ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) မှ သူငယ်ချင်းများနဲ့အတူ ကောင်းကင်မှာ မကြာမှီတွေ့ဆုံနိုင်မည်ဟုမျှော်လင့်ကြောင်းဆို

ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) မှ သူငယ်ချင်းများနဲ့အတူ ကောင်းကင်မှာ မကြာမှီတွေ့ဆုံနိုင်မည်ဟုမျှော်လင့်ကြောင်းဆို

ပုပ်ဘယ်နဒစ် ၁၆ (ငြိမ်း) မှ သူငယ်ချင်းများနဲ့အတူ ကောင်းကင်မှာ မကြာမှီတွေ့ဆုံနိုင်မည်ဟုမျှော်လင့်ကြောင်းဆို

အနားယူသွားပြီဖြစ်တဲ့ ပုပ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက် ဘယ်နဒစ်အရှင်သူမြတ်က မကြာသေးမီက ပျံလွန်သွားတဲ့ Cistercian အသင်းဝင်ဘုန်းတော်ကြီး၊ သူငယ်ချင်း Fr. Gerhard Winkler နဲ့ အတူ ကောင်းကင်မှာ မကြာမီပြန်ဆုံနိုင်မည်ကို ၎င်းအနေနဲ့မျှော်လင့်ကြောင်းဖြင့် ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ရာမှာ ထည့်သွင်းရေးသားခဲ့တာဖြစ်တယ်လို့ ဩစတီးယား၊ Wilhering Abbey ရသေ့ကျောင်းတော်က ထုတ်ပြန်ထားပါတယ်။

၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ သာသနာ့ဉီးသျှောင်အဖြစ် သိုးထိန်းတာဝန်ထမ်းဆောင်ခဲ့သော သက်တော် ၉၄ နှစ်အရွယ် ပါးပါးဘဲန် က “ Prof. Dr. Gerhard Winkler O. Cist ပျံလွန်ကြောင်းကြားသိရတဲ့အတွက် အင်မတန်မှ စိတ်မကောင်းဖြစ်ရပါကြောင်း၊ ၎င်း၏မိတ်ဆွေများထဲတွင် ဖာသာရ်ဂျယ်ရပ် သည် အခင်မင်ရဆုံးသူငယ်ချင်းဖြစ်ကာ "၎င်း၏ရွှင်ပျစွာပြောဆိုနေထိုင်တတ်ခြင်းနဲ့ လေးနက်သည့် ယုံကြည်ခြင်းသည် ကျွန်ုပ်အားအမြဲတစေ ခွန်အားဖြစ်စေခဲ့တယ်။ အခုတော့ သူက နောက်ကမ္ဘာတခုကို ရောက်ရှိသွားပြီ။ သူငယ်ချင်းတွေ အများကြီးကလည်းသူ့ကို စောင့်ကြိုနေကြမယ် ကျွန်ုပ်လည်းမကြာမီသူတို့နဲ့အတူ ပြန်လည်ဆုံတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ် ဆုတောင်းမေတ္တာအားဖြင့် အတူပါဝင်နေပါတယ်”လို ဝမ်းနည်းကြောင်းသဝဏ်လွှာမှာ အရှင်သူမြတ်ပါးပါးဘဲန် ကရေးသားခဲ့တာဖြစ်ပါတယ်။

 

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

Photo courtesy of Aleteia

https://bit.ly/3vGWpLJ

 

 

 

 

Add new comment

6 + 6 =