ပုပ်ဘယ်နဒစ် ၁၆ ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိဟုဆို

ပုပ်ဘယ်နဒစ် ၁၆ ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိဟုဆို

ပုပ်ဘယ်နဒစ် ၁၆ ၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်မရှိဟုဆို

အနားယူသွားပြီဖြစ်သော ၁၆ ဆက်မြောက် ပုပ်ဘယ်နဒစ် ၏ မျက်နှာတော်တွင် မကြာသေးမီက ဘက်တီးရီးယား ပိုးဝင်ကာ ရေယုန် သို့မဟုတ် အနာမီး ကဲ့သို့ ဖြစ်ကာ မျက်နှာနီရဲ၍ နာကျင်မှုဝေဒနာ ကို ခံစားနေခဲ့ရ

သည့်အတွက် စိုးရိမ်မကင်းဖြစ်ခဲ့ကြရပါတယ်။ သို့သော် သက်တော် ၉၃ နှစ်အရွယ် အတွက် နာကျင်မှုခံစားရသော်လည်း အခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်းကို တနင်္လာနေ့က ဗာတီကန်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အရှင်သူမြတ်သည် ဂျာမနီတွင် ယခင်လက ၄င်း၏ နောင်တော် ပျံလွန်တော်မမူခင် ကြွရောက်လည်ပတ်အပြီး ပြန်လာကထဲက ချိနဲ့ နေခဲ့​တယ်လို့ အရှင်သူမြတ်၏ ကိုယ်ရေးရာဇဝင်ရေးသူ Peter Seewald က ဆိုပါတယ်။ သြဂုတ်လ ၁ ရက်နေ့က နောက်ဆုံး အပီးသတ်ခဲ့တဲ့ ကိုယ်ရေးရာဇဝင်ကို ပြသရန် အရှင်သူမြတ်နဲ့ Peter ဟာ တွေ့ဆုံခဲ့ကြောင်း

အရှင်သူမြတ် ဘယ်နဒစ် ၁၆ သည်၄င်းပျံလွန်တော်မူသည့်အခါ စိန့်ပီတာဘာဆီးလီးကားမှာရှိတဲ့ ယခင် စိန့်ဂျွန်ပေါလ် ၂ ၏ အုတ်ဂူဟောင်းတွင် မြှပ်နှံသဂြိုလ်ရန်ကို ရွေးချယ်ထားပြီးဖြစ်ကြောင်း

စိန့်ဂျွန်ပေါလ် ၂ ၏ ခန္တာတော်မှာ ၂၀၁၄ ခုနှစ် ရဟန္တာတင်မြှောက်ခြင်းတွင် အဆိုပါ ဘာဆီးလီးကား၏ အပေါ်ထပ်သို့ ရွှေ့ပြောင်းခဲ့၍ ဖြစ်ကြောင်း

 စိန့်ဂျွန်ပေါလ် ၂ ကဲ့သို့ပင် ပါးပါးဘဲန်သည်လည်း ၄င်းပျံလွန်တော်မူပြီးချိန်မှသာ ထုတ်ဝေမည်ဖြစ်သည့် ဝိညာဉ်ရေး ကျမ်းကို ပြုစုနေ​ သည် ဆိုခြင်း ကို CNA သတင်းအရ သိရှိရပါတယ်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of : ANSA

https://bit.ly/30r9CKP

Add new comment

7 + 13 =