ပုပ်ဖရန်စစ် သောကြာနေ့မှာ အာစီစီ သွားပြီးဆင်းရဲသား ၅၀၀ နှင့်တွေ့မည်

ပုပ်ဖရန်စစ် သောကြာနေ့မှာ အာစီစီ သွားပြီးဆင်းရဲသား ၅၀၀ နှင့်တွေ့မည်

ပုပ်ဖရန်စစ် သောကြာနေ့မှာ အာစီစီ သွားပြီးဆင်းရဲသား ၅၀၀ နှင့်တွေ့မည်

ပုပ်ရဟန်းမင်းကြီးဖရန်းစစ်အရှင်သူမြတ်ဟာ လာမယ့် နို၀င်ဘာ ၁၂ ရက် သောကြာနေ့မှာ အာစီစီမြို့သို့ နောက်တဖန် ကြွရောက််မှာဖြစ်ပြီး ဉရောပတခွင်က ဆင်းရဲသား ၅၀၀ နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

ဒါဟာ နို၀င်ဘာ ၁၄ မှာကျရောက်မဲ့ ကမ္ဘာ့ဆင်းရဲသားများနေ့မတိုင်ခင် စီစဉ်မှုတစ်ခုလည်းဖြစ်ပါတယ်။ ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ရှင်မာတေဉီးကျမ်းက "ဆင်းရဲသားများသည် သင်တို့နှင့် အမြဲရှိနေကြသည်"ဆိုတဲ့အချက်ဖြစ်ကြောင်း ၊ ဒီကမ္ဘာ့ဆင်းရဲသားများနေ့ကို အရှင်သူမြတ်က ပြီးခဲ့တဲ့ ၅ နှစ်ခန့်က စတင်ခဲ့တာဖြစ်ပြီး ဆင်းရဲသား ၄၀၀၀ နဲ့ မစ္ဆားဟောကာ ဗာတီကန်မှာ နေ့လည်စာ စားဘို့အတွက်လည်းဖိတ်ခေါ် ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ဆိုရင် ပုပ်ဖရန်စစ်ဟာ အာစီစီ ကို ၅ ကြိမ်မြောက်ကြွရောက်တာဖြစ်ပါမယ်။ နောက်ဆုံးသွားထားတာကတော့ ၂၀၂၀ အောက်တိုဘာ ၃ ရက်နေ့ကဖြစ်ပါပြီး "Fratelli Tutti" စာချွန်တော်လက်မှတ်ရေးထိုးဘို့သွားခဲ့တာဖြစ်ပါတယ်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA

https://bit.ly/3CNEeXs

Add new comment

11 + 0 =