ပုပ်ဖရန်စစ် မှ ကင်ညာ သမ္မတ အားလက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ် မှ ကင်ညာ သမ္မတ အားလက်ခံတွေ့ဆုံ

ပုပ်ဖရန်စစ် မှ ကင်ညာ သမ္မတ အားလက်ခံတွေ့ဆုံ

ကင်ညာနိုင်ငံ ကင်ညာသမ္မတ Uhuru Kenyatta သည် ဗာတီကန်သို့ လာရောက်ခဲ့ပြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်အား တွေ့ဆုံခဲ့ပါသည်။

အရှင်သူမြတ်က ၎င်းအားနွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ပြီး ၂၅ မိနစ်ကြာ တွေ့ဆုံခဲ့ကြကြောင်း

ကင်ညာနိုင်ငံ အတွက် ကက်သလစ် အသင်းတော်၏ ကူညီပံ့ပိုးမှုများ အထူးသဖြင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် များစွာအထောက်အကူဖြစ်စေခဲ့သည့်အတွက် အထူးကျေးဇူးတင်ရှိပါကြောင်း ကင်ညာသမ္မတ မှ လျှောက်ထားခဲ့ပြီး အမှတ်တရ လက်ဆောင်များ ဖလှယ်ခဲ့ကြကြောင်း ပါပါး ဒီလက်ဆောင်လေးဟာ ကင်ညာနိုင်ငံရဲ့ လ္ဘက်ခြောက်လေးဖြစ်ပါတယ်လို့ဆိုရင်း ကော်ဖီ၊ သစ်ကြားသီး နှင့် ၎င်း၏ အမှတ်သင်္ကေတဖြစ်သော ခြင်္သေက​ြီးမှ
ခြင်္သေသားငယ်လေးများကို ကာကွယ်နေသည့် ထွင်းထု ပုံ အား၎င်း၊ လွန်ခဲ့သည့် ၅ နှစ်ခန့်က ကင်ညာနိုင်ငံ သို့ အရှင်သူမြတ် ပုပ်ဖရန်စစ် ကင်ညာနိုင်ငံသို့ ကြွရောက်ခဲ့သည့် ပုံများပါသည့် အယ်လ်ဘမ် ကို၎င်း လက်ဆောင်ပေးကာ နောက်တခါ ပြန်လည်၍ အလည်အပတ်ကြွရောက်လာရန်ကိုလည်း နွေးထွေး စွာဖိတ်ကြားခဲ့ပါသည်။

ပုပ်ဖရန်စစ်မှ မှန်စီ မိုးဇေးအစ် ပုံနှင့်အတူ ဗာတီကန် လော်ရက်တိုမှ ထုတ်လုပ်သော ဆီ ၄ ပုလင်း ကိုလည်းလက်ဆောင်အဖြစ် ပေးလိုက်​ပါသည်။ ထို့နောက် သမ္မတသည် ကာဒီနယ် ပီယဲ့ထရို ပယ်ရိုလင်း နှင့်လည်း တွေ့ဆုံကာ အာဖရိကရှိ အိုးအိမ်စွန့်ခွာ ခိုလှုံရာရှာသူများ၊ ရာသီဉတု ပြောင်းလဲလာမှု နှင့် ကိုဗစ် ၁၉ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဆိုခြင်းကို Rome Reports သတင်းအရသိရှိရပါသည်။

ဘာသာပြန်-စစ္စတာရ်လူစီယားသန္တာအောင်၊ SJA
Photo courtesy of: Rome Reports

https://bit.ly/32p1A5u

Add new comment

10 + 3 =