ပုပ်ဖရန်စစ် ပြန်လည်ကျန်းမာလာပြီဟုဆို

ပုပ်ဖရန်စစ် ပြန်လည်ကျန်းမာလာပြီဟုဆို

ပုပ်ဖရန်စစ် ပြန်လည်ကျန်းမာလာပြီဟုဆို

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်သည် ရောမမြို့ရှိ ဂျယ်မာ့လီဆေးရုံတွင်အူမကြီးဆိုင်ရာ ခွဲစိပ်ကုသပြီးသည့်နောက် ကျန်းမာရေးကောင်းမွန်လျှက်ရှိပြီး အသက်ရှုကိရိယာအကူမပါဘဲအသက်ရှုနိုင်သည့်အခြေအနေတွင်ရှိသည်ဟုဆိုသည်။ 

အရှင်သူမြတ်သည် ဆေးရုံတွင် (၇)ရက်ခန့်ကြာမြင့်ဦးမည် ဟု ခန့်မှန်းကြောင်း ဆေးရုံမှပေးပို့သော ဆေးစာအရ သိရသည်။ (၄)နာရီကြာမြင့်သော ခွဲစိပ်မှုတွင် ဘယ်ဖက်အူမကြီးတစ်ခြမ်းကို ဖယ်ရှားကာ ကျန်သည့်အစိပ်အပိုင်းကို အူအသေးတစ်ခုနှင့် ပေါင်းစပ်သည့် ခွဲစိပ်မှုကို ဂျူလိုင်လ (၄)ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင်၊ မြောက်မြားလှစွာသော ဘုရားဖူးဧည့်သည်တော်များသည် ရဟန်းမင်းကြီးအရှင်သူမြတ်၏ ခွဲစိပ်မှုသတင်းအတွက် အံ့သြခဲ့ကြပြီး “မကြာမှီပြန်လည်ကောင်းမွန်လာမည်ဖြစ်ကြောင်း၊ ရဟန်းမင်းကြီးသည်
သန်မာကြံံ့ခိုင်သောသူဖြစ်ပြီး မိမိတို့တတ်နိုင်သည့်အရာများဖြင့် ကူညီခြင်းဖြင့်လည်း ကျန်းမာအဆင်ပြေစွာ ဖြစ်လာမည်ဖြစ်ကြောင်း၊ ခွဲစိပ်မှုတိုင်းတွင် အနည်းနဲ့အများ အန္တာရာယ် ရှိတတ်သော်လည်း
ရဟန်းမင်းကြီးသည် မကြာမှီ ပြန်လည်ကျန်းမာလာမည်ဟု ယုံကြည်ကြောင်း” ပြောဆိုခဲ့ကြသည်။

ကမ္ဘာတစ်ဝှမ်းမှလူများသည်လည်း ရဟန်းမင်းကြီးအရှင်သူမြတ် အမြန်ဆုံး ပြန်လည်ကျန်းမာပါစေကြောင်း ဆုတောင်းစကားများကို အင်္ဂလိပ်ဘာသာ၊ စပိန်ဘာသာ၊ အီတာလျံဘာသာစကားများဖြင့် လူမှုစာမျက်နှာများပေါ်တွင်
ရေးသားခဲ့ကြသည်။ ဆေးရုံမှပြောကြားချက်အရ ရဟန်းမင်းကြီးသည် ကမ္ဘာတစ်ဝှမ်းမှ ဆုတောင်းစာများကို ဖတ်ကြားလျှက်ရှိပြီး ပြန်လည်ကျန်းမာလာပြီဖြစ်ကြောင်းသိရသည်။

 

ဘာသာပြန်-Bro.Patrick Aye Shine Aung

https://bit.ly/3r23NPH

https://bit.ly/3dOIsU9

https://bit.ly/2VeNTWc

Add new comment

6 + 4 =