ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဦးစီးဦးဆောင်ပြုသော ဆရာတော်ကြီးများအဖွဲ့သည် နှစ်စဥ်ကျင်းပသည့် ဝါတွင်းကာလ ဝတ်စောင့်ခြင်းကို ကိုဗစ်ရောဂါကြောင့် ဖျက်သိမ်းခြင်း

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဦးစီးဦးဆောင်ပြုသော ဆရာတော်ကြီးများအဖွဲ့သည် နှစ်စဥ်ကျင်းပသည့် ဝါတွင်းကာလ ဝတ်စောင့်ခြင်းကို ကိုဗစ်ရောဂါကြောင့် ဖျက်သိမ်းခြင်း

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဦးစီးဦးဆောင်ပြုသော ဆရာတော်ကြီးများအဖွဲ့သည် နှစ်စဥ်ကျင်းပသည့် ဝါတွင်းကာလ ဝတ်စောင့်ခြင်းကို ကိုဗစ်ရောဂါကြောင့် ဖျက်သိမ်းခြင်း

အရှင်သူမြတ်ဟာ COVID-19 ကပ်ရောဂါအတွင်း ဝိညာဥ်ရေးဆိုင်ရာ ဝတ်စောင့်ခြင်းကို ဦးစီးဦးဆောင်သော ဆရာတော်ကြီးများအဖွဲ့ (Roman Curia) နှင့်အတူတကွစုဝေးမည်မဟုတ်ကြောင်း

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဦးစီးဦးဆောင်သော ဆရာတော်ကြီးအဖွဲ့ဝင်များ (Roman Curia) အားဝါတွင်းကာလမှာ သီးသန့်ဝတ်စောင့်ရန်အတွက် တနင်္ဂနွေ၊ မတ်လ ၆ ရက်မှ မတ်လ ၁၁ ရက်အထိ ကိုယ်ပိုင်အစီအစဉ်များပြုလုပ်ရန် အရှင်သူမြတ်ကတောင်းဆိုခဲ့ပါတယ်။

မတ်လ ၉ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပမည့် အထွေထွေ လူထု ပရိတ်သတ် တွေ့ဆုံပွဲ အပါအဝင် ပုပ်ရဟန်းမင်းကြီးသည် အခမ်းအနား အားလုံးကို ဖျက်သိမ်းထားမည်ဖြစ်ကြောင်း

ပုံမှန်အားဖြင့် အရှင်သူမြတ်ပုပ်ဖရန်စစ်သည် ဝါတွင်းကာလဝတ်စောင့်ခြင်းကို ဆရာတော်ကြီးများ အဖွဲ့ (Roman Curia) နှင့်အတူ ငါးရက်ကြာပြုလုပ်လေ့ရှိကြောင်း၊
ပုပ်ရဟန်းမင်းကြီးသည်အအေးဒဏ်ကြောင့် ၂၀၂၀ ခုနှစ် တွင်
မပါဝင်နိုင်သော်လည်း ဝတ်စောင့်ခြင်းကို ရောမမြို့အရှေ့တောင်ဘက် Alban တောင်ကုန်း၊ Ariccia မြို့ရှိ ဥပုဒ်တရားစခန်းမှာ ၂၀၁၄ မှ ၂၀၂၀ ခုနှစ်အထိ ဝတ်စောင့်ခြင်း ပြုလုပ်ခဲ့ပါတယ်။

COVID-19 ကြောင့် ဖြစ်ပွားနေသော ကပ်ရောဂါ အရေးပေါ်အခြေအနေကြောင့် ယခုနှစ်တွင် Ariccia မြို့တွင် ဝတ်စောင့်ခြင်းကို ပြုလုပ်မှာမဟုတ်ကြောင်း သတင်းဌာနမှတဆင့် အရှင်သူမြတ်က ဇန်နဝါရီ ၂၀ မှာ ထုတ်ပြန်ခဲ့တာပါ။

ဒီဝတ်စောင့်ခြင်းအစီအစဥ်ကို ဦးစီးဦးဆောင်သော ဆရာတော်ကြီးမျာ း(Roman Curia) နှင့်အတူ လွန်ခဲ့တဲ့ နှစ်ပေါင်း ၉၀ ခန့်က ၁၁ ကြိမ်မြောက်ပုပ်ရဟန်းမင်းကြီး ပီဉီး လက်ထက် တွင် စတင်ခဲ့ကြောင်း

ဝတ်စောင့်ခြင်းကိုဗာတီကန်တွင် ကျင်းပခဲ့ပေမယ့်လည်း ၂၀၁၄ ခုနှစ် ဝါတွင်းကာလအစတွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ရောမမြို့အပြင်ဘက်တွင် ဝတ်စောင့်ရန် ရွေးချယ်ခဲ့ကြောင်း

ပြီးခဲ့သောနှစ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ကိုရိုနာဗိုင်းရပ်ကြောင့် ဝါတွင်းကာလ ဝတ်စောင့်ခြင်းကို ကိုယ်တိုင်သာပြုလုပ်ရန် ဦးစီးဦးဆောင်သော ဆရာတော်ကြီးများအဖွဲ့ (Roman Curia) ကိုလည်း ဖိတ်ခေါ်ကာမြွက်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးနှင့်အတူ ဦးစီးဦးဆောင်သော ဆရာတော်ကြီးအဖွဲ့ဝင်တစ်ဦးစီအား ၎င်းတို့၏ ၂၀၂၁ ဝါတွင်းကာလ၌ ဝတ်စောင့်ခြင်း အတွက် ဝိညာဉ်ရေးဆိုင်ရာ ဖတ်ရှုဖို့ စာအုပ်တစ်အုပ်ပေးခဲ့ကြောင်း ထိုစာအုပ်ကို ၁၇ ရာစုတွင် အမည်မသိသူတစ်ဦးက ရေးသား ပြီး Abbi a cuore il Signore (Keep the Lord in your Heart) ဟု အမည်ပေးထားသည့်စာအုပ်တစ်အုပ်ဖြစ်ကြောင်း ၎င်းကို မူလက San Bartolo အီတလီရသေ့ကျောင်းရှိ ဘုန်းတော်ကြီးများအား ဝိညာဉ်ရေးအသက်တာ အားကောင်းဖို့ ကူညီပေးရန်အတွက် ရေးသားခဲ့ခြင်းဖြစ်ကြောင်း

စာအုပ်ထဲတွင် ရေးသားထားသည်မှာ လူသားမှာရှိတဲ့ အားနည်းချက်၊ မတတ်နိုင်မှု၊ ချို့တဲ့မှု၊ ကန်သတ်မှု အဆုံးအစွန်ဆုံးမှာ ဘုရားသခင်က သင်နဲ့တွေ့လိမ့်မယ်။ အနှိမ့်ကျဆုံးနေရာ ကို သင်မရွေးချယ်ဘူးဆိုရင် ဘဝက သင့်ကို အဲ့ဒီနေရာခေါ်သွားလိမ့်မယ်။ ဘုရားသခင်သွန်သင်သလိုပဲ နှိမ့်ချခြင်းနဲ့ အားနည်းခြင်းအပေါ်မှာ ရှင်သန်တဲ့သူတွေက ချီးမြောက်ခြင်း ခံရမည်ဆိုပြီး ဖော်ပြရေးသားထားတာဖြစ်ပါတယ်။

ဘာသာပြန်-အာဗီအေမြန်မာ
https://bit.ly/3GS1mGb

Add new comment

5 + 2 =