ပုပ်ရဟန်းမင်းကြီးက တို့ရဲ့ဂုဏ်သိက္ခာတိုးတက်အောင် လုပ်ဆောင်ပေးခဲ့တယ်

ပုပ်ရဟန်းမင်းကြီးက တို့ရဲ့ဂုဏ်သိက္ခာတိုးတက်အောင် လုပ်ဆောင်ပေးခဲ့တယ်
စက်တင်ဘာလ ၁၁၊ ၂၀၁၉

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်၏ ၃၁ ကြိမ်မြောက် သိုးထိန်း ခရီးစဉ်၏ တတိယ နိုင်ငံဖြစ်သော မောရေးရှ နိုင်ငံသို့ တစ်ရက်တာ ဘုရားဖူး ခရီးစဉ်မှာ တို့ မောရေးရှ နိုင်ငံသားတွေ တို့ရဲ့ အထူးဧည့်သည်တော်ကို ဝမ်းသာအားရကြိုဆိုခဲ့ကြတယ်။

ဒီနောက်ဆုံး မောရေးရှနိုင်ငံခရီးစဉ် မှာ တစ်ခုပဲအာမရ မကျေးမနပ်ဖြစ်စေတာက ပုပ်ရဟန်းမင်းကြီး တို့ဆီကို ခဏလေးပဲ နေသွားလို့ပါ။

ဒါပေမဲ့လည်း ဒီအချိန်တိုတိုလေး အတွင်းမှာ ပုပ်ရဟန်းမင်းကြီးရဲ့ ဖြူစင်ရိုးသားတဲ့ နှလုံးသားက ထွက်ပေါ်လာတဲ့ စကားလုံးတွေဟာ လူမျိုးစုံး ရိုးရာယဉ်ကျေးမှု မူ့မြောက်များစွာ အတူစုစည်းနေထိုင်ကြတဲ့ တို့နိုင်ငံ အတွက် အသစ်သော ခွန်အားတွေကိုရှုရှိက်လိုက်ရသလိုပါပဲ။ တချိန်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီး တပါးသူအပေါ်မှာ ထားတဲ့မေတ္တာကို ငါတို့ခံစားလိုက်ရတယ်။

ဒီလိုသေးငယ်တဲ့ ကျွန်းနိုင်ငံလေးကို လာပေးတယ် လူငယ်တွေကို အားပေးတယ် တကယ်ကို ရင်ထဲးမှာ ခံစားရတယ်၊ ကိုယ်ကိုကိုယ်လည်း ဂုဏ်ယူမဆုံး ဖြစ်မိတယ် ဟု ဆိုင်မွန် ဝမ် (Simon Wang)မှ ဗာတီကန်သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။
By Kyi Maung
Credit to Vatican News
https://bit.ly/2lInLRL

 

Zawgyi

စက်တင်ဘာလ ၁၁၊ ၂၀၁၉




By Kyi Maung
Credit to Vatican News
https://bit.ly/2lInLRL

Add new comment

3 + 11 =