ပုပ်ဖရန်စစ် (၄၃) ကြိမ်မြောက်တမန်တော်ခရီးဖြစ်သည့် မွန်ဂိုးလီးယားသို့ရောက်ရှိ

ပုပ်ဖရန်စစ် (၄၃) ကြိမ်မြောက်တမန်တော်ခရီးဖြစ်သည့် မွန်ဂိုးလီးယားသို့ရောက်ရှိ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် အသက်အရွယ်အရ ရှည်လျားလှသည့်ယခုကြွရောက်သောမွန်ဂိုးလီးယားခရီးစဉ်ကြောင့် အတော်မောနေရှာပေမည်။ မည်သို့ပင်ဆိုစေ နောက်ဆုံး၌ ရဟန်းမင်း ကြီး လွန်စွာကြွရောက်ရန်ဆန္ဒကြီးခဲ့သောမွန်ဂိုးလီးယားသို့ သောကြာနေ့၌ Chinggis Khaan အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်လုံခြုံဘေးကင်း စွာဆိုက်ရောက်ခဲ့ပြီဖြစ်ပါသည်။

မွန်ဂိုးလီးယားနိုင်ငံ၏ရဟန်းမင်းကြီးကိုယ်စားလှယ် မွန်ဆီညှော် Fernando Duarte Barros Reis၊ မွန်ဂိုးလီးယားနိုင်ငံ၏ဗာတီကန်သံအမတ် Davaasuren Gerelmaa တို့မှလေဆိပ်တွင်လှိုက်လှဲနွေးထွေးစွာကြိုဆိုခဲ့သည်။ နိုင်ငံတော်နှင့်ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်များလည်းတွေ့ဆုံကြိုဆိုခဲ့ကြသည်။

ထိုအခမ်းအနား၌ပင် မွန်ဂိုးလီးယားဒေသခံ၀တ်စုံ၀တ်ထားသောအမျိုးသမီးငယ်တစ်ဦးမှလည်းရဟန်းမင်းကြီးအား ‘Yogurt’ (ဒိန်ချဉ်) တစ်ခွက်ကိုကပ်ခဲ့သည်။ ဤသို့ဒိန်ချဉ်ကပ်ခြင်းသည် မွန်ဂိုးလီးယားနိုင်ငံသားတို့၏ဘ၀၊ ယဉ်ကျေးမှုနှင့်နေ့စဉ်စားသုံးသောအစားအစာကိုဖော်ပြခြင်းဖြစ်သည်။

သောကြာနေ့၌ တစ်နေ့လုံးရဟန်းမင်းကြီးသည် မည်သည့်အစီအစဉ်မျှလက်ခံထားခြင်းမရှိဘဲ ရှည်လျားသောလေကြောင်းခရီးကြောင့် အနားယူဖြစ်သည်။ စနေနေ့မနက်မှသာလျှင် သူ၏တမန်တော်ခရီးအတွင်းလုပ်ဆောင်စရာ များကိုစတင်မည်ဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အစိုးရခေါင်းဆောင်များနှင့်တွေ့ဆုံမည်။ ကက်သလစ်သာသနာ၏ ခေါင်းဆောင်များနှင့်လည်းဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။ ခရစ်ယာန်များ၊ ခရစ်ယာန်မဟုတ်သောဘာသာ ရေးအဖွဲ့အစည်းများ၊ လူမှုရေးလုပ်ငန်းလုပ်ဆောင်နေသောအဖွဲ့များနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ ထို့ နောက် အားကစားကွင်းတစ်ခု၌ သူ၏ (၄၃) ကြိမ်မြောက်ပြည်ပတမန်တော်ခရီးဖြစ်သော မွန်ဂိုးလီးယားနိုင် ငံသို့ကြွရောက်စဉ်ပူဇော်သော မစ္ဆားတရားကိုပူဇော်မည်ဖြစ်သည်။

မွန်ဂိုးလီးယားနိုင်ငံအတွင်းရဟန်းမင်း ကြီး၏အစီအစဉ်များ

ရဟန်မင်းကြီးသည် ပြီးခဲ့သောဇွန်လက မွန်ဂိုးလီးယားသမ္မတ၏ဖိတ်ကြားချက်ကိုလက်ခံခဲ့သည်။ ရဟန်းမင်းကြီးလိုက်ပါသောလေယာဉ်သည် ကြာသပတေးနေ့က ‘ဖူမီချီးနို’ ရောမလေဆိပ်မှထွက်ခွာသွားပြီး မွန်ဂိုးလီးယားဒေသစံတော်ချိန်နံနက် (၁၀) နာရီတွင် Chinggis Khaan အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ချောမောစွာရောက်ရှိသွားခဲ့သည်။

ရဟန်းမင်းကြီးသည် မွန်းဂိုးလီးယား၌ (ဩဂုတ်လ ၃၁ မှ စက်တင်ဘလ ၄) ရက်နေ့အထိသီတင်းသုံးမည်ဖြစ်သော်လည်း မြို့တော်၌သာရှိနေမည်ဖြစ်သည်။

ရဟန်းမင်းကြီးသည် နက်ဖန် (စက်တင်ဘာ ၂) စနေနေ့၌မွန်ဂိုးလီးယားနိုင်ငံ၏ (၆) ဦးမြောက်နိုင်ငံတော်သမ္မတ Khürelsükh Ukhnaa အားသွားရောက်လည်ပတ်နှုတ်ဆက်မည်။

ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ နိုင်ငံ တော်အဆင့်မိန့်ခွန်းကို အစိုးရအဖွဲ့၀င်များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သံတမန်များနှင့် Ikh မွန်ဂိုခန်းမ၌တွေ့ဆုံစဉ်မိန့် ကြားမည်ဖြစ်သည်။ ထို့နောက် ၀န်ကြီးချုပ် Luvsannamsrain Oyun-Erdene နှင့်လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံမည်။ ၄င်းနောက် ကက်သလစ်ဆရာတော်များ၊ ဘုန်းတော်ကြီးများ၊ သာသနာအမှု ထမ်းများ၊ သူတော်စင်များ၊ သာသနာအမှုကိုကူညီ ထမ်းနေကြသူများနှင့်စိန့်ပီတာနှင့်စိန့်ပေါလ်ကယ်သီဒရယ်၌ ထိုနေ့မွန်းလွဲပိုင်းတွင်တွေ့ဆုံမည်။

ရဟန်းမင်း ကြီသည် စက်တင်ဘာ (၃) ရက်နေ့ (တနင်္ဂနွေနေ့) ၌ ခရစ်ယာန်နှင့်အခြားသောဘာသာ၀င်များ၏တွေ့ဆုံနှီးနှော ဖလှယ်ပွဲသို့လည်းတက်ရောက်မည်ဖြစ်ပြီး တနင်္ဂနွေနေ့၌ ‘Steppe Arena’ အားကစားရုံ၌မစ္ဆားတရားပူဇော်မည်ဖြစ်သည်။

စက်တင်ဘာ (၄) ရက်နေ့ ‘the House of Mercy’ အမည် ပေးထားသည့်အဆောင်အားကောင်းချီးပေးဖွင့်လှစ်မည်။ ထိုနေ့၌ပင် အလုပ်သမားများ၊ လုပ်အား ပေး၀န်ထမ်းများနှင့်တွေ့ဆုံပြီးနောက် အားလုံးကိုနှုတ်ဆက်ကာ ‘Chinggis Khan’ လေဆိပ်မှအီတလီနိုင်ငံ၊ ရောမ သို့လေယာဉ်ဖြင့်ပျံကြွမည်ဖြစ်ပါသည်။

မွန်ဂိုးလီးယားနိုင်ငံအကြောင်း

မွန်ဂိုးလီးယားနိုင်ငံသည် အာရှအရှေ့ပိုင်းဒေသမှနိုင်ငံတစ်ခုဖြစ်သည်။ တရုတ်၊ ရုရှားနှင့်နယ်နိမိတ်ခြင်းထိစပ်လျှက်ရှိသည်။ ရဟန်းမင်းကြီးဖရန်စစ်မတိုင်မီက မည်သည့်ရဟန်းမင်းကြီးမျှမကြွရောက်ဖူးသေးပေ။ မွန်ဂိုးလီးယားသည် လူနေထူထပ်မှုအနည်းဆုံးနိုင်ငံတစ်ခုဖြစ်သည်။ လူဦးရေ (၃.၃) သန်းသာရှိသည်။

မွန်ဂိုးလီးယားနိုင်ငံသည် (၁၉၂၁) ခုနှစ်က တရုတ်နိုင်ငံ၌ Qing မင်းဆက်ကျဆုံးခြင်းနှင့်အတူတရုတ်၏လက်အောက်မှလွတ် လပ်ရေးရခဲ့သည် သို့သော်နောက်ပိုင်း၌ ဆိုဗီယက်ရုရှား၏လွှမ်းမိုးမှုခံသည့်နိုင်ငံအဖြစ်လည်းရှိနေခဲ့သေးသည်။

ထိုအခြေအနေမှသည် လက်ရှိအုပ်ချုပ်နေသော မွန်ဂိုးလီးယားဆိုရှယ်လစ်ဒီမိုကရက်တစ်ပါတီကနိုင်ငံတော်၏နိုင်ငံရေးအခင်အကျင်းကိုပြုပြင်‌ပြောင်းလဲခဲ့သည်။

(၁၉၉၁) ခုနှစ် ဆိုဗီယက်ရုရှားကြီးပြိုလဲသွားခြင်းနှင့်အတူနိုင်ငံတော်ဖွဲ့စည်းပုံဥပဒေကိုပြန်လည်ရေးဆွဲခဲ့သည်။ ဘာသာရေးလွတ်လပ်ခွင့်သည် (၁၉၉၀) ၌တင်းကြပ်မှုများရှိခဲ့သော်လည်း နိုင်ငံတော် ၏အခြေခံဥပဒေပြန်လည်ရေးဆွဲပြီးသည့်နောက်ပိုင်း၌ ဘာသာရေးလွတ်လပ်မှုများပြန်လည်ရရှိလခဲ့သည်။

နိုင်ငံအတွင်း၌အများဆုံးသက်၀င်ယုံကြည်သောဘာသာမှာ ဗုဒ္ဓ ဘာသာဖြစ်သည်။

ကက်သလစ်သာသနာပြုများသည် (၁၉၉၂) ၌တစ်ကျော့ပြန်လာ၍သာသနာပြုကြသည်။ အီတလီလူမျိုး မွန်ဂိုးလီးယားကက်သလစ်သာသနာ၏ကာဒီနယ် Giorgio Marengo သည် ကက်သလစ်ဘာသာတူ (၁၅၀၀) ဦးအားဦးဆောင်နေသည်။

ယခုတမန်တော်ခရီးစဉ်၏ဦးတည်ချက်မှာ ‘Hoping Together’ (အတူတကွမျှော်လင့်ခြင်း) ဟုဆိုသည့်အတိုင်းပင် ဗာတီကန်နှင့်မွန်ဂိုးလီးယားတို့ပိုမိုနီးကပ်စွာလက်တွဲလုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်ကြီး၏ ဘက်စုံသာယာ၀ပြောရေးကိုမျှော်လင့်ရန်ဖြစ်ပါသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TFqr

Add new comment

9 + 5 =