ပုပ်ဖရန်စစ် ၊ လာမည့် (၂၀၂၄) ၌ဇာတိမြေအာဂျင်တီးနားသို့ကြွရောက်ရန်စီစဉ်နေ

ပုပ်ဖရန်စစ် ၊ လာမည့် (၂၀၂၄) ၌ဇာတိမြေအာဂျင်တီးနားသို့ကြွရောက်ရန်စီစဉ်နေ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်က သူ၏ဇာတိမြေအာဂျင်တီးနားသို့မကြာမီကြွရောက်ရန်စီစဉ်နေကြောင်းဖြင့်မိန့်ကြားခဲ့သည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်းမင်းကြီးအမှုတော်ကိုစတင်ထမ်းဆောင်သော (၂၀၁၃) မှစ၍ယနေ့ထိတိုင်မိခင်နိုင်ငံသို့ကြွရောက်လည်ပတ်ခြင်းမပြုခဲ့သေးပေ။ မိခင်နိုင်ငံသို့ လာမည့်နှစ် (၂၀၂၄) တွင်ကြွရောက်ရန်စီစဉ်နေသည့်အကြောင်းကို အာဂျင်တီးနားနိုင်ငံ၏သတင်းစာတစ်စောင်ဖြစ်သော 'La Nacion' ဖြေကြားခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ဇာတိမြေသို့အစဉ်ပြန်ကြွသွားလိုသောဆန္ဒရှိသည်။ သို့သော် အာဂျင်တီးနား၏နိုင်ငံရေးနှင့်ဆက်စပ်မှုမရှိပေ။ ဇာတိမြေသို့ကြွရောက်ရန်သူ၏အစီအစဉ်မှာ (၂၀၁၇) ကတည်းကစီစဉ်ထားပြီးဖြစ်သည်။ အကြောင်းအမျိုးမျိုးကြောင့် ယနေ့ထိရွေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ အာဂျင်တီးနားသို့ကြွရောက်ခြင်းသည် (၂၀၂၃၊ အောက်တိုဘာလ) အထွေထွေရွေး ကောက်ပွဲကျင်းပပြီးသောအလွန်ကာလဖြစ်ပါသည်။ သက်တော်စေ့၍အနားယူတော့မည့် Buenos Aires ဂိုဏ်းချုပ်သာသနာ၏ကာဒီနယ် Mario Poli ၏အရိုက်အရာကိုဆက်ခံရန်အတွက်ရွေးချယ်နေသည်မှာအတော်အတန်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါအရိုက်အရာကိုဆက်ခံရန် အလေးထားထည့်သွင်းစဉ်းစားရမည့်သူ (၃) ပါးရှိကြောင်း၊ အဘယ်သူဖြစ်မည်ကိုထုတ်ဖော်မရ။ (၃) ပါးအနက်တစ်ပါးတည်းသာရွေးချယ်ခံရမည်ဖြစ်ကြောင်း၊ ဗာတီကန်ရုံးတော်၏ အလုပ်အမှုဆောင်များအဖွဲ့၊ ကာဒီနယ်များအဖွဲ့တို့၏သဘောထားကိုလည်းထည့်စဉ်းစားရမည်ဖြစ်ကြောင်း၊ တစ်ဦးတည်းဆုံးဖြတ်ရမည့်ဆုံးဖြတ်ချက်မဟုတ်ကြောင်း သတင်းဌာနအားမိန့်ကြားခဲ့သည်။

စိန့်ဂျွန်ပေါလ် (၂) နှင့်စပ်လျင်း၍လည်းကိုးကားကာ စိန့်ဂျွန်ပေါလ် (၂) သည် ပျံလွန်ပြီးနောက်ရဟန္တာဖြစ်လာခဲ့သကဲ့သို့ သက်ရှိထင်ရှားရှိနေစဉ်၌ပင် ရဟန္တာဖြစ်နေခဲ့သည်။ ရဟန်းမင်းကြီးဂျွန်ပေါလ် (၂) ၏ရိုးသားဖြောင့်မတ်ခြင်းသည် မေးခွန်း ထုတ်ရန်ပင်မလိုအပ်ပေ။ (1983) အသက် (၁၅) နှစ်၌ဆုံးပါးသွားခဲ့သော Emmanuela Orlandi နှင့်စပ်လျင်းသောတောင်းဆိုချက်အသစ်မှာလည်းယခုတိုင်တုန့်ပြန်ဖြေကြားခြင်းလည်းမရှိသေးခြင်းနှင့်စပ်လျင်း၍ အချို့ကရဟန်းမင်းကြီးဂျွန်ပေါလ် (၂) သာသနာအားဦးစီးနေချိန်ဖြစ်သွား၍ တာ၀န် လစ်ဟင်းမှုအဖြစ်တွေးထင်ကြသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ယခင်နှစ် (၂၀၂၂၊ ဒီဇင်ဘာ ၃၀) ရက်နေ့၌ပျံလွန်သွားခဲ့သော ရဟန်းမင်းကြီးဘေးနေဒစ် (၁၆) နှင့်စပ်လျင်း၍မေးမြန်းရာတွင် သွားလေသူရဟန်းမင်းကြီးထံမှကောင်းသောအကြံပြုချက်များကိုရရှိခဲ့ကြောင်း၊ သူ၏ဘ၀နေ၀င်ချိန်နီးလာသောကျန်းမာရေးချို့တဲ့ချိန်ရောက်မှမကြာခဏတွေ့ဆုံဖြစ်ကြောင်းလည်းဖြေကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/41Floy7

Add new comment

17 + 0 =