ပုပ်ရဟန်းမင်းကြီးက အမျိုး သမီးများအား ယဇ်ပလ္လင်အမှုတော်ဆောင်ရန် တရားဝင်ခွင့်ပြု

ပုပ်ရဟန်းမင်းကြီးက အမျိုး သမီးများအား ယဇ်ပလ္လင်အမှုတော်ဆောင်ရန် တရားဝင်ခွင့်ပြု

ပုပ်ရဟန်းမင်းကြီး၏ Mortu Proprio Spiritus Domini စာချွန်တွင် အမျိုး သမီးများအား ယဇ်ပလ္လင်အမှုတော်ဆောင်နှင့် နှုတ်ကပတ်တော်အမှုတော်ဆောင်တို့ကို တရားဝင်ခွင့်ပြုခဲ့သည်။

Acolyte ဟူသည့် ယဇ်ပလ္လင်အမှုတော်ဆောင်သည် ဘုန်းတော်ကြီးနှင့်ဦးပဉ္ဇင်းကြီးများအား ဝတ်ပြုကိုးကွယ်ခြင်းတွင် ကူညီပေးရသူများဖြစ်ပြီး ကိုယ်တော်မြတ်မုန့်ကိုလည်း အထူးအခွင့်အရေးဖြင့် ဝေငှနိုင်ကြသည်။ Lectors ဟူ

သည့် နှုတ်ကပတ်တော်အမှုတော်ဆောင်များမှာ ဝတ်ပြုကိုးကွယ်ခြင်းတွင် ဧဝံဂေလိကျမ်းဖတ်သူများဖြစ်ကြသည်။

သို့သော်လည်း အမျိုးသမီးများအား ရဟန်းသိက္ခာတင်ခြင်းကိုမူ ခွင့်ပြုမည်မဟုတ်ကြောင်း အတိအလင်းဖော်ပြထားသည်။

ပုပ်ရဟန်း မင်း ကြီး ဖရန်စစ်အရှင်သူမြတ်က "သင်တို့အား ပြောပြလိုသည့်အရာမှာ မယ် တော်သခင်မသည် တမန်တော်များ၊ဆရာတော်များ၊ရဟန်းများထက် ပိုမိုမြင့်မြတ်ပြီး သာသနာလုပ်ငန်း၌ ဆောင်ရွက်ခဲ့ကြောင်း သတိရ စေလိုပါသည်"ဟု အမျိုးသမီးများ၏ အခန်းကဏ္ဍကို မီး မောင်းထိုးပြတော်မူခဲ့သည်။

ကျမ်းစာဖတ်သူနှင့်တရား ထောက်များသည် အမျိုးသမီးများဖြစ်နိုင်သည်ဟု ပုပ်ရဟန်း မင်းကြီး ရဟန္တာ ယောဟန်ပေါလူး၂ က ပြောကြားခဲ့သည်။ သို့သော်လည်း ကာနွန်ဥပဒေတွင် "အမျိုးသားများလုပ်ဆောင်ရန်"ဟူ၍ ရေးသားထားသည်။

ပုပ်ဖရန်စစ်ကမူ ထို အမျိုး သားနေရာတွင် အမျိုးသမီးဟူသော စကားလုံးဖြင့် ဖြည့်စွက်ပေးခဲ့သည်။၂၀၁၆ ခုနှစ်ကလည်း ပုပ်ဖရန်စစ်သည် ကြာသပတေးနေ့ကြီးတွင် အမျိုးသမီးများ၏ ခြေကိုလည်း ဆေးခွင့်ရှိသည်ဟု ခွင့်ပြုခဲ့သည်။

ဘာသာပြန်-Agnes Lawh Lun

Photo courtesy of: Our Lady of Mercy,Whippany

https://bit.ly/3nOfF4A

Add new comment

4 + 2 =