ပုပ်ဖရန်စစ် ​ဆေး​ကြောခြင်း​ပေးခဲ့​သော ကိုယ်ခြင်းဆက်အမွှာတို့၏ မိခင်မှ ​ကျေးဇူးတင်

ပုပ်ဖရန်စစ် ​ဆေး​ကြောခြင်း​ပေးခဲ့​သော ကိုယ်ခြင်းဆက်အမွှာတို့၏ မိခင်မှ ​ကျေးဇူးတင်

Hermine Nzottoဟူသည့် မိခင်တစ်ဦးသည် သူမ၏ ကိုယ်ချင်းဆက်အမွှာသမီးများအား ​ဆေး​​ကြောခြင်းမင်္ဂလာ​​ပေးသည့်အတွက် ပုပ်ရဟန်းမင်းကြီးအား ​ကျေးဇူး တင်​ကြောင်း စာတစ်​စောင် ​ရေး သား​ပေးပို့ခဲ့သည်။

ဗဟိုအာဖရိကသမ္မတနိုင်ငံသူဖြစ်​သော သူမသည် မြို့​တော် ဘင်ဂွီမှ မိုက်​ပေါင်း ရာ​ကျော်အကွာရှိ မြို့ငယ်​လေးတစ်မြို့မှဖြစ်သည်။သူမသည် ၂၀၁၈ဇွန်လတွင် ​ကျောရိုးချင်းဆက်​နေ​သော သမီးအမွှာများကို ​မွေးဖွားခဲ့သည်။ထို့​နောက် အမွှာများကို ခွဲစိတ်ရန်အတွက် မြို့​တော်ဘင်ဂွီရှိ ​ဆေးရုံတစ်ရုံသို့ပို့​ဆောင်ခဲ့သည်။ထို​ဆေးရုံမှာ ဗာတီကန်ရှိ သာသနာမှ ပိုင်ဆိုင်​သော Bambino Gesu ​ဆေးရုံမှ ကူညီ​ထောက် ပံ့​ပေး​သော ​ဆေးရုံဖြစ် သည်။ စက်တင်ဘာလတွင် ​ရောမမြို့သို့ ခွဲစိတ်ကုသမှုခံယူရန် ဆက် လက် ပို့​ဆောင်ခဲ့သည်။

ဇွန်လ ၅ရက်​နေ့တွင် ပြုလုပ်ခဲ့​သော တတိယအကြိမ် ၁၈ နာ ရီအကြာ ခွဲစိတ်မှုအပြီးတွင် က​လေးများကို ​အောင်မြင်စွာ ခွဲထုတ်နိုင်ခဲ့ပြီဖြစ်သည်။ ထိုခွဲစိတ်မှုတွင် ​Erina နှင့် Prefina ဟူ​သော က​လေးနှစ်​ယောက်ကို ခွဲစိတ်အထူးကု ၃၀​ကျော်က ကြိုးပမ်းခွဲစိတ်ခဲ့ကြရသည်။

က​လေးများကို ကနဦး​ဆေးကုခဲ့ရာ ​ဆေးရုံမှာ ၂၀၁၅ ခုနှစ် ပုပ်ဖရန် စစ်သိုးထိန်းခရီးစဉ် အတွင်း စစ်ပွဲဒဏ်ကို ခံစားရ​သော သူတို့နိုင်ငံအ တွက် ​ပေးခဲ့​သော အ​ထောက်အပံ့ဖြစ်သည်။ ထို့ပြင် ထိုအချိန်က ပုပ်ရဟန်းမင်းကြီးသည် မြို့​တော် ဘင်ဂွီးတွင် သနားကြင်နာခြင်းနှစ်ကို ဖွင့် လှစ်​ပေးခဲ့​သေးသည်။

သူမ၏စာတွင် "အရှင်မြတ်၏​​ဆေး​ကြောခြင်းမင်္ဂလာ​တော်​ကြောင့် ကျွန်ုပ် ၏သမီး ဖရန်ဆက် နှင့်​မေရီတို့သည် ကံအ​ကောင်းဆုံးက​လေးများဖြစ်ကြပါ​ကြောင်း။ကျွန်ုပ်မသင်ကြားခဲ့ရ​သော ပညာ ရပ်များကိုသင် ကြားရပြီး သမ္မာ ကျမ်းစာကိုလည်း ​လေ့လာနိုင်ကြမည်ဟု ကြည်နူးစွာ ​ရေးသားထား သည်။

အရှင်သူမြတ်ဖွင့်ခဲ့သော သန့်ရှင်းသော တံခါးတော် သည် ကျွန်ုပ် ကဲ့သို့ လိုအပ်နေသူများအတွက် ဆရာ၀န် ဆရာမ များအတွက် ဖွင့်လှစ်ပေးလိုက်သည့် ပေါင်း ကူးတံတားပင်ဖြစ်ကြောင်း

ထို့အပြင် "အရှင်မြတ်၏ ကရုဏာ​တော်သည် အားနည်း​သောသူတို့နှင့်ရှိ​သောဘုရား သခင်ကို သတိမူ​စေ​ကြောင်း၊ဆု​တောင်းခြင်းသည် လူ သားမျိုးနွယ်အားလုံးကို စည်းလုံး​စေပြီး ပြည့်ဝစုံလင်​စေ​ကြောင်း ကလေးများ၏ မိခင်မှ ​ရေးသား​ပေးပို့ခဲ့​သည်။

ဘာသာပြန် - Agnes Lawh Lun

https://bit.ly/30OEvc8

Add new comment

4 + 9 =