ပုပ်ဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးမစတင်မှီ မယ်တော်ထံအပ်နှံဆုတောင်း

ပုပ်ဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးမစတင်မှီ မယ်တော်ထံအပ်နှံဆုတောင်း

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် လအတော်ကြာကပင်တရား၀င်ကြေညာထားသည့်အတိုင်း မွန်ဂိုးလီးယားနိုင်ငံသို့တမန်တော်ခရီးကို ဩဂုတ်လ (၃၁) ရက်နေ့၌စတင်လိုက်ပြီဖြစ်သည်။

ရဟန်းမင်းကြီးသည် နိုင်ငံတကာသို့တမန်တော်ခရီးသွားတိုင်းပြုနေကြအတိုင်း ရောမမြို့ရှိစိန့်မေရီမေဂျာဘာစီးလီကာသို့သွားရောက်၍ မယ်တော်အားပန်းစီးကပ်လှူကာသူ၏ခရီးစဉ်တစ်လျှောက်ဆုတောင်းပေးရန်အပ်နှံခဲ့သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ရဟန်း မင်းကြီးအမှုတော်စတင်ထမ်းဆောင်သည့်အချိန်မှစ၍ ဘာစီးလီကာဘုရားကျောင်းသို့ရောက်ရှိလာသည်မှာယခုတစ်ကြိမ်နှင့်ဆိုလျှင် (၁၁၁) ကြိမ်ပြည့်ပြီဖြစ်ကြောင်းဗာတီကန် သတင်းပြန်ကြားရေးရုံးမှထုတ်ပြန်လာသည်။

ရဟန်းမင်းကြီးက သူ၏မွန်ဂိုးလီးယားခရီးစဉ်အကြောင်းကို ယမန်နေ့စိန့်ပီတာရင်ပြင်၌ ဘုရားဖူးများနှင့်တွေ့ဆုံစဉ်လည်းမိန့်ကြားခဲ့သည်။

ယခုပြည်ပတမန်တော်ခရီး စဉ်သည် (၄၃) ကြိမ်မြောက်ဖြစ်ပြီးဤခရီးစဉ်သည် ဩဂုတ် (၃၁ မှ ၄) အထိကြာမြင့်မည်ဖြစ်သည်။

မွန်းဂိုးလီးယားနိုင်ငံအနေဖြင့်လည်း ကောင်း၊ မွန်းဂိုးလီးယားနိုင်ငံမှ ကက်သလစ်ဘာသာတူများအနေဖြင့်လည်းကောင်း ၄င်းတို့နိုင်ငံ့သမိုင်း၌ ပုပ်ရဟန်းမင်းကြီးအားပထမဦးဆုံးအကြိမ်လက္ခံကြိုဆိုခြင်းဖြစ်၍လွန်စွာစိတ်လှုပ်ရှား နေကြသည်။

ဗာတီကန်၏အတွင်းရေးမှူးဖြစ်သော ကာဒီနယ် Pietro Parolin က မွန်ဂိုးလီးယားနိုင်ငံမှကက်သလစ်ဘာသာတူများအနေ ဖြင့်အင်အားနည်းသော်လည်း ရဟန်းမင်း ကြီးအားကြိုဆိုရန်စိတ်အားထက်သန်လွန်းနေကြသည်။ မျှော်လင့်ချက်အထူးလိုအပ်သည်။ ထိုမျှော်လင့်ချက်သည် ဗလာနတ္ထိ မဖြစ်ရ။ ထိုမျှော်လင့် ခြင်းသည် ယုံကြည်ခြင်းအပေါ်တည်ရမည်။ ထို့အတူတစ်ဦးစီ၏မျှော်လင့်ခြင်းအဖြစ်ပြောင်းလဲယူရမည်။ ထို့ နောက်စုပေါင်းလုပ်ဆောင်ရမည်။ ထို့ကြောင့်လည်း ယခုခရီးစဉ်၏ ဦးတည် ချက်ကား ‘Hoping together’
(အတူတကွမျှော်လင့်ကြမည်) ဟုဖြစ် ကြောင်းဗာတီကန်သတင်းဌာနအား ကာဒီနယ်ကဖြေကြားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံ၏ပထ၀ီအကျယ်အ၀န်းသည် အီတလီထက် (၅) ဆ၊ သို့သော် လူဦးရေကား (၃.၃) သန်းသာရှိသည်။

ရုရှား၊ တရုတ်နိုင်ငံများနှင့်နယ်နိမိတ်ချင်းထိစပ်နေသည်။ မွန်ဂိုးလီးယားနိုင်ငံ၏ဗာ တီကန်သံအမတ် Gerelmaa Davaasuren အနေဖြင့် ယခုကဲ့သို့ ရဟန်းမင်းကြီး ၏သမိုင်း၀င်တမန်တော်ခရီးအတွက်အထူးကျေးဇူးတင်မဆုံးဖြစ်နေရကြောင်း၊ လူသိမများ၊ နိုင်ငံတကာ၌လည်း မထင်ပေါ်သောမွန်ဂိုးလီးယားနိုင်ငံငယ်လေးအား ကမ္ဘာ့စင်မြင့်ပေါ်ဆွဲတင်ပေးလိုက်ခြင်းဖြစ် ကြောင်း၊ သက်၀င်ယုံကြည်မှုမတူညီမှုကိုလေးစားပြီး သက်၀င်ယုံကြည်သူမှုမတူသောဘာသာအချင်းချင်းတွေ့ဆုံဆွေးနွေးညှိုနိုင်းသည့်ယဉ်ကျေးမှုကိုအားပေးလုပ်ဆောင်ကြောင်း၊ ပြည်တွင်း၊ ပြည်ပတစ်၀ှမ်း၌ငြိမ်းချမ်းရေးထိန်းသိမ်းကာကွယ်နိုင်ရေးကိုရှေ့ရူပြီး ပြည်တွင်း၊ ပြည်ပတစ်လျှောက်၌တည်ငြိမ်အေးချမ်းလုံခြုံဆောင်ရွက်ရန်အားထုတ်လျှက်ရှိသည်ဟုမှတ်ချက်ပေးမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/TEZr

Add new comment

11 + 9 =