ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်ယူကရိန်းပြည်သူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းထုတ်ဖော်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်ယူကရိန်းပြည်သူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းထုတ်ဖော်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည်ယူကရိန်းပြည်သူများနှင့်တစ်စိတ်တစ်၀မ်းတည်းရှိကြောင်းထုတ်ဖော်

ဆုတောင်းခြင်းနှင့်ကရုဏာရေးလုပ်ငန်းသည် ရဟန်းမင်းကြီးဖရန်စစ် ရဟန်းမင်းကြီးအဖြစ်ရွေးချယ်ခံရချိန်မှစ၍မြဲမြဲမြံမြံ ဆုတ်ကိုင်ကာ ယူကရိန်းလူမျိုးတို့ကိုကူညီလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယူကရိန်းနိုင်ငံသည် နိုင်ငံ၏အရှေ့ဖက်ခြမ်းနယ် စပ်၌စစ်ဖြစ်နေခဲ့သည်မှာ (၆) တင်းတင်းပြည့်လာပြီဖြစ်သည်။ အခြေအနေပေးလျှင်ပေးသကဲ့သို့ ယူကရိန်းနိုင်ငံ၏အခြေအနေကို ကမ္ဘာ့အသင်းအဖွဲ့များအာရုံထားမိလာစေရန်ထုတ်ဖော်ပြောကြားခြင်းကိုလည်းပြုလုပ်ခဲ့သည်။ ယခုလည်းယူကရိန်းနိုင်ငံ၏အရေး နှင့်ပတ်သက်၍ရဟန်းမင်းကြီးသည် ပြီးခဲ့သောတနင်္ဂနွေနေ့ကလည်း မွန်းတည့်အန်ဂျေလူးမေတ္တာပူဇော်ဆုတောင်းအပြီးထပ်မံ ပန်ကြား၍ တနင်္လာနေ့၌စတင်အသက်၀င်မည့်ကုလသမ္မဂ္ဂ၏ စစ်ရပ်ဆဲရေးကြေငြာချက်ကိုလေးစားကြရန်၊ သို့ဖြင့်အနှစ်နှစ်၊ အလ လမျှော်စောင့်ခဲ့ရသော ယူကရိန်းနိုင်ငံသားတို့အားငြိမ်းချမ်းရေးကိုခံစားစေပါဟုတိုက်တွန်းခဲ့သည်။

ရဟန်းမင်းကြီးဤသို့မိန့်ကြားသည့်အချိန်နှင့်ထောက်ပံ့နေသောအကူအညီသည်လည်းမကြာမီရပ်တန့်သွားရတော့မည့်အချိန်နှင့်နီးကပ်လျှက်ဖြစ်နေသည်။ ရဟန်းမင်းကြီးသည် ယူကရိန်းနိုင်ငံကိုကူညီရန်ရံပုံငွေကို (၂၀၁၆) ကပင်စတင်ခဲ့သည်။ ဗာ တီကန်၏လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးရုံးတော်ကထိုရံပုံငွေသုံးစွဲမူကိုကြပ်မတ်လာခဲ့သည်။ စီမံကိန်းစတင်ဖော်ဆောင် ပြီးနှစ်နှစ်အကြာတွင် ရံပုံငွေယူရို (၁၆) သန်းအထိဥရောပတစ်ခွင်မှထည့်၀င်လှူဒါန်းပေးခဲ့ပြီး၊ ရဟန်းမင်းကြီးကိုယ်တိုင်၏အလှူ ငွေများလည်းထည့်၀င်လှူဒါန်းခဲ့သည်။

(၂၀၁၈၊ နို၀င်ဘာလ) ၌ဤရံပုံငွေဖြင့်လူပေါင်းတစ်သန်းခန့်ကိုကူညီပေးနိုင်ခဲ့၍အထူးကျေးဇူးတင်မိပါသည်။ ဥရောပ၌အ လွန်အေးသောကြောင့်အနွေးပေးစနစ်မရှိသောမိသားစုများအတွက် အနွေးပေးစက်များကိုတပ်ဆင်ပေးခဲ့သည်။ ရောဂါစွဲကပ်ခံ စားနေရသောကလေးများကိုလည်းမြို့ဆေးရုံသို့ပို့ဆောင်၍ကုသမူကိုခံယူစေနိုင်ခဲ့သည်။ အိုးမဲ့အိမ်မဲ့များအားလူမူခိုလုံရေးဂေဟာ များကိုဘုရားကျောင်း၀င်းအတွင်း၌စီစဉ်ပေးခြင်း၊ ဖခင်မရှိတော့သည့်ကလေးမိခင်များအားနေအိမ်များစီစဉ်ပေးနိုင်ခဲ့သည်။ ဤရံပုံ အားဖြင့်ရဟန်းမင်းကြီးဖရန်စစ်က ဘာသာ၊ လူမျိုး၊ အရောင်အသွေးမရွေးဘဲ ယူကရိန်ပြည်သူများ၊ စစ်ဘေးသင့်ဒုက်ခသည်များ အားချစ်ကြောင်း၊ တစ်စိတ်တစ်၀မ်းတည်း ရှိကြောင်း၊ပြသလိုသည်။ ဤစီမံကိန်းသည်အမှန်တကယ် ဘာသာ၊ လူမျိုးမခွဲဘဲစုစည်း ပေးနိုင်ခဲ့သောရလာဒ်ကိုပေးနိုင်ခဲ့သည်။

ကရုဏာရေးလုပ်ငန်းသည် ဒုက္ခသည်တို့အားဆက်လက်၍ထိရောက်စွာလုပ်ဆောင် သွားမည်ဖြစ်သည်။
ဤရံပုံငွေ၏ထိရောက်လုပ်ဆောင်မူနှင့်စပ်လျင်း၍မေးမြန်းကြည့်ရာ Leopolis အကူဆရာတော်က ဤရံပုံငွေဖြင့်စတင်ခဲ့ သောလုပ်ငန်းများအားလုံးပြီးဆုံးတော့မည်ဖြစ်ကြောင်း၊ မပြီးဆုံးသေးသောတစ်ခုတည်းသောလုပ်ငန်းမှာ ကလေးဆေးရုံအတွက် လိုအပ်သောစက်များဖြစ်သည်။ ကလေးများသည်ဤပဋိပက္ခတွင်အကြီးမားဆုံးပေးဆပ်နေရသည်။ လက်ရှိအခြေအနေမှာ ယခင် (၄၊ ၅) နှစ်ခန့်ကကဲ့သို့မဆိုးရွားတော့ပေ။ သို့သော်ပုံမှန်အလုပ်ရှိရန်ခက်ခဲသောယခုအချိန်၌ မိသားစု၀င်များသောမိသားစုများ၊ သက်ကြီးရွယ်အိုများရှိနေပါကပုံမှန်ထောက်ပံ့ကြေးဖြင့်မလုံလောက်သောကြောင့်အကူအညီမှမျှော်ရကြောင်း၊ ဤရံပုံကို ရဟန်း မင်းကြီး၏ကိုယ်စားလှယ်၊ အတတ် ပညာရှင်ကော်မတီ၊ ထို့အတူကရု ဏာရေးလုပ်ငန်းအဖွဲ့အစည်းများ နှင့်လက်တွဲ၍ ဖော်ဆောင်ခဲ့သည်။

ဤကရုဏာရေးလုပ်ငန်းအဖွဲ့များသည်ကက်သလစ်နှင့်ဂရိဩသောဒေါ့စ်နှင့်အခြားခရစ်ယာန်အသင်းအဖွဲ့ များ၊ နိုင်ငံတကာအသင်းအဖွဲ့များလည်းရှိသည်။ ထို့ကြောင့်ဘာသာပေါင်းစုံစုစည်းလုပ်ဆောင်သော အလွန်လှပသည့် ဖွံ့ဖြိုးရေး လုပ်ငန်းတစ်ခုဖြစ် ကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ် ၏စီမံကိန်းအားဖြင့် သူ၏ ပန်ကြား ချက်နှင့်သိမ်မွေ့သောလုပ်ဆောင်မူသည် ယူ ကရိန်းနိုင်ငံသားများအတွက်လအလွန်ကြီးမားသောအကူအညီဖြစ်ကြောင်း၊ အကယ်၍ ရဟန်းမင်းကြီး၏အကူအညီပေးသောစီမံ ကိန်းရပ်နားသွားသော် လည်းအမိသာသနာအနေဖြင့် အကူအညီကိုမူ ကရုဏာလုပ်ငန်းအားဖြင့်သော်လည်းကောင်း၊ သာသနာ အုပ်စုမျာမှသော် လည်း ကောင်း၊ လုပ်အားပေးအသင်းအဖွဲ့များအားဖြင့်သော်လည်းကောင်း နည်းလမ်းအသွယ်သွယ်ဖြင့် ဆက် လက်ကူညီသွားမည်၊ လူ တို့နှင့်အနီးကပ်ဆုံး၌နေနေမည်ဖြစ်ကြောင်းအဆိုပါလက်ထောက်ဆရာတော်ကြဖြေကြားခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/39Efgfi

Add new comment

1 + 5 =