ပုပ်ဖရန်စစ် အူမကြီးခွဲစိပ်ကုသခံယူခြင်းအောင်မြင်

ပုပ်ဖရန်စစ် အူမကြီးခွဲစိပ်ကုသခံယူခြင်းအောင်မြင်

ပုပ်ဖရန်စစ် အူမကြီးခွဲစိပ်ကုသခံယူခြင်းအောင်မြင်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဇူလိုင်လ (၄) ရက်နေ့ မွန်းလွဲပိုင်းကရဟန်းမင်းကြီများ၏ကျန်းမာရေးကိုစောင့်ရှောက် ပေးလာခဲ့သော ရောမြို့ရှိ Gemelli ဆေးရုံ၌ခွဲစိတ်မူခံယူရန်တက်ရောက်ခဲ့သည်။

ယမန်နေ့ တနင်္ဂနွေနေ့မွန်းတည့် အန်ဂျေလူးဆုတောင်းမေတ္တာကိုလည်း စိန့်ပီတာရင်ပြင် ၌ရောက်ရှိနေသော ဘုရားဖူးများနှင့်အတူရွတ်ဆိုပူဇော်ခဲ့သည်။ ထို့နောက်မှဆေးရုံသို့သွားရောက်ခဲ့သည်။

ဗာတီကန်၏သတင်းထုတ်ပြန်ချက်အရ ရဟန်းမင်းကြီး ခွဲစိတ်ကုသမှုခံယူမည့်အကြောင်းကို Matteo Bruni, ကအတည်ပြုပြောကြားခဲ့ပါသည်။ ရဟန်းမင်းကြီးဖရန်စစ်ခွဲစိတ်မှုခံယူမည့်အပိုင်းမှာ အူမကြီးနှင့်ဆိုင်သည်။ အစီအစဉ် အတိုင်းပင် ညနေပိုင်း ၌ခွဲစိတ်မှုကိုခံယူခဲ့ပါသည်။ ရဟန်းမင်းကြီး၏ ခွဲစိတ်မှုသည်ပြီးဆုံးသွားပြီး၊ သက်တောင့်သက်သာ မြင်တွေ့ရကြောင်း၊ ရဟန်းမင်းကြီးဖရန်စစ်အားခွဲစိတ်မှုကိုတာ၀န်ယူ ခွဲစိတ်ခဲ့သောဆရာ၀န်များမှာ Sergio Alfieri နှင့်လက်ထောက် Luigi Sofo၊ Dr. Antonio Tortorelli နှင့် Dr. Roberta Megnhi၊ Massimo Antonelli၊ Massimo Antonelli ၊ Liliana Sollazzi ၊ Dr. Roberto De Cicco ၊ Roberto Bernabei တို့ဖြစ်ကြောင်း ဗာတီကန်၏တာ၀န်ရှိသူကပြောကြားခဲ့သည်။

ခွဲစိတ်မှုအပြီးရဟန်း မင်းကြီးဖရန်စစ် ၏ အခြေအနေသည် ကောင်းမွန်လျှက်ရှိကြောင်းသတင်းထုတ်ပြန်ထားပါသည်။ ဘုရားသခင်အားကျေးဇူးတင်ကြစို့။

 

ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the Catholic Sun

 

https://bit.ly/3ym5wS1

https://bit.ly/2SL85hq

Add new comment

5 + 4 =