ပုပ်ရဟန်းမင်းကြီးကပင်လယ်ရေကြောင်း၌သွားလာရသူများကိုအားပေးစကားမိန့်ကြား

ပုပ်ရဟန်းမင်းကြီးကပင်လယ်ရေကြောင်း၌သွားလာရသူများကိုအားပေးစကားမိန့်ကြား

ပုပ်ရဟန်းမင်းကြီးကပင်လယ်ရေကြောင်း၌သွားလာရသူများကိုအားပေးစကားမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်ပြီးခဲ့သောဗုဒ္ဓဟူးနေ့ကပင်လယ်တမန်များထံသို့ဗွီဒီယိုမိန့် ခွန်း ပေးပို့ခဲ့သည်။ ထိုမိန့်ခွန်း၌ကိုဗစ် (၁၉) ကပ်ရောဂါကြောင့်အခက် အခဲတွေ့နေသောပင်လယ်ရေလုပ် သားများကိုသတိတရရှိနေခဲ့ကြောင်းပြသခဲ့သည်။ ထိုမိန့်ခွန်းထဲ၌ကပ်ရောဂါဆိုးကြီး၏ဘေးရှိသော်လည်းလူသားများစား ရေးသောက်ရေး၌အဆင်ပြေစေရန်အလုပ်ထွက်လုပ်နေရသောပင်လယ်ရေလုပ်သားများကိုကျေးဇူးတင်ကြောင်း၊ ပင်လယ်ရေလုပ်သားများအနေဖြင့်သင်တို့သည်အလွန်အရေးပါလာကြောင်း၊ အဘယ်ကြောင့် ဆိုသော်လူသားမိသားစု၏အခြေခံလိုအပ်ချက်ကိုဖြည့်ဆည်းပေးနေကြကြောင်း၊ ကိုဗစ် (၁၉) ကပ်ဆိုး ကြီးသည်ပင်လယ်ရေလုပ်သားများ၏ဘ၀ကိုများစွာပြောင်းလဲသွားစေကြောင်း၊ စွန့်လွှတ်မှုများစွာကိုပြု လုပ်နေရကြောင်း၊ ၄င်းတို့ သည်ရက်ရှည်လများသင်္ဘော၊ စက်လှေများပေါ်၌နေရခြင်း၊ မိသားစု၊ မိတ် ဆွေ၊ ဇာတိမြေနှင့်ဝေးဝေးနေရပြီး၊ ရောဂါစွဲကပ်မည်ကိုလည်းစိုးရိမ်ရကြောင်း၊ ဤအခြေအနေသည် ၄င်းတို့အတွက်၀န်ထုတ်ဖြစ်ကြောင်း၊ လက်ရှိ၌ပင်လယ်ရေလုပ်သား (၁၅၀၀၀၀ မှ ၂၀၀၀၀၀) ခန့်သည် ပင်လယ်၌ပိတ်မိနေကြကြောင်း ယူအန်၏ အလုပ် သမားစစ်တမ်းများအရသိရသည်။ ကမ္ဘာ့အလုပ်သမား အစည်းအရုံး (ILO) ၏ထုတ်ပြန်ချက်အရ lockdown ကာလ၌ကျန်းမာလျှက်ရှိသောရေလုပ်သားများစွာ တို့သည်ကမ်းကပ်ကျောက်ချနေနေရသည်။ ပြန်လည်ထွက်ရန်အလှည့်ကျသော်လည်းသင်္ဘောပေါ်တွင်
ဆက်လက်နေနေရသောကြောင့်စိတ်ပိုင်း၊ ရုပ်ပိုင်းဖိစီးပင်ပန်းမူဖြစ်ပေါ်ခံစားနေကြရကြောင်း ILO က ပြောကြားထားသည်။
မိန့်ခွန်းတွင်ဝေဒနာခံစားနေရသောပင်လယ်လုပ်သားများအားလည်း ‘သင်တို့သည်အထီးကျန် အဖော်မဲ့နေသူမဟုတ်။ သင်တို့သည်အမေ့ခံများမဟုတ်။ ပင်လယ်လုပ်သားများဖြစ်သောကြောင့်သင်တို့ သည်အခါအားလျှော်စွာကမ္ဘာကြီးနှင့်ဝေးနေရသည်။ သို့သော်သင်တို့သည်ကျွန်ုပ်နှင့်သင်တို့၏ ဝိညာဉ်ရေးရာစောင့် ရှောက်ပေးသောဘုန်းတော်ကြီး၊ Stella Maris ၌လုပ်အားပေးနေကြသူတို့၏အတွေး၊ ဆုတောင်း
မေတ္တာ၌နီးကပ်စွာရှိနေပါကြောင်းမိန့်ကြားထားသည်။ ယေဇူး၏ ပထမဦးဆုံးတပည့် တော်ကြီးများသည်တံငါသည်များဖြစ်သောကြောင့်၊ ဂုဏ်ယူဖြေသိမ့်သင့်ကြောင်းမိန့်ကြားခဲ့သည်။

ရဟန်း မင်းကြီးကပင်လယ်ရေလုပ် သားတစ်ဦးစီအားသတင်းစကားနှင့်မျှော်လင့်ခြင်း၊ နှစ်သိမ့်ခြင်း၊ သက်တောင့်သက်သာရှိခြင်း၏ ဆုတောင်းမေတ္တာကိုပို့သပေးခဲ့သည်။ ထို့အတူဝိညာဉ်ရေး၊ ကာယရေး ရာများကိုစောင့်ရှောက်ပေးနေသူအပေါင်းတို့အားလည်းအားပေးစကားမိန့်ကြားခဲ့ပြီး၊ ဘုရားသခင်သင် တို့တစ်ဦးစီ၊ သင်တို့၏အလုပ်၊ သင်တို့၏မိသားစုကိုကောင်းကြီးပေးပါစေ။ ထို့အတူပင်လယ်ကြယ်တော်ဖြစ်သောအမိမယ်တော်သည် သင်တို့အားလုံးကိုအစဉ်ကာကွယ်ပေးပါစေ သော်ဟုလည်းဆုတောင်းချွေပေးခဲ့သည်။ Stella Maris သည်ကက်သလစ်ကရုဏာရေးလုပ်ငန်းကိုရေကြောင်း လုပ်သားများအားကူညီပံ့ပိုးပေးနေသောပင်လယ်ရေကြောင်းတမန်တော်သင်္ဘောဖြစ်သည်။ ဤအမှုတော်ကို စကော့တလန်နိုင်ငံ၊ Glasgow ၌ (၂၀) ရာစုကတည်ထောင်ခဲ့သည်။ တည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာကမ္ဘာတစ်ဝှမ်းမှပင်လယ်ဆိပ်ကမ်းများရှိပင်လယ်ရေလုပ်သားများ၏၀ိညာဉ်ရေးကိုကြည့်ရူစောင့်ရှောက်ပေးရန်ဖြစ်သည်။ ဤအမှုတော်ကိုထမ်းဆောင်သောသူ (၂၁၆) ဦးရှိပြီး၊ ဆိပ်ကမ်းပေါင်း (၃၁၁) ခု၊ နိုင်ငံပေါင်း (၃၀) ကျော်တွင်အမူထမ်းနေကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3fFn9mD

Add new comment

2 + 11 =