ပုပ်ဖရန်စစ် အအေးမိတုတ်ကွေးခံစားနေရ

ပုပ်ဖရန်စစ် အအေးမိတုတ်ကွေးခံစားနေရ

ပုပ်ရဟန်းမင်းကြီးသည် ဗာတီကန်၀င်း၌သူရှိနေလျှင် တနင်္ဂနွေနေ့မွန်းတည့်ချိန်တိုင်း၌ ကျမ်းစာ ထောက်ရူချက်နှင့်အသိပေး‌ဝေမျှစရာ၊ သတိပေးစရာများကို စိန့်ပီတာရင်ပြင်၌စုရုံးရောက်ရှိနေသောဘုရား ဖူးဘာသာတူများအားဝေမျှပေးလေ့ရှိသည်။

တနင်္ဂနွေနေ့၌လည်း ရဟန်း မင်းကြီးသည် ခါတိုင်းတနင်္ဂနွေနေ့ကဲ့သို့ ကျမ်းစာထောက်ရှုချက်ကိုပေးခဲ့သည်မှန်သော်လည်း ပေးနေကျရဟန်းမင်းကြီး၏ကျောင်းတိုက်ကြီးမှမဟုတ်ဘဲ သူသီတင်းသုံးသော စိန့်မာတားကျောင်းတိုက်၏ပြူတင်းပေါက်မှပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူသည်ရာသီတုတ်ကွေးအနည်းငယ်ခံစားနေရသည့်အတွက်ဖြစ်သည်။

စိန့်မာတားကျောင်းတိုက်သည် ရဟန်းမင်းကြီးသီတင်း သုံးနေထိုင်သောကျောင်းတိုက်ဖြစ်သည်။ ရဟန်းမင်းကြီး၏ရုံးခန်းမှာ ရဟန်းမင်းကြီး၏စံအိမ်၌ရှိသည်။ ရဟန်းမင်းကြီး၏ကျမ်းစာထောက်ရူချက်ကို ရဟန်းမင်းကြီးအားဗာတီကန်တွီဗီလိုင်းမှခါတိုင်းကဲ့သို့ပင်ထုတ်လွှင့်ခဲ့ သည်။

ရောမသည် (၄၈) ဒီဂရီအထိအေးမည်ဟုခန့်မှန်းထားသည်။ ပြီးခဲ့သော နို၀င်ဘာ (၂၅) ရက်နေ့က ရဟန်းမင်းကြီးဖရန်စစ်သည် ကျန်းမာရေးအခြေ အနေ ကြောင့် လက်ခံထားခဲ့သောအစီအစဉ်တချို့ကိုရွေ့ဆိုင်းလိုက်ကြောင်း တရား၀င်ကြေညာခဲ့သည်။ ထိုကြေ ညာချက်အပြီး ခါတိုင်းဆေးစစ်ဆေးမှုကိုခံယူလေ့ရှိသော Gemelli (အမွှာ) ဆေးရုံ၌ဆေးစစ်မှုကိုသွား ရောက်ခံယူခဲ့သည်။ ဆေးစစ်ချက်၏အဖြေမှာကောင်းသောကြောင့် ရဟန်းမင်းကြီးသည် ကျောင်းတိုက်သို့ပြ ကြွလာခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် များမကြာမီရက်ပိုင်းအတွင်း (၈၇) နှစ်ပြည့်တော့မည်ဖြစ် သည်။ ရဟန်းမင်းကြီးသည် ပြီးခဲ့သောနှစ်များကကျန်းမာရေးမကောင်းခဲ့သည်များရှိခဲ့သည်။ သူသည် ဒူဘိုင်း ၌ကျင်းပခဲ့သော ကမ္ဘာကြီးပူနွေးလာမှုနှင့်သဘာ၀ ပတ်၀န်းကျင်ဆိုင်ရာအစည်းအ‌ဝေးကြီးဖြစ်သော COP28 ကိုမဖြစ်မနေတက်ရောက်ခဲ့သည်။ ထိုခရီးစဉ်သည် ရဟန်းမင်းကြီး၏ အီတလီနိုင်ငံ၏ပြင်ပသို့ကြွရောက်သော (၄၅) ကြိမ်မြောက်တမန်တော်ခရီးလည်းဖြစ်ခဲ့သည်။ လက်ရှိကျန်းမာရေးအခြေအနေကြောင့် အနားယူရဖွယ်ရှိ၍ သူလက်ခံထားသောအစီအစဉ်များရွေ့ပြောင်းရကောင်းရွေ့ပြောင်ရနိုင်သည်။ သို့သော်တရား၀င်ထုတ်ပြန်ချက်ထွက်ပေါ်မလာသေးပေ။

ရဟန်းမင်းကြီးဖရန်စစ်သည် အဆုပ်တစ်ခြမ်းသာရှိသကဲ့သို့ ယခုနှစ်လယ်ပိုင်းလောက်၌ အဆုပ်လမ်းကြောင်း ထဲပိုး၀င်သွား၍ အသက်ရူလမ်းကြောင်းအခက်အခဲရှိခဲ့သည်။ ဆေး၀ါးကုသမှုခံယူရန်ဆေးရုံတက်ရောက်ခဲ့ရပြီး ဧပြီ (၁) ရက်နေ့၌ ဆေးရုံမှဆင်းလာခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် အသက် (၂၁) နှစ်၌ အဆုပ်တစ်ခြမ်းကိုခွဲထုတ်ခဲ့ရသူဖြစ်သည်။

ဘာသာပြန် ဖာသာရ် ကလေးမင်းအိန်ဂျယ်

https://bitly.ws/33xeY

Add new comment

13 + 2 =