစ်၏။ တွေ့ဆုံဆွေးနွေးတည်ဆောက်ခြင်းအားဖြင့်သာလျှင် ငြိမ်းချမ်းရေးကို မျှော်လင့်နိုင်သည်။ ဒဏ်ရာများကို ကုစားနိုင်သည်။ ကလေးများလည်း ပျော်ရွှင်ငြိမ်းချမ်းစွာ ဘဝအတွက် ပညာဆည်းပူးနိုင်ပေလိမ့်မည်။

သီကိုရှင်း

https://bit.ly/3ZjDnZH

Add new comment

19 + 1 =