ပုပ်ဖရန်စစ် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ‘ဘာရိန်း’ သို့တမန်တော်ခရီးကြွရောက်မည်။

ပုပ်ဖရန်စစ် အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ‘ဘာရိန်း’ သို့တမန်တော်ခရီးကြွရောက်မည်။

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် နို၀င်ဘာလ (၃ မှ ၆) ရက်နေ့အထိ အရှေ့အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော ‘ဘာရိန်း’ သို့တမန်တော်ခရီးကြွ ရောက်မည်ဖြစ်ကာ နှစ်အနည်းငယ်အတွင်းဒုတိယအကြိမ်ကြွရောက်ခြင်းလည်းဖြစ်သည်။

ဤခရီးစဉ်သည် ရဟန်းမင်းကြီး၏ (၃၉) ကြိမ် မြောက်ပြည်ပတမန်တော်ခရီးဖြစ်ပြီး၊ နိုင်ငံပေါင်း (၅၈) နိုင်ငံသို့ကြွရောက်ခြင်းဖြစ်သည်။ ရဟန်းမင်း ကြီး၏ယခုခရီးစဉ်နှင့်စပ်လျင်း၍ ဗာတီကန် သတင်းပြန်ကြားရေးကအောက်ပါအတိုင်ပြောကြားခဲ့သည်။

ယခုကြွရောက်ခြင်းသည် သက်၀င်ယုံကြည်မှုမတူသောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးမည့်ခြေလှမ်းဖြစ်ကြောင်း၊ ယခုတစ်ကြိမ်၏ အဓိကအချက်နှစ်ချက်မှာ အဆိုပါဒေသ၌နေထိုင်နေကြသောကက်သလစ်ဘာသာ၀င်များအား ‘တွေ့ဆုံခြင်း’ နှင့် ‘အားပေးတိုက်တွန်းခြင်း’ ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည် ဘာရိန်း၌ပထမဦးဆုံးအကြိမ်ကျင်းပသော ‘အရှေ့အနောက်လူမှုအသိုင်းအဝိုင်းအတူတကွယှဉ်တွဲနေထိုင်ရေး’ ဆွေးနွေးပွဲ၏ပိတ်ပွဲအခမ်းအနားသို့လည်းတက်ရောက်မည်ဖြစ်ကြောင်း၊ ထိုအစည်းအ ဝေး၌ ‘ညီအစ်ကိုမောင်နှမစိတ်’ ကိုတိုးမြင့်လုပ်ဆောင်ကြ မည့် သက်၀င်ယုံကြည်မှုမတူသောဘာသာရေးခေါင်းဆောင် (၂၀၀) ခန့်ကိုတွေ့ဆုံမည်ဖြစ်သည်ဟုဆိုသည်။

ပုပ်ရဟန်းမင်းကြီးသည် (၂၀၁၉) က လူသားထု အားစောင့်ရှောက်ခြင်းနှင့်စပ်လျင်း၍ အာဘူဒါဘီ၌သမိုင်းတွင်စေမည့်စာတမ်းတစ်ခုကိုလက်မှတ်ထိုးခဲ့သည်။ ထိုစာတမ်းအရ သက်၀င်ယုံကြည်မှု မတူသူများတွေ့ဆုံဆွေးနွေးပြီး အချင်းချင်းလေးစားကာအတူယှဉ်တွဲနေထိုင်ရေးကိုရှေ့ရှုရန်ဖြစ်သည်။

အလွန်အရေးကြီးသော ခြေလှမ်းဖြစ် ကြောင်း၊ ဥရောပနှင့်အခြားကမ္ဘာ့နိုင်ငံများ၌စစ်မတ်ဖြစ်ပွားနေမှုများသည် ဘာသာရေးခေါင်းဆောင်များအတွက် အတူတကွစုစည်းလုပ်ဆောင် ရမည့် တွန်းအားတစ်ခုထပ်မံဖြစ်လာဦးမည်ဖြစ် ကြောင်း၊ ဤအတူတကွတွေ့ဆုံဆွေးနွေးခြင်း၏ဦးတည်ချက်ကား ကမ္ဘာ့ငြိမ်းချမ်းရေးကိုအတူတကွပူးပေါင်းရှာဖွေတည်ဆောက်ခြင်းဖြစ်ကြောင်း၊ ယခုတမန်တော်ခရီးစဉ်သည် အထက်ကဆိုခဲ့သောအစည်းအ ဝေးသို့ကြွရောက်ပါရန် ဘာရိန်း ဘုရင် Hamad bin Isa Al Khalifa ၏ဖိတ်ကြားခြင်းကိုလက်ခံကြွရောက်ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ကြွရောက်ခြင်းဖြင့်လည်း ဘာရိန်းရှိကက် သလစ်ဘာသာတူများကိုအားပေးရန်လည်းဖြစ်ကြောင်းဆိုသည်။

ရဟန်းမင်းကြီးသည် ကမ္ဘာ့သိုးထိန်းလည်းဖြစ်၍ ဘာရိန်းနိုင်ငံရှိကက်သလစ်ဘာသာတူ များနှင့်တွေ့ဆုံအားပေးမည်ဖြစ်ကြောင်း၊ ထိုကက်သလစ်အစုအဖွဲ့သည် ဌာနေဖွားမဟုတ်ကြကြောင်း၊ ဘာရိန်းနိုင်ငံ၌ ကက်သလစ်ဘာသာတူ (၈၀၀၀၀) ရှိသည့်အနက် (၁၀၀၀) သာနိုင်ငံသားကဒ်ကိုင်ဆောင်ထားကြောင်း၊ ပင်လယ်ကွေ့ဒေသများမှခရစ်ယာန်အနည်းစုဖြစ်ကြောင်းကိုပြသ ကြောင်း၊ နိုင်ငံ၌မှီသင်းနေထိုင်ကြသော ကက်သလစ်အများစုမှ အိန္ဒိယ၊ ဖိလစ်ပိုင်၊ သီရိလင်္ကာနိုင်ငံများမှအများစုဖြစ်ပြီး၊ တူရကီ၊ ဆီးရီးယား၊ လက်ဘနွန်၊ အီဂျစ်နှင့်ဂျော်ဒန်တို့မှလည်း ရေကြည်ရာမျက်နုရာလာရောက်အလုပ်လုပ်ကိုင်နေကြသူများဖြစ်ကြကြောင်း၊ ရဟန်းမင်းကြီးသည် တမန်တော်ခရီးရောက်ရှိနေစဉ်အတွင်း လူထုနှင့် (၇) ကြိမ်တွေ့ဆုံမည်ဖြစ်ရာ (၄) ရက်မြောက်နေ့၌ ဒေသခံကက်သလစ်ဘာသာတူများနှင့်တွေ့ ဆုံဖြစ်ပြီး ထိုသို့တွေ့ဆုံရာတွင် လူငယ်၊ ကက်သလစ်သာသနာ၏ဘာသာရေးခေါင်းဆောင်များနှင့်ဘာရိန်း၏ အိမ်နီးချင်းကက်သလစ်ဘာသာတူ များနှင့်တွေ့ဆုံမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

ရဟန်းမင်းကြီးသည် မကြာမီဘာရိန်းနိုင်ငံသို့ကြွရောက်တော့မည်ဖြစ်၍ ဘာရိန်းနိုင်ငံမှကက် သလစ်ဘာသာ၀င်များနှင့်ဒေသမှခရစ်ယာန်မဟုတ်သောဘာသာရေးပုဂ္ဂိုလ်များလည်း ရဟန်းမင်းကြီး အဘယ်သို့သောငြိမ်းချမ်းရေးကိုမျှော်လင့် ချက်ပေးနိုင်သည့်အားပေးစကားများ၊ တိုက်တွန်းချက်များကိုမိန့်ကြားအလင်းပြသွားမည်နည်းဟုစိတ်လှုပ်ရှားစွာစောင့်စားနေကြသည်ဟုဆိုသည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3sL4IFF

Add new comment

2 + 16 =