ပုပ်ဘယ်နဒစ် ဗြိတိန်သို့ကြွရောက်ခြင်း အပေါ် အမှတ်ရစရာအဖြစ် ကာဒီနယ် နီကော မှ သုံးသပ်ထောက်ရှု

ပုပ်ဘယ်နဒစ် ဗြိတိန်သို့ကြွရောက်ခြင်း အပေါ် အမှတ်ရစရာအဖြစ် ကာဒီနယ် နီကော မှ သုံးသပ်ထောက်ရှု

ပုပ်ဘယ်နဒစ် ဗြိတိန်သို့ကြွရောက်ခြင်း အပေါ် အမှတ်ရစရာအဖြစ် ကာဒီနယ် နီကော မှ သုံးသပ်ထောက်ရှု

Westminster ရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ဗင်းဆင့်နီကော မှ ဒီတပတ်ထဲမှာကျရောက်တဲ့ အနားယူသွားပြီဖြစ်သော ၁၆ ဆက်မြောက် ပုပ်ဘယ်နဒစ် အရှင်သူမြတ် ဗြိတိန်နိုင်ငံသို့ အလည် အပတ် ကြွရောက်ခြင်း ၁၀ နှစ်ပြည့်အပေါ် ထောက်ရှုသုံးသပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ် ၊ ၂၀၁၀ ခုနှစ်စက်တင်ဘာလ ၁၆ မှ ၁၉ အထိ ပုပ်ဘယ်နဒစ်ဟာ ဗြိတိန် နိုင်ငံကို တမန်တော်ကြီးခရီးစဉ်အနေနဲ့ ကြွရောက်ခဲ့ပါတယ်။

အရှင်သူမြတ်ရဲ့ ၄ ရက်တာ ခရီးစဉ်မှ ကဏ္ဍ များစွာတွင် အကျိုးများစွာ ဖြစ်ထွန်းစေကြောင်းဖြင့် ကာဒီနယ်ကြီးက မြွက်ကြားခဲ့တာပါ။

အရှင်သူမြတ်၏ ကင်တာဘူရီ ကာသီဒြယ်သို့ ကြွရောက်ပြီး ၄င်း၏ ဂိုဏ်းချုပ်ဆရာတော်ကြီးနှင့် အတူတွေ့မြင်ရခြင်းသည် အရိုက်အရာ ဆက်ခံခဲ့သူ နောင်တော် ပုပ်ဂျွန်ပေါလ် ခြေရာအတိုင်းပင် ဖြစ်ကာ ရှေးယခင် အနာအဆာများကို ကုစားပေးသည့် အမှတ်သင်္ကေတ အဖြစ် မြင်တွေ့မိကြောင်း

ထို့အပြင် Vauxhall ရှိ စိန့်ပီတာ အဆောင်မှာ သက်ကြီးပုဂ္ဂိုလ်များအကြား၌ ပေါ့ပါးစွာပင် ဝင်ထိုင်ခြင်း Westminster ခန်းမ၌ အာဏာပိုင်များ၊ လူငယ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် ဆွေးနွေးဖလှယ် ခဲ့ခြင်းများရှိကြောင်း

အရှင်သူမြတ်၏ အလည်အပတ်ခရီးစဉ်အဆုံး၌ ဉီးဆောင်သူ တစ်ဉီးမှ အရှင်သူမြတ်အား လူအားလုံးတို့၏ အနှစ်သက်ဆုံးဖိုးဖိုး အဖြစ်တင်စားခေါ်ဆိုခဲ့သည်ကို အမှတ်ရမိကြောင်း

ပါပါးဘဲန်သည် တွေ့ဆုံသမျှလူတိုင်း နှင့်ပွင့်လင်စွာ နွေးထွေးစွာ ဆက်ဆံပြောဆိုလေ့ရှိသူဖြစ်ကြောင်း

ပါပါးဘဲန်သည် နူးညံ့သိမ်မွေ့သည့် ပုဂ္ဂိုလ်၊ တတ်ကျွမ်းပညာရှင်၊ ကောင်းသော သိုးထိန်းတစ်ဉီးဖြစ်တဟ်လို့ ဆိုရင်း ၎င်း၏ထောက်ရှုသုံးသပ်ချက်အား အဆုံးသတ်ခဲ့ပါတယ်ဆိုတာကို Vatican သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်- စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3hBpsaY

Add new comment

6 + 7 =