ပုပ်ဖရန်စစ် အီရတ်သို့တမန်တော်ခရီးကြွရောက်ခြင်းကြောင့် ခရစ်ယာန်များ၏ အကြောက် တရားတံတိုင်းကို ဖြိုချနိုင်ခဲ့ဟု ကာဒီနယ် Sako ပြောကြား

ပုပ်ဖရန်စစ် အီရတ်သို့တမန်တော်ခရီးကြွရောက်ခြင်းကြောင့် ခရစ်ယာန်များ၏ အကြောက် တရားတံတိုင်းကို ဖြိုချနိုင်ခဲ့ဟု ကာဒီနယ် Sako ပြောကြား

ပုပ်ဖရန်စစ် အီရတ်သို့တမန်တော်ခရီးကြွရောက်ခြင်းကြောင့် ခရစ်ယာန်များ၏ အကြောက် တရားတံတိုင်းကို ဖြိုချနိုင်ခဲ့ဟု ကာဒီနယ် Sako ပြောကြား

မကြာမီက ပုပ်ရဟန်းမင်း ကြီးဖရန်စစ် အရှင်သူမြတ် အီရတ်နိုင်ငံသို့ တမန်တော်ခရီးကြွချီခဲ့သည်ကိုမှတ်မိကြပေမည်။ ထိုခရီးစဉ်နှင့်စပ်လျင်း၍ ကာဒီနယ် Mar Louis Raphael Sako က အောက်ပါအတိုင်းမှတ်ချက်ပြုထားပါသည်။ ယခုတစ်ပတ်၌ အရှေ့အလယ် ပိုင်းရှိခရစ်

ယာန်ကောင်စီများ (MECC) အွန်လိုင်းမှအစည်းအဝေးကျင်းပခဲ့သည်။ ထိုအစည်းအ​ေဝေးသို့တက်ရောက်ခဲ့သူများ မှာ ကောင်စီ၏ အ ထွေထွေအတွင်းရေးမှူး Dr. Michel Abs၊ လက်ထောက်အတွင်းရေးမှူး Father Dr. Nicolas Bustros နှင့်အ ဖွဲ့အစည်းအသီးသီး၏တာ၀န်ခံများလည်းတက်ရောက်ခဲ့သည်။

အစည်းအ​ေဝေး၏ ဦး တည်ချက်မှာ ရဟန်းမင်းကြီးဖရန် စစ် သမိုင်း၀င်ကြွရောက်ခြင်းနှင့်အရှေ့အလယ်ပိုင်းရှိခရစ် ယာန် များအပေါ် အကျိုးသက်ရောက်မူ၊ ဘာသာမတူသူများအချင်းချင်းတွေ့ဆုံဆွေးနွေး၍ရင်းနှီးမူရရှိရေး၊ အီရတ်နိုင်ငံ၏ကဏ္ဍနှင့် ငြိမ်း ချမ်းရေးပျံ့နှံ့စေရန်နှင့်နိုင်ငံ သားအခွင့်အရေးတို့ဖြစ်သည်ဟု MECC ၏အင်တာနက်စာမျက်နှာတွင်ဖော်ပြထား သည်။

ရဟန်းမင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းကြောင့်ခံစားရသောအကျိုးကျေးဇူးများ

ဤအဖွဲ့၏ဥက္ကဌလည်းဖြစ်ပြီး၊ MECC အဖွဲ့၌ ကက်သ လစ်သာသနာကိုကိုယ်စားပြုပါ၀င်နေသော ကာဒီနယ် Sako က ရ ဟန်းမင်းကြီးဖရန်စစ်၏ သမိုင်း၀င်တမန်တော်ခရီးကြောင့် ရရှိလာသောအကျိုးကျေးဇူးများကိုမီးမောင်းထိုးပြခဲ့သည်။ ရဟန်းမင်း ကြီးဖရန်စစ်၏ တမန်တော်ခရီးကြွရောက်ခြင်းကြောင့် အရှေ့အလယ်ပိုင်းရှိခရစ်ယာန်များကြားရှိ အကြောက်တရားတံတိုင်းကြီး ကိုဖြိုချနိုင်ခဲ့ကြောင်း၊ ၄င်းတို့၏သတ္တိများပြန်လည်ရှင်သန်လာကြောင်း၊ အီရတ်နိုင်ငံသားများအားလုံးသည် ရဟန်းမင်းကြီးဖရန် စစ်အားဆုံဆည်းရန်စောင့်နေခဲ့ကြကြောင်း၊ သို့သော်အကြိမ်ကြိမ်အခါခါပျက်ပြယ်ခဲ့ရကြောင်း၊ အထူးသဖြင့် အစွန်းရောက်မွတ်စ လင်တို့၏ ဘုရားကျောင်းလေးကျောင်းအားဗုံးခွဲတိုက်ခိုက်ခံခဲ့ရသော မိုဆူးလ်မြို့၏ Hosh Al-Baya ရှိခရစ်ယာန်များသည် ရဟန်း မင်းကြီးအားအလွန်တွေ့ဆုံချင်ခဲ့ကြသည်။ ထိုဗုံးခွဲတိုက် ခိုက်ခံခဲ့ရသော ဘုရားကျောင်း (၄) ကျောင်းမှာ Syriac, Chaldean, Syriac Catholic and Armenian Orthodox အသီးသီးဖြစ်ကြသည်။

အီရတ်၌ဖော်ဆောင်မည့် MECC စီမံကိန်းအသစ်

ဆက်လက်၍ အစည်းအဝေး ၌ပါ၀င်ကြသောသူများက ခရစ်ယာန်များအချင်းချင်း လက်တွဲလုပ်ဆောင်ကြရန်၊ လူငယ် များ၏ကဏ္ဍ၊ ဘာသာရေးအဓိကရုန်း၊ အစွန်းရောက်တို့၏တိုက်ခိုက်မူနှင့်အကြမ်း ဖက်မူများကြောင့် သက်၀င်ယုံကြည်မူမတူသော ဘာသာအချင်းချင်း ယုံကြည်မူပျက် ပြားခဲ့ရသည့်အခြေအနေမျိုး၌ သက်၀င်ယုံကြည်မူမတူသူများအချင်းချင်း တွေ့ဆုံဆွေးနွေးရင်း နှီးမူကို ပြန်လည်တည် ဆောက်ရန်တို့ဖြစ်သည်။

Dr. Abs အနေဖြင့် ရဟန်း မင်းကြီးဖရန်စစ်၏ကြွရောက်ခြင်းနှင့်အဆိုပါခရီးစဉ်၏ ဦးတည်ချက်နှင့်စပ်လျင်း၍ MECC  အနေဖြင့် အီရတ်နိုင်ငံသားနှင့်ခရစ်ယာန်အဖွဲ့အစည်းများအတွက် အ ထောက်အပံ့ဖြစ်စေမည့် စီမံ ကိန်းအသစ်များကိုလုပ် ဆောင် ရန်၊ သို့မှသာ ဒေသကွဲပြားနေမူ၊ သက်၀င်ယုံ ကြည်မူကွဲပြားနေမူနှင့်ကွဲပြားနေသောယဉ်ကျေးမူများကိုပြန်လည်စုစည်းနိုင်မည်ဖြစ် ကြောင်းတင်ပြသွားသည်။

Mecc ၏ခရစ်ယာန်အသင်း အဖွဲ့ကိုယ်စားပြုအဖွဲ့၀င်များ ၏ဆွေးနွေးချက်

MECC ကို (၁၉၇၄) ခုနှစ်က Nicosia ၊ Cyprus ၌ဖွဲ့စည်းခဲ့ပြီး၊ လက်ဘနွန်နိုင်ငံ၊ Beirut မြို့၌ရုံးစိုက်ခဲ့သည်။ ဤ အဖွဲ့သည် ကမ္ဘာ့အသင်းတော်များကောင်စီ၏အဖွဲ့၀င် (WCC ) လည်ဖြစ်သည်။ အဖွဲ့၏ရပ်တည်ချက်မှာ အ သင်းတော် များအချင်းချင်း ရင်းနှီးစွာဖြင့်အားပေးအားမြောက်ပြုရန်၊ အချင်းချင်းပိုမိုနားလည်မူကိုမြင့်တင်လုပ် ဆောင်ရန်၊ ခရစ် ယာန်များနှင့်ခရစ်ယာန်မဟုတ်သော ဘာ သာရေးအဖွဲ့အစည်းများအားလေးစားရန်၊ အချင်းချင်းအ စေခံတတ်သောစိတ် ဓာတ်ကိုမြင့်တင်ရန်၊ အရှေ့အလယ်ပိုင်းရှိ ခရစ်ယာန်အသင်းတော်များနှင့်ကမ္ဘာ‌ပေါ်ရှိ မိမိတို့၏ ခရစ်ယာန်ညီအစ်ကို မောင်နှမများနှင့်ချိပ်ဆက်မူရှိရန်တို့ဖြစ်သည်။

MECC သည် ‘မိသားစုအ သင်းတော်များ’ ပုံစံကိုလည်း လက်ကိုင်ထားသည်။ ၄င်းတို့အထဲ၌ Eastern Orthodox ၊ Oriental Orthodox နှင့် Protestants တို့သည်စုပေါင်းထားသောအသင်းတော်ဖြစ်သည်။ လာတင်း၀ိနည်းကိုကျင့်သုံး သော ကက်သလစ်သာ သနာတော်မှာ (၁၉၉၀) မှသာ ဤအဖွဲ့သို့၀င်ရောက်ခဲ့သည်။ ဤသို့အဖွဲ့၀င်ထားသော်လည်း အ သင်းတော်တိုင်းသည် မိမိတို့၏အသင်းတော်၌ လွတ် လပ်စွာဆုံးဖြတ်၍လုပ်ပိုင်ခွင့်လည်းရှိကြသည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of: AFP or licensors

https://bit.ly/3aingEB

Add new comment

6 + 11 =