ပုပ်ဘယ်နဒစ်(၁၆) မှ ၎င်း၏ နောင်တော်ထားခဲ့သော အမွေအားစွန့်လွတ်

ပုပ်ဘယ်နဒစ်(၁၆) မှ ၎င်း၏ နောင်တော်ထားခဲ့သော အမွေအားစွန့်လွတ်

ပုပ်ဘယ်နဒစ်(၁၆) မှ ၎င်း၏ နောင်တော်ထားခဲ့သော အမွေအားစွန့်လွတ်

အနားယူသွားသော ၁၆ ဆက်မြောက်ပုပ်ရဟန်းမင်းကြီး ဘယ်နဒစ်အရှင်သူမြတ်ဟာ ဂျုလိုင်လ ၁ရက်နေ့က Regensburg မှာ ပျံလွန်ခဲ့သော ၎င်း၏ နောင်တော် Georg Ratzinger ထားရစ်ခဲ့သည့် အမွေအား စွန့်လွှတ် လိုက်ပါတယ်။ မိသားစု ဓာတ်ပုံများ၊ စာအုပ်များ၊ မြူးစစ်စာအုပ်များစွာထားရစ်ခဲ့ကြောင်း၊

အရှင်သူမြတ်ဟာ ၎င်းအနေနဲ့ နောင်တော်နှင့်ပတ်သက်သည်များကို မိမိနှလုံးသား၌ သိမ်း ဆည်းထားမည်ဖြစ်ကာ ကျန် ရစ်သည့် အမွေများကိုတော့ ပုပ်ရဟန်းမင်းကြီးရုံးတော်သို့ အပ်နှင်းရန် ဆန္ဒရှိ​ပါတယ်လို့ ဂျာမန် သတင်းဌာနကို ပုပ်ဘယ်နဒစ်က ပြောကြားခဲ့ပါတယ်။

ရာဇင်ဂါ မိသားစု တွင်ယခုအခါမှာတော့ ပုပ်ဘယ်နဒစ်ဟာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သည့် မိသားစု ၀င်ဖြစ်ကြောင်း

အမအကြီးဆုံး မာရီယားသည် ၁၉၉၁ ခုနှစ်တွင် ဆုံးသွားခဲ့ ကြောင်း မောင်နှမများသည်လည်း အလွန်နီးကပ်ကာ ချစ်ခင် ရင်းနီးကြ​တယ်လို့ဆိုပါတယ်။

သက်တော် ၉၃ နှစ်ရှိပြီဖြစ်တဲ့ ပါပါးဘဲန်ဟာ ပြီးခဲ့တဲ့ ဂျွန်လမှာ ၎င်း ၏ နောင်တော် အား နောက် ဆုံးနုတ်ဆက်ရန် ဗာတီကန် မှ ဂျာမနီ ကို ကြွရောက်ခဲ့ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/38aZcDo

Add new comment

6 + 12 =