ပုပ်ဖရန်စစ် ယူကရိန်းသို့ကြွရောက်မည်ဟု ယူကရိန်းမှဂိုဏ်းချုပ်ဆရာတော်မျှော်လင့်

ပုပ်ဖရန်စစ် ယူကရိန်းသို့ကြွရောက်မည်ဟု ယူကရိန်းမှဂိုဏ်းချုပ်ဆရာတော်မျှော်လင့်

ပုပ်ဖရန်စစ် ယူကရိန်းသို့ကြွရောက်မည်ဟု ယူကရိန်းမှဂိုဏ်းချုပ်ဆရာတော်မျှော်လင့်

 

            ယူကရိန်းမှ ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး Sviatoslav Shevchuk က ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်အနေဖြင့် ယူကရိန်းသို့ စောနိုင်သမျှစော၍ ကြွရောက် ရန်မျှော်လင့်နေကြောင်းဖြင့် ရဟန်းမင်းကြီးဖရန်စစ်၏ မောလ်တာမှအပြန်လေယာဉ်ပေါ်၌ သတင်းထောက်တို့အားဖြေကြားခဲ့သည့်အပေါ် ၄င်းတို့မျှော်လင့်နေသည့်အကြောင်းကို ထပ်လောင်းပြော ကြားခဲ့သည်။

ကျူးကျော်စစ်ကြောင့် ပြိုလဲပျက်စီးနေသော ယူကရိန်းနိုင်ငံသို့ အမှန်တကယ်လိုအပ်ပြီး၊ ကြွရောက်ရန်ဖ ဖြစ်မနေလိုအပ်ပါက ကြွရောက်ရန် ရဟန်းမင်းကြီးသည်လည်းဆန္ဒရှိနေသည်။ ဂိုဏ်းချုပ် ဆရာတော်၏ အတွင်းရေးမှူးမှ ဧပြီ (၄) ရက်နေ့ကဂိုဏ်းချုပ်ဆရာတော်၏ထုတ်ပြန်သည့်ကြေညာချက်၌ ဒေသန္တရသာသနာနှင့်အစိုးရအဖွဲ့အ၀င်များ သည် ရဟန်းမင်းကြီး၏ခရီးစဉ် အထမြောက်စေရန်အတွက် ခေါင်းချင်းဆိုင်၍စီစဉ်နေကြကြောင်းပါရှိပါသည်။

            ယခုလအစောပိုင်းက ယူကရိန်းနိုင်ငံအတွက် ဗာတီကန်၏ကိုယ်စားဖြစ်သော ဂိုဏ်းချုပ် ဆရာ တော် Visvaldas Kulbokas က ယူကရိန်းသို့ ရဟန်းမင်းကြီးကြွရောက်ရေး၊ မကြွရောက်ရေးကို ရဟန်းမင်းကြီးသုံးသပ်နေကြောင်းကို EWTN ကက်သလစ်သတင်းဌာနသို့ပြောကြားခဲ့သည်။ သို့သော် ယခုကဲ့သို့ ရုရှား၏ကျူးကျော်စစ်ပြင်းပြင်းထန်ထန်ဖြစ် နေချိန် လူစုလူဝေးကြီးနှင့်ပြုလုပ်ရန်မှာ အခြေအနေသိပ်မပေးကြောင်း၊ ယူကရိန်းနိုင်ငံ၏သမ္မတ Volodymyr Zelenskyy က ပြီးခဲ့သော မတ်လ (၂၂) ရက် ဖုန်းဖြင့်စကားပြောစဉ် ရဟန်းမင်းကြီးအား ယူကရိန်းသို့ကြွရောက်ရန် ကိုယ်တိုင် ကိုယ်ကျ ဖိတ်ကြားခဲ့ကြောင်း၊ ရဟန်းမင်းကြီးလည်း ၌အလွန်အရေးကြီးသောခရီးစဉ်ကို အခြေအနေအရပ်ရပ် သုံးသပ်ပြီးနောက် စီစဉ်မည်ဟုမျှော်လင့်ကြောင်းပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံသည် ဥရောနိုင်ငံများအနက် ပထ၀ီ အနေအထားအရ ဒုတိယအကျယ်ဆုံးဖြစ်ပြီး၊ ရုရှား သည် အကျယ်ဆုံးဖြစ်သည်။ နိုင်ငံအတွင်း၌ အရှေ့တိုင်းဩသောဒေါ့စ် ခရစ်ယာန်အများဆုံးဖြစ်သည်။ ယူကရိန်းဂရိကက်သလစ် (အရှေ့တိုင်း၀ိနည်းကျင့်သုံးသောကက်သလစ်) ဘာသာ၀င်ဒု တိယအများ ဆုံးဖြစ်ပြီး၊ လာတင်း၀ိနည်း (ကျွန်ုပ်တို့နှင့်တူသောကက်သလစ်) ကျင့်သုံးသောကက်သလစ်များလည်းရှိ သည်။ ၄င်းအပြင် အာရ်မေးနီးယား၀ိနည်းကျင့်သုံးသော ကက်သလစ်ခရစ်ယာန်များလည်းရှိသည်။

ယူကရိန်းမှဂိုဏ်း ချုပ်ဆရာတော်ကြီး ယခုကဲ့သို့ စစ်ပွဲပြင်းပြင်းထန်ထန်ဖြစ်နေချိန်၌ ရဟန်းမင်းကြီး အမှန်တကယ်ကြွရောက်ဖြစ်ပါက ငြိမ်းချမ်းရေးအတွက် အလွန်အပြုသဘော ဆောင်သော ကြွရောက် ခြင်းဖြစ်သည်။ ရဟန်းမင်းကြီးကြွရောက်ခြင်းကို ရိုး သားတမ်းတ စွာစောင့်မျှော်နေ ပါမည်ဟုပြော ကြားခဲ့သည်။         

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3KbeFDB

              

Add new comment

2 + 11 =