ပုပ်ရဟန်းမင်းကြီးနာမည်ဖြင့် အီတလီခေါက်ဆွဲများကို ဆင်းရဲသားများထံ ဝေငှ

ပုပ်ရဟန်းမင်းကြီးနာမည်ဖြင့် အီတလီခေါက်ဆွဲများကို ဆင်းရဲသားများထံ ဝေငှ

ပုပ်ရဟန်းမင်းကြီးနာမည်ဖြင့် အီတလီခေါက်ဆွဲများကို ဆင်းရဲသားများထံ ဝေငှ

အီတလီနိုင်ငံရှိ စေတနာရှင်များသည် ဤအလှူကိုစိတ်ကူးရခြင်းဖြစ်ပြီး အီတလီတောင်ပိုင်းမှ ကရုဏာရေးအဖွဲ့လေးဖွဲ့က ခေါက်ဆွဲ နှစ်တန်ကျော်ကို ပုပ်ဖရန်စစ်အားလှူဒါန်းမည်ဖြစ်ပြီး ထိုမှတစ်ဆင့်ဆင်းရဲသားများအား လှူမည်ဖြစ်သည်။

ကိုဗစ်ကြောင့် "ဆင်းရဲသားအသစ်များ"ဟူသည့်လူတစ်စုဖြစ်လာသည်။ ထိုလူများမှာ လတ်တလောတွင် အလုပ်ပြုတ်သူများ၊စုငွေကုန်သွားသူများနှင့် ဒုက္ခိတနှင့်ဘိုးဘွားများကို ကြည့်ရှုရသည့်မိသားစုဝင်များဖြစ်သည်။

ထိုအဖွဲ့လေးဖွဲ့သည် အီတလီတောင်ပိုင်းရှိ တာရွန်တိုမြို့မှ စတင်လာခြင်းဖြစ်သည်။ ထိုမြို့မှာ အခြားမြို့များနှင့် နှိုင်းစာသော် ဆင်းရဲပီး အလုပ်လက်မဲ့နှုန်းများပြားနေသော မြို့ဖြစ်သည်။

နိုဝင်ဘာ၁၇ရက်ကလည်း ထိုအဖွဲ့များကပင် တာရွန်တိုသာသနာပိုင်ဆရာတော်ကြီးထံ ခေါက်ဆွဲ အလေးချိန်ပေါင်တစ်ထောင်ကျော်ကို လှူဒါန်းပြီး ဆင်းရဲသားများထံဝေငှနိုင်ခဲ့သည်။

ထိုအဖွဲ့အစည်းများ၏ကြေညာစာတမ်းတွင် "သင်၏နီးစပ်သောသူများဒက္ဃံနေသောအခါ လက်ပိုက်ကြည့်နေရန်မဖြစ်နိုင်၊သင်၏မျက်စိများကိုမှိတ်၍ဘာမှမဖြစ်ဟု ပြောရန်မဖြစ်နိုင်ပါ"ဟုရေးသား၍ သဘောထားထုတ်ပြန်ခဲ့ကြသည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Francesco Carucci | Shutterstock

https://bit.ly/36sZpQJ

Add new comment

2 + 13 =