ပုပ်ဘယ်နဒစ် ဗာတီသို့ပြန်လည်ရောက်ရှိ

ပုပ်ဘယ်နဒစ် ဗာတီသို့ပြန်လည်ရောက်ရှိ

ပုပ်ဘယ်နဒစ် ဗာတီသို့ပြန်ကြွရောက်

အနားယူသွားပြီဖြစ်တဲ့ ပုပ်ဘယ်နဒစ်အရှင်သူမြတ်ဟာ ဂျာမနီမှ မကျန်းမာသည့် သက်တော် ၉၆နှစ် ရှိပြီဖြစ်တဲ့ အကိုတော် Georg Ratzinger ထံ ၅ရက်တာ အလည် အပတ်ကြွရောက်ကာ ဂျွန်လ ၂၂ ရက်နေ့မှာတော့ ရောမမြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

အကိုတော်ထံ ရောက်ရှိခိုက်အရှင်သူမြတ်ဟာ ၄င်း၏ မိဘ နှစ်ပါနှင့် အမတော်တို့ မြုပ်နှံထားသည့် Munich မှာရှိတဲ့ Ziegetsdorf သဂျိုင်းသို့လည် ကြွရောက်ကာ အုတ်ဂူများကို မေတ္တာရေ မပက်ဖြန်းခင်မှာ ခဏတာ ဆုတောင်းခဲ့​ပေးခဲ့ပါတယ်။

ဒါ့အပြင် Pentling မှာရှိတဲ့ ယခင်က၄င်းတို့ရဲ့အိမ်ဟောင်း ယခုအခါ ပုပ်ဘယ်နဒစ် ၁၆ ၏ ဓမ္မပညာ အမွေများ ထိန်းသိမ်းရာ Benedict XVI Institute ရဲ့ ဗဟိုဌာန သို့၄င်း၊ ၁၉၇၇ Munich နဲ့ Freising ရဲ့ ဂိုဏ်းချုပ်ဆရာတော်ကြီးမဖြစ်ခင် ပါမောက္ခအဖြစ် တာ၀န်ယူခဲ့သည့် တက္ကသိုလ်သို့၄င်း၊ ဂျာမနီ နိုင်ငံအတွက် ပုပ်ရဟန်းမင်းကြီး၏ ကိုယ်စားလှယ်တော် Archbishop Nikola Eterović နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။ အရှင်သူမြတ်ပုပ်ရဟန်းမင်းကြီးဘသက်တမ်းမှာ အထက်က ဂိုဏ်းချုပ်ဆရာတော်ကြီးဟာ ဆရာတော်ကြီးများညီလာခံ၏ အတွင်းရေးမှူးအဖြစ်လည်းထမ်းဆောင်ခဲ့ဘူးသူဖြစ်ပါတယ်။

၄င်း၏မိခင်နိုင်ငံ ဂျာမနီကို အရှင်သူမြတ် နောက်ဆုံးအလည်အပတ်ကြွရောက်ခဲ့ချိန်ကတော့ တမန်တော်ကြီးခရီးစဉ်အဖြစ်ကြွရောက်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကဖြစ်ပါတယ် ဆိုတာကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

https://bit.ly/3ergSKV

Add new comment

1 + 17 =