ပုပ်ဖရန်စစ် (၇၄) ကြိမ်မြောက် အီတလီကက်သလစ်ဆရာတော်ကြီးများ၏ အထွေထွေအစည်းအဝေးကိုဖွင့်လှစ်

ပုပ်ဖရန်စစ် (၇၄) ကြိမ်မြောက် အီတလီကက်သလစ်ဆရာတော်ကြီးများ၏ အထွေထွေအစည်းအဝေးကိုဖွင့်လှစ်

 

ပုပ်ဖရန်စစ် (၇၄) ကြိမ်မြောက် အီတလီကက်သလစ်ဆရာတော်ကြီးများ၏ အထွေထွေအစည်းအဝေးကိုဖွင့်လှစ်

အီတလီနိုင်ငံ ကက်သလစ်ဆရာတော်ကြီးများ၏ အထွေ ထွေတွေ့ဆုံစည်းဝေးခြင်းသည် ယခုနှစ်၌ (၇၄) ကြိမ်ပြည့်ပြီဖြစ်သည်။ အီတလီ ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပ်ကို (ချေအီ - CEI) ဟုလည်းအတိုကောက်ခေါ်သည်။ ထိုအထွေထွေအစည်းအ​ေဝေးကို မေလ (၂၄ မှ ၂၇) ရက်နေ့အထိ ရောမမြို့၌ကျင်းပမည်ဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးသည် အစည်းအဝေးသို့တက်ရောက်လာသော ဆရာတော်ကြီးများအား ရင်းနှီးစွာနှုတ်ဆက်ပြီး နောက် အသိပေးလိုသောအချက်သုံးချက်ကို မီးမောင်းထိုးပြခဲ့သည်။ ထိုအချက်သုံးချက်မှာ (၁) ရဟန်းဖြစ်သင်ကျောင်း ကိစ္စ၊ (၂) သာသနာ၏ တရားခုံရုံးနှင့် (၃) ဆီးနောအစီအဝေးကြီးကိစ္စများဖြစ်သည်။ ယခုနှစ်၏ ဆောင်ပုဒ်မှာ ‘ဧဝံဂေ လိတရားကိုမွေးဖွားခြင်းအချိန်၌ ကြေညာလော့ - ဆီးနော့အတူတကွခရီးပြု၍စတင်ပါ’ ဟုဖြစ်သည်။ ဤအစည်းအဝေးအတွင်း၌ ဒုဥက္ကဌနှစ်ပါးကိုရွေးချယ်တင်မြောက်မည်ဖြစ်သည်။ ထိုနှစ်ပါးအနက် တစ်ပါး သည်အီတလီမြောက်ပိုင်းခြမ်းအတွက်နှင့်ကျန်တစ်ပါးမှာ အလယ်ပိုင်းခြမ်းအတွက်ဖြစ်သည်။ အလယ်ပိုင်းတာ၀န်ခံ သည် ငွေကြေးကိစ္စဆိုင်ရာကောင်စီ၏အဖွဲ့၀င်လည်းဖြစ်သကဲ့သို့၊ ဆရာတော်ကြီးများအဖွဲ့ချုပ်၏ကော်မရှင် ဥက္ကဌလည်း ဖြစ်သည်။ အမေးအဖြေကဏ္ဍကိုမစမီ ရဟန်းမင်းကြီးက အစည်းအဝေးကြီး၏ဆောင်ပုဒ်ကို ဦးစွာဆင်ခြင်ခဲ့သည်။ ဆီးနော့ကိုပြုလုပ်ရာ၌ အောက်မှအထက်သို့တက်သည့်နည်းလမ်းကိုအခြေခံရမည်ဖြစ်ကြောင်း၊ ထိုနည်းလမ်းသည် သာ သနာအုပ်စုများ၌ ဘာသာရေးအသင်းအဖွဲ့ငယ်များဖွဲ့စည်းခြင်းမှအစပြုရကြောင်း၊ ထိရောက်အောင်မြင်စေရန်မှာ စိတ် ရှည်လက်ရှည်လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ ဘာသာတူများကိုလွတ်လပ်စွာထုတ်ဖော်ပြောဆိုစေရန်နှင့်ပြောဆိုနိုင်ဘို့အချိန်ပေးရန်လိုကြောင်း၊ သို့မှသာ ဘာသာတူ များ၏ဉာဏ်ပညာကိုကြားသိရမည်ဖြစ်ကြောင်းမိန့်ကြားခဲ့သည်။ ယခုရဟန်းမင်းကြီးမိန့်ကြားနေသော ဆီနော့ဆိုင်ရာ လမ်းညွှန်ချက်များသည် (၂၀၁၅) ဖလောရင့်စ်မြို့ ဆွေးနွေးပွဲ၏အချက်အလက်များဖြစ်သည်။ ပုပ်ရဟန်းမင်းကြီးက ဆက် လက်၍ ရဟန်းလောင်းကျောင်း သားများနှင့်ပတ်သက်ပြီး သင်တန်းကာလအတွင်း မှားယွင်းသောပုံသွင်းပုံ‌လောင်းမှုမဖြစ်စေရန်၊ ထို့အတူ၄င်းတို့ကိုလက်ခံရာ၌လည်း သတိကြီးစွာဖြင့်စီစစ်လက်ခံရန် သတိပေးမိန့်ကြားခဲ့သည်။ အီတလီကက်သလစ်သာသနာတော်အတွက် ဆီးနော့အစည်းအဝေး ကြီး၏ထုတ်ပြန် ကြေညာချက်များနှင့် အညီသာသနာအမှုကိုဖော်ဆောင်ရန်တိုက်တွန်းချက်သည်လည်း ကာဒီနယ် Gualtiero Bassetti ၏အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။ ကာဒီနယ်သည် အီတလီနိုင်ငံ ကက်သလစ်ဆရာ‌တော်ကြီးများအဖွဲ့ချုပ်၏လက်ရှိဥက္ကဌဖြစ်သည်။ ဤအထွေထွေအစည်းအဝေးဖွင့်ပွဲသို့ကြွရောက်သောရဟန်းမင်းကြီးအား အီတလီကက်သလစ်ဆရာ တော်ကြီးကိုအားပေးရန်၊ ဆု တောင်းပေးရန်ပန်ကြားပြီးနောက်၊ ရဟန်းမင်းကြီး၏ကောင်းကြီးကိုခံယူခဲ့ကြသည်။ အီတလီဆရာတော်ကြီးများအဖွဲ့ချုပ် ကဲ့သို့ပင် မြန်မာနိုင်ငံ ကက်သလစ်သာသနာတော်ကြီး၏ အစဉ် အလာ၌လည်း ကက်သလစ်ဆရာတော်ကြီးများအဖွဲ့ချုပျ သညျ တစျနှစျလြှငျ ဇှနျလဆနျးနှငျ့ဇန်နဝါရီလဆနျး၌ အနညျးဆုံးနှစျကွိမျတှေ့ဆုံစညျးဝေးခြင်းကိုပြုလုပ်လေ့ရှိသည်။ သို့သော် (၂၀၂၀) ခုနှစ်မှစ၍ ကိုးဗစ်ကူးစက်ရောဂါကြောင့် ပုံမှန်အစည်းအဝေးကိုလူတွေ့မကျင်းပနိုင်တော့ဘဲ အွန်လိုင်းမှ သာကျင်းပလျှက်ရှိသည်။ ဤသို့တွေ့ဆုံစည်းဝေးခြင်းအကြိမ်ရည်မည်မျှရှိပြီကိုမူမသိရပေ။ မြန်မာနိုင်ငံ ကက်သလစ် ဆရာအဖွဲ့ချုပ်ကို (စီဘီစီအမ် - CBCM) ဟုအတိုကောက်ခေါ်ကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

 https://bit.ly/3uq0Bgy

Add new comment

18 + 0 =