ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရာ၌ တင်းကြပ်မှုလျော့ချ

ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရာ၌ တင်းကြပ်မှုလျော့ချ

ပုပ်ရဟန်းမင်းကြီးနှင့်တွေ့ဆုံရာ၌ တင်းကြပ်မှုလျော့ချ

            ကိုးဗစ် (‌၁၉) ကြောင့် ရဟန်းမင်းကြီးသည် ဘုရားဖူးဘာသာတူများနှင့်တွေ့ဆုံရာ၌ ကျန်းမာရေးအရတင်းကြပ် ထားမှုများရှိခဲ့သည်။ သို့သော် ယခုဘုရားဖူးများနှင့်ပုံမှန်တွေ့ဆုံသည့် ဗုဒ္ဓဟူးနေ့တိုင်း၌အဆိုပါတင်းကြပ်မှုများကိုဖြေ လျော့ထားသည်ကိုဘုရားဖူးများထံမှရင်ဖွင့်သံများကိုအောက်ပါအတိုင်းကြားနိုင်ပါသည်။

            အီတလီနိုင်ငံ၏ အောင်မြင်ခဲ့သောလေကြောင်းကုမဏီတစ်ခုဖြစ်သည့် Alitalia လေကြောင်းဖြင့်ထိုစဉ်က သာသ သနာကိုဦးဆောင်နေသော ရဟန်းမင်းကြီးက (၁၉၄၇၊ မေလ ၅) ရက်နေ့တွင် တူရင်မြို့မှကာတားနီယာသို့စီးနင်းပျံသန်းခဲ့သည်။ ထိုအချိန်ကာလကား ဒုတိယကမ္ဘာစစ်မီးငြိမ်းပြီးခါစအချိန်ဖြစ်သည်။ ယခုနှစ် (၂၀၂၁) တွင်ထိုခရီးစဉ်ကိုပြန်လည်စတင်နိုင်မည်ဟုမျှော်လင့်ကြောင်း၊ ထိုရည်ရွယ်ချက်ဖြင့် ကျွန်မ (TIZIANA BORGATTA) ဤနေရာသို့ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရဟန်းမင်းကြီးနှင့်နီးကပ်စွာတွေ့ဆုံနှုတ်ဆက်ခွင့်ရသည့်အပြင် (၁၉၄၇၊ မေလ ၅) ကရိုက်ယူထားသော သမိုင်း၀င်ဓာတ်ပုံကိုလည်း ရဟန်းမင်းကြီးဖရန်စစ်၏လက်ထဲသို့လက်ဆောင်ပေးအပ်နိုင် ခဲ့သော လေကြောင်းတာ၀န်ရှိသူကပြောကြားသည်။

            ရဟန်းမင်းကြီးဖရန်စစ်အားလာရောက်နုတ်ဆက်သူများအနက် မကြာမီကလက်ထပ်ခြင်းစက္ကရာမင်တူးကိုခံယူ ထားကြသောအိမ်ထောင်သည်များလည်းပါသည်။ ယခုတစ်ကြိမ် ဘုရားဖူးဘာသာတူများနှင့်ဤသို့ရင်းနှီးစွာတွေ့ဆုံခြင်း သည် ကိုးဗစ် (၁၉) ဒုတိယလှိုင်းအပြီး ပထမဦးဆုံးအကြိမ်တွေ့ဆုံကောင်းကြီးပေးခြင်းဖြစ်သည်။ မကြာမီကလက်ထပ် ထိမ်းမြှားခြင်းစက္ကရာမင်တူးကိုခံယူထားကြသော အိမ်ထောင်ရှင်များက ‘ကျွန်တော်၊ ကျွန်မတို့ရဲ့လက်ထပ်ခြင်းကို ရဟန်းမင်းကြီးကလည်း ကောင်းကြီးပေးခိုင်းစေချင်ခဲ့တာပါ။ မေလ (၈) ရက်နေ့က လက်ထပ်ခြင်းစက္ကရာမင်တူးကိုခံယူ ခဲ့ကြတာပါ’ ဟုပြောပါသည်။ ‘ဂုဏ်ယူပါတယ်’ ဟုသတင်းရယူသူကဂုဏ်ပြုစကားဆိုလိုက်ပြီး၊ ‘ကျေးဇူးတင်ပါတယ်’ ဟု ပြန်လည်အသိမှတ်ပြုခဲ့ကြသည်။

            ‘ရဟန်းမင်းကြီးရဲ့လက်ကို ကိုယ်တိုင်ကိုယ်ကျ လက်ဆွဲနုတ်ဆက်ရတဲ့အခါ စိတ်အရမ်းလှုပ်ရှားရတယ်’ ဟု ထိုအ ခွင့်အရေးကိုရခဲ့သော Pamela ဆိုသူကသူ၏ခံစားချက်ကိုပြောပြပါသည်။ သူသည် ကိုးဗစ်ကူးစက်ရောဂါအလွန်ပြင်းထန် နေချိန်၌ ရောမမြို့၌အလုပ်သင်နေသူဖြစ်သည်။ ယခု ထိုအလုပ်သင်သောအချိန်ကာလပြီးဆုံး၍ သူ၏မွေးရပ်မြေသို့မပြန် မီ ရဟန်းမင်းကြီးအားလက်ဆွဲနုတ်ဆက်ချင်နေခဲ့ရာ ထိုအခွင့်အရေးကိုသူရရှိခဲ့ကြောင်း၊ သူ၏ဘ၀၌မေ့နိုင်ဖွယ်မရှိသော အမှတ်တရဖြစ်နေမည်ဖြစ်ကြောင်းဖြင့်၀မ်းသာအားရရင်ဖွင့်ပြရှာသည်။   

            ကိုယ်တိုင်ရဟန်းမင်းကြီးအား လက်ဆွဲနုတ်ဆက်ခွင့်မရခဲ့သော်လည်း ယခုဘုရားဖူးများသည် ရဟန်းမင်းကြီး အားနုတ်ဆက်နိုင်ကြောင်းကြားရ၍ ပီတိဖြစ်ရကြောင်း Stefania ကထုတ်ဖော်ပြောဆိုလာပါသည်။ သူ့အနေဖြင့် ရဟန်း မင်းကြီး၏ ဆုတောင်းခြင်းအကြောင်းကိုကြားနာရသည်မှာခွန်အားဖြစ်ရကြောင်း၊ သူလည်းခွန်အားဖြစ်သောစကားများ လိုအပ်ကြောင်း၊ သူသည် ဘာသာရေးအသင်းအဖွဲ့တစ်ခုဖြစ်သော Neocatechumenal အဖွဲ့၀င်တစ်ဦးလည်းဖြစ်သည်။ သူ သည်အီတလီနိုင်ငံမှဖြစ်သော်လည်း သာသနာအမှုတော်ဆောင်ရန်အတွက် အင်္ဂလန်နိုင်ငံသို့ရောက်ရှိအမှုတော်ဆောင် နေခြင်းဖြစ်သည်။ သူသည်အိမ်ထောင်သည်ဖြစ်ပြီး၊ သားသမီး (၇) ဦးနှင့်အိမ်ထောင်ဦးစီးအားလုံးပြောင်းရွေ့ရောက်ရှိနေ သောမိသားစုဖြစ်သည်။   

 

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of Avvenire

https://bit.ly/3ipvPlz

Add new comment

12 + 3 =