ပုပ်ဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်မည်ဟုမိန့်ကြား

ပုပ်ဖရန်စစ် မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်မည်ဟုမိန့်ကြား

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပြီးခဲ့သည့်သောကြာနေ့က မွန်းဂိုးလီးယားနိုင်ငံသို့ကြွရောက်ရန်ပြင်ဆင်နေကြောင်းမိန့်ကြားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံသည် လူသိအလွန်နည်းသောဘုရင်အုပ်ချုပ်သည့်နိုင်ငံတစ်ခုဖြစ်သည်။ ဤခရီးစဉ်ကိုရှေ့လများထဲ၌ သွားရန်ရှိသည့် ဟန်ဂေရီနှင့်ပြင်သစ်ခရီးစဉ်အပြီးကြွရောက်မည်ဖြစ်သည်ဟုဆိုသည်။

ဘုရားအလိုတော်ရှိပါက လာမည့်နှစ်ပတ်အတွင်း ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် သူ၏ (၄၁) ကြိမ်မြောက်အီတလီနိုင်ငံပြင်ပခရီးစဉ်ကို ဟန်ဂေရီနိုင်ငံသို့ကြွရောက်မည်ဖြစ်သည်။ ထို့နောက် ပြင်သစ်နိုင်ငံ Marseille သို့လည်းကောင်း၊ မွန်ဂိုးလီးယားသို့လည်းကောင်းကြွရောက်မည်ဖြစ် ကြောင်းအီတလီလေကြောင်းလိုင်း (ITA) အား ဧပြီလ (၁၄) ရက်နေ့ကပြောကြားခဲ့သည်။

မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်သောတမန်တော်ခရီးစဉ်သည် ရဟန်းမင်းကြီးများအနက်ပထမဦးဆုံးကြွရောက်သောရဟန်းမင်းကြီးဖြစ်လာပေမည်။

မွန်ဂိုးလီးယားနိုင်ငံ၏နယ်နိမိတ်အကျယ်အ၀န်းမှာ (၂၈၈၀) မိုင်သာရှိသည်။ တရုတ်နှင့်လည်းနယ်စပ်ခြင်းထိစပ်နေပြီး တရုတ်နှင့်အဓိကစီးပွားရေးကူးသန်းဖက် ဖြစ် သည်။ နိုင်ငံ၏လူဦးရေ (၃) သန်းရှိသည့်အနက် ကက်သလစ်ဘာသာတူဦးရေမှာ (၁၃၀၀) သာရှိသည်။ ဒုတိယအကြော့သာသနာပြုခြင်းကိုပြန်လည်စတင်ခဲ့သည်မှာ (၁၉၂၂) ၌ဖြစ်ပြီး အဓိကသာသနာပြုနေသော သာသနာပြုအဖွဲ့မှာ ‘the Immaculate Heart of Mary’ (မယ်တော်၏အလွန်စင်ကြယ်သောနှလုံးတော်) သာသနာပြုအဖွဲ့ဖြစ်သည်။

ယခင်ကသာသနာပြုခဲ့ရမှကွန်မြူနစ်စနစ်ကျင့်သုံးသောအုပ်ချုပ်သူများကြောင့် ဘာသာရေးဖိနှိပ်မှုများရှိခဲ့ရာမှရပ်နားခဲ့ရပြီး (၁၉၂၂) မှပြန်လည်စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ မွန်းဂိုလီးယားနိုင်ငံ၏ပထမဦးဆုံးဒေသခံရဟန်းတော်ကို (၂၀၁၆) တွင်သိက္ခာထပ်ပေးနိုင်ခဲ့သည်။

ယခင်နှစ်ကရဟန်းမင်းကြီးဖရန်စစ်သည် ဒုတိယအကြိမ်သာသနာပြုခြင်းကိုစတင်ပြီး နှစ်ပေါင်း (၂၀) အကြာ အီတလီနိုင်ငံသားသာသနာပြုဘုန်းတော်ကြီး Giorgio Marengo အားမွန်ဂိုးလီးယားနိုင်ငံ၏ကာဒီနယ်အဖြစ်ရွေးချယ်တင်မြောက်ခဲ့သည်။ အဆိုပါကာဒီနယ်သည် သက်တော် (၄၈) နှစ်သာရှိသေးသည်။

ရုရှားနှင့်လည်းနယ်စပ်ခြင်းထိစပ်နေသည့် နိုင်ငံသည် ကမ္ဘာအကြီးဆုံးလူနေမှုနည်းပါးသောနိုင်ငံတစ်ခုဖြစ်သည်။ Gobi သဲကန္တာရသည်နိုင်ငံ၏သုံးပုံတစ်ပုံကိုနေရာယူထားသည်။

ရဟန်းမင်းကြီးသည် မွန်ဂိုးလီးယားနိုင်ငံသို့ကြွရောက်နိုင်ခြေရှိသည့်အကြောင်းပြီးခဲ့သောဖေဖော်၀ါရီလ တောင်ဆူဒန်မှအပြန်လေယာဉ်ပေါ်၌ပြုလုပ်သောသတင်းစာရှင်းလင်းပွဲတွင် ပထမဆုံးအကြိမ်မိန့်ကြားခဲ့သည်။

(၂၀၂၃) ခုနှစ်၌ ရဟန်းမင်းကြီးဖရန်စစ် တမန်တော်ခရီးကြွရောက်နိုင်ခြေရှိသည့်နိုင်ငံများ

ရဟန်းမင်းကြီးဖရန်စစ်အနေဖြင့် ယခုနှစ် (၂၀၂၃) တွင်တမန်တော်ခရီးအဖြစ် မည်သည့်နိုင်ငံများသို့ ကြွရောက်နိုင်ခြေရှိပါသနည်း။ ဟန်ဂေရီနိုင်ငံ၏မြို့တော် Budapest သို့ယခုလ (ဧပြီ ၂၈-၃၀) ကြွရောက်မည်ဖြစ်ပြီး သုံးနှစ်တာအတွင်းဥရောပနိုင်ငံတစ်ခုသို့ဒုတိယအကြိမ်ကြွရောက်ခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (ဩဂုတ်လ ၁-၆) အထိ ပေါ်တူဂီနိုင်ငံ၌ကျင်းပမည့် ကမ္ဘာလူငယ်များနေ့သို့လည်းကြွရောက်ရန်မျှော်လင့်ထားသည်။

ပြင်သစ်နိုင်ငံတောင်ပိုင်း၊Marseille သာသနာက ယခုအပတ်ထဲ၌အသိပေးကြေညာလိုက်သည်မှာ (စက်တင် ဘာ ၂၃) ရက်နေ့၌ရဟန်းမင်းကြီးဖရန်စစ်သည် မစ္ဆားတရားဦးဆောင်ပူဇော်မည်ဖြစ်ကြောင်း၊ ရဟန်းမင်း ကြီးသည်မြေထဲပင်လယ်ဒေသမှကက်သလစ်ဆရာတော်ကြီးများ၏ အစည်းအ‌ေ၀းသို့တက်ရောက်နေစဉ်ယခုကဲ့သို့အခွင့်ကောင်းယူခြင်းဖြစ်သည်။

ရဟန်းမင်းကြီးဖရန်စစ်မိန့်ကြားခဲ့သောမှတ်ချက်အရ မွန်ဂိုးလီးယားသို့ပြင်သစ်တောင်ပိုင်းမှတိုက်ရိုက်ကြွရောက်မည်ဟုမျှော်လင့်ရပါသည်။ ရဟန်းမင်းကြီးဖရန်စစ်သည် အိန္ဒိယနိုင်ငံသို့လည်းကြွရောက်ရန်မျှော်လင့်ထားကြောင်း၊ အဘယ်ကြောင့်ဆို သော် အိန္ဒိယနိုင်ငံ၏၀န်ကြီးချုပ် Narendra Modi ကသူ့အားဖိတ်ကြားထားကြောင်းကိုလည်း ပြောကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3GOH5Dt

 

Add new comment

13 + 6 =