ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ နှစ်ပေါင်းလေးဆယ်ကျော်ကြာပို့သလာခဲ့သောစိန့်ဂျိုးဇက်ထံဆုတောင်းမေတ္တာ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်မှ နှစ်ပေါင်းလေးဆယ်ကျော်ကြာပို့သလာခဲ့သောစိန့်ဂျိုးဇက်ထံဆုတောင်းမေတ္တာ

ရဟန်းမင်းကြီးသည် သူ၏ "Patris corde" စာစောင်၌ အောက် ပါအတိုင်းရေးသားထားပါသည်။ ‘ကျွန်ုပ်သည် နှစ် ပေါင်း (၄၀) ကျော်ကြာဤဆုတောင်းမေတ္တာကိုနေ့ စဉ်ရက်ဆက်ရွတ်ဆိုပူဇော်လာခဲ့သည်။ ထိုဆုတောင်းမေတ္တာကို (၁၉) ရာစုက ‘ယေဇူး၊ မာရိယာ’ ပြင်သစ်သီလရှင်အ သင်း ၏ဆုတောင်းမေတ္တာစာအုပ်မှဖြစ် သည်။ ထိုဆု တောင်းမေတ္တာသည် ကြည်ညိုခြင်းနှင့်အားကိုးမူကိုထိထိမိမိဖော်ပြသီကုံးထားသကဲ့သို့အချို့သောဆုတောင်းချက်များသည်စိန့်ဂျိုးဇက်ကိုပင် စိန်ခေါ်ထားသယောင်ပါ၀င်သည်။

ထိုဆုတောင်းမေတ္တာမှာ ‘

အလွန်အံ့ဩဖွယ်ကောင်းသော အဖစိန့်ဂျိုးဇက်၊ သင်၏ တန် ခိုးအစွမ်းသည် မဖြစ်နိုင် သည်ကိုပင်ဖြစ်အောင်စွမ်းဆောင်ပေးနိုင်သည်။ ကျွန်ုပ်နာကျင်ခံစားခက်ခဲနေသောဤအချိန် ၌ကြွလာ၍ကူညီတော်မူ လှည့်ပါ။ အရှင်၏ကာကွယ်မူအောက်၌ဤဆိုးရွားပြီး၊ ပြသာနာပေါင်းစုံနေသောအခြေ အနေကိုအရှင်အားအပ်နှံလိုက်ပါ သည်။ အရှင်၏ထပ်ဆင့်ဆုတောင်းပေးမူဖြင့်ကျေနပ်အားရဖွယ်​သော ရလာဒ်များထွက်ပေါ် လာစေတော်မူပါ။ ကျွန်ုပ်အ လွန်ချစ်မြတ်နိုးရသောအဖ၊ ကျွန်ုပ်၏အားကိုးယုံကြည်မူသည်အရှင့်၌ ဝကွပ်အပ်နှံပါသည်။ အရှင့်ထံအားကိုးခြင်း သည်အ ချည်းနှီးသက် သက်ဖြစ်သည်ဟုမခံစားမိစေပါနှင့်။ အရှင်သည်ယေဇူး၊ မာရိယာတို့နှင့်အတူအရာရာကိုစွမ်းဆောင် နိုင်သကဲ့သို့ အ ရှင်၏ ကောင်းမြတ်ခြင်းသည်လည်း အရှင်၏အစွမ်းတန်ခိုးကဲ့သို့ကြီးမားကြောင်းကိုပြ သပေးတော်မူပါ ... အာမင်

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3nbLtRh

Add new comment

1 + 4 =