ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ရှဲန်ဟိုင်းသာသနာအတွက်ဆရာတော်သစ်ကိုအတည်ပြုခန့်အပ်ကြောင်းကြေညာလိုက်သည်။

ပုပ်ဖရန်စစ်သည် ရှဲန်ဟိုင်းဆရာတော်သစ်ကိုရွေးချယ်ကြောင်းအတည်ပြုကြေညာ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ရှဲန်ဟိုင်းသာသနာအတွက်ဆရာတော်သစ်ကိုအတည်ပြုခန့်အပ်ကြောင်းကြေညာလိုက်သည်။

အဆိုပါဆရာတော်သစ်သည် တရုတ်အစိုး ရကလည်းအတည်ပြုထားသူလည်းဖြစ် သည်။ တရုတ်အစိုးရသည် ဗာတီကန်နှင့်သဘောတူညီထားသည့်အတိုင်းမလိုက်ဘဲ ဆရာတော်သစ်အား ဧပြီလကတည်းကတစ်ဖက်သတ်အတည်ပြုထားပြီးသားဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းသည် တရုတ်အစိုးရနှင့်ဗာတီကန်တို့ကြား (၂၀၁၈) ကနှစ်ဖက်သဘောတူလက်မှတ်ရေးထိုးခဲ့သောစာချုပ်အား တရုတ်အစိုးရကတိုက်ရိုက်ဖောက်ဖျက်ခြင်းဖြစ်သည်။

အမှန်မှာရဟန်းမင်းကြီး၏တရား၀င်အတည်ပြုချက်ရယူပြီးမှသာကြေညာရမည်။ လက်ရှိ၌မူတရုတ်အစိုးရကလက်ဦးမှုယူကာ ဗာတီကန်မှဆရာတော်လောင်းလျာအားစီစစ်ခြင်းမပြီးစီးမှီကပင် စောစီးစွာကြေညာခဲ့ခြင်းဖြစ်သည်။

ယခုရှဲန်ဟိုင်းသာသနာအတွက်အတည်ပြုအရွေးချယ်လိုက်သောဆရာတော်မှာ ဆရာတော် Shen Bin ဖြစ်သည်။ သူသည် Haimen သာသနာမှဖြစ်ပြီး ရှဲန်ဟိုင်းသာသနာပိုင်အဖြစ်အမှုတော်ထမ်းရမည်ဖြစ်သည်။

ဤအဖြစ်နှင့်စပ်လျင်း၍ ဗာတီကန်၏ အတွင်းရေး မှူးဖြစ်သော ကာဒီနယ် Pietro Parolin အားဗာတီကန်သတင်းဌာနမှမေးမြန်းရာ ရဟန်းမင်းကြီးဖရန်စစ်သည် ရှဲန်ဟိုင်းသာသနာ၏ကောင်းကျိုးအတွက်ရှေ့ရူ၍ အမိကက်သလစ်သာသနာ၏ကာနွန်ဥပဒေကိုသွေဖီ ၍လုပ်ဆောင်လိုက်ခြင်းဖြစ်ကြောင်းဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3OhGk9d

Add new comment

1 + 12 =