ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆုတောင်းပေး

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်မှ မြန်မာနိုင်ငံငြိမ်းချမ်းရေးအတွက် ဆုတောင်းပေး

***************

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်မှ သခင်ယေဇူး မိုးကောင်းကင်သို့တက်ကြွတော်မူသောပွဲနေ့ ၊ ယနေ့ မေလ (16) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (2:30) နာရီအချိန်က မြန်မာနိုင်ငံအတွက် မစ္ဆားတရားပူဇော်ဆုတောင်းခဲ့ပါသည်။

မစ္ဆာတရားတော်မြတ်အတွင်း၌ ရောမရောက် မြန်မာနိုင်ငံသား ဘုန်းတော်ကြီးများ၊ကိုရင်၊ သီလရှင်များနှင့် ဘာသာဝင်များ အပြင်၊ အခြားခရစ်ယာန် ညီအကိုမောင်နှမအချို့နှင့် ဗုဒ္ဓဘာသာညီအကို မောင်နှမအချို့တို့  ပါဝင်တက်ရောက်ခဲ့ပါသည်။

မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပွားနေသော နိုင်ငံရေးအခြေအနေများကြောင့် ရောမရောက် မြန်မာကက်သလစ် ခရစ်ယာန် များက ယခုကဲ့သို့ မစ္ဆားတရားပူဇော်ခွင့်ရရှိရန်အတွက် ပုပ်ရဟန်းမင်းကြီးထံတောင်းဆိုခဲ့ကြခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးက ယနေ့ မေလ(16) ရက်နေ့တွင် မြန်မာနိုင်ငံအတွက် ဆုတောင်းပေးသည့်မစ္ဆားတရားကို ပူဇော်ပေးခဲ့ခြင်းဖြစ်ပါသည်။

မစ္ဆာတရားတော်မြတ်တွင် ရဟန်းမင်းကြီးမှ လတ်တလောမြန်မာနိုင်ငံရဲ့ မတရားအာဏာသိမ်းခြင်း၊ ဖိနှိမ့်ခြင်း၊ သတ်ဖြတ်ခြင်းများကြားတွင် ယုံကြည်ခြင်းခိုင်မြဲဖို့၊ မျှော်လင့်ခြင်းမဆုံးရှုံးဖို့၊ စည်းလုံးခြင်းမှာစွဲမြဲကြဖို့အားပေးတိုက်တွန်းခဲ့ပါတယ်။

စည်းလုံးမှုပျက်ပြားအောင်လုပ်ဆောင်နေတဲ့ ကြီးမားတဲ့ရန်စွယ်တွေကြား မိသားစုသဖွယ်၊ ချစ်ခင် ကြင်နာကြဖို့၊ စည်းလုံးခြင်းနဲ့အမှန်တရားအတွက်ကြီးမားစွာရပ်တည်ကြဖို့လည်းအားပေးခဲ့ပါတယ်။

ဒါ့အပြင် မတရားမှုကြားထဲမှာ သွေးမအေးကြဖို့၊ ရေငုံနုတ်ပိတ်နေခြင်းမပြုကြဖို့ ငြိမ်းချမ်းခြင်းနဲ့ ဝမ်းမြောက်ဖွယ်ဧဝံဂေလိတရားတော်မြတ်မှာ မိမိတို့အသက်သာကိုအပ်နှံကြဖို့ ဆုတောင်းခြင်းအမှုမှာအစဉ်အမြဲအားထုတ်ကြဖို့လည်းနိုးဆော်ခဲ့ပါတယ်။

ခရစ်တော်ဘုရားရှင်ဟာ ကျွန်ုပ်တို့အတွက် အန္တရာယ်တွေကြား၊ စိတ်ပျက်မှုတွေကြား ခမည်းတော်ဘုရားထံအစဉ်အမြဲဆုတောင်းတော်မူတဲ့အကြောင်း တရားတော်မြတ်ထဲမှာ မြွက်ကြားခဲ့ပါတယ်။

မစ္ဆားတရားတော်မြတ်ကြီးအပြီးတွင် ရောမရောက်မြန်မာ မိသားစု တို့သည်၊ ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်၏ တနဂ်နွေနေ့ အန်ဂျေလူးမေတ္တာ ဆုတောင်းခြင်းအစီအစဉ် ကို စိန့်ပီတာရင်ပြင်တော်ကြီးတွင် ပါဝင်ခဲ့ကြပြီး "ကျေးဇူးအများကြီးတင်ပါတယ် ပါပါး" ၊ "Million Thanks Papa Francisco" စသည့် စာတမ်းများကိုင်ဆောင်ကာ၊ မြန်မာပြည်အတွက် စဉ်းစားအချိန်ပေးခြင်း၊ ဂရုစိုက်ပေးခြင်းတို့အတွက် အရှင်သူမြတ်အား အထူးကျေးဇူးတင်ခြင်းကို ပြသခဲ့ကြပါတယ်။ 

ဒီနောက်မှာတော့ မြန်မာ မိသားစုဟာ ၊ အချင်းချင်းစည်းလုံးညီညွတ်ခြင်းအဖြစ် နေ့လည်စာ ကို မြန်မာ ဟင်းလျာများဖြင့် အတူတကွ သုံးဆောင်ခဲ့ကြကြောင်းကို ယေဇူးအသင်းဂိုဏ်းမှ ယခု အစီအစဉ်အတွက် အရှင်သူမြတ်ထံ စာရေးသားလျှာက်ထားခဲ့သူ ကိုရင်တပါးဖြစ်သော Bro.PV Joseph BuanSing, SJ မှ သတင်းပေးပို့ထားပါတယ်ရှင့်။ 

 

#PopeFrancisPrayforMyanmar

#SaveMyanmar

#RVAMyanmar #RVAPastoralcare

Add new comment

8 + 2 =