ပုပ်ဘယ်နဒစ်သည် ဂျာမနီရှိ မကျန်းသည့် အကိုတော်ထံ အလည်အပတ်ကြွရောက်

ပုပ်ဘယ်နဒစ်သည် ဂျာမနီရှိ မကျန်းသည့် အကိုတော်ထံ အလည်အပတ်ကြွရောက်

ပုပ်ဘယ်နဒစ်သည် ဂျာမနီရှိ မကျန်းသည့် အကိုတော်ထံ အလည်အပတ်ကြွရောက်

အနားယူသွားပြီဖြစ်သော ၁၆ ဆက်မြောက် ပုပ်ဘယ်နဒစ် အရှင်သူမြတ်ဟာ မကျန်းမမာဖြစ်နေသည့် ၄င်း၏အကိုတော် Georg အားတ​​ွေ့ဆုံရန်ဂျာမနီနိုင်ငံသို့ ကြွရောက်ခဲ့ပါသည်။ အရှင်သူမြတ်အား ဂိုဏ်းချုပ်ဆရာတော်ကြီး Ganswein နဲ့ တာ၀န်ရှိသူများ ကျန်းမာရေး ၀န်ထမ်းများအတူ လိုက်ပါသွားခဲ့ပါတယ်။

သက်တော် ၉၆ နှစ် ရှိပြီဖြစ်တဲ့ ပုပ်ဘယ်နဒစ်၏ အကိုတော်ဟာ အတော်လေး မကျန်းမမာဖြစ်နေကြောင်း၊ အရှင်သူမြတ်ဟာ Regensberg သာသနာနယ်ရဲ့ ရဟန်းဖြစ်သင်ကျောင်းမှာ သတင်းသုံးမှာဖြစ်ပြီး သာသနာ အနေနဲ့လည်း ညီအကို နှစ်ဉီးရဲ့ တွေ့ဆုံခြင်းကို လေးစားရိုသေသောအားဖြင့် လူစုလူဝေးဖြင့်တွေ့ဆုံခြင်းများမရှိရလေအောင် ကြိုတင်ထုတ်ပြန်ထားခဲ့​တယ်လို့ဆိုပါတယ်။

အကိုတော်ရဲ့ ကျန်းမာရေး အခြေအနေပေါ်မူတည်ပြီးလိုအပ်သလောက် အရှင်သူမြတ်ဟာ ဆက်လက်နေထိုင်သွားမယ်လို့ ဗာတီကန်သတင်းတိုက်ရဲ့ ဒါရိုက်တာ မာတေးယို ဘရူးနီက ပြောကြားခဲ့ပါတယ်။

၃ နှစ်ခြား မွေးဖွားခဲ့ကြတဲ့ Ratzinger ညီအကို နှစ်ဉီးဟာ အမြဲ နီးစပ်ချစ်ခင်မှုရှိပြီး Freising ကက်သီဒြယ်မှာ ၁၉၅၁ ခု ဂျွန်လ ၂၉ ရက်တွင် အတူတူရဟန်းသိက္ခာ ခံယူခဲ့ကြ​ပေမဲ့ ၄င်းတို့ရဲ့ ကျွမ်းကျင်ရာ များတွင် ကွာသွားခဲ့ကြကာ အကိုတော် Georg Ratzinger က မြူးစစ်ကျွမ်းကျင်သူ၊ ပုပ် Joseph Ratzinger က ဓမ္မသဂြိုလ် ဘာသာရပ် ကျွမ်းကျင်သူများဖြစ်ကြောင်း သို့သော် ၄င်းတို့ဟာ အမြဲ နီးစပ်လျှက် ချစ်ခင်လျှက်ရှိကြကြောင်း

"ကျွန်ုပ်၏ဘဝအစမှသည် ကျွန်ုပ်အကိုတော်ဟာ အဖော်အဖြစ်သာမဟုတ်ခဲ့ပါဘူး သူဟာ ကျွန်ုပ်ယုံကြည်အားကိုးနိုင်သူ လမ်းပြပုဂ္ဂိုလ်လည်းဖြစ်ပါတယ်" လို့ အနားယူသွားပြီဖြစ်တဲ့ အရှင်သူမြတ် ၁၆ ဆက်မြောက် ပုပ်ဘယ်န
ဒစ်က အကိုတော်အပေါ်ထားရှိသော ၄င်း၏ ခံယူချက်အားပြောပြခဲ့သည်ဆိုခြင်းကို ဗာတီကန်သတင်းအရ သိရှိရပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/2Yk7vHH

Add new comment

15 + 4 =