ပုပ်ဖရန်စစ် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လက်ခံလိုက်ပြီ

ပုပ်ဖရန်စစ် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လက်ခံလိုက်ပြီ

ပုပ်ဖရန်စစ် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်း လက်ခံလိုက်ပြီ

ဗာတီကန်ရှိ လူထုပရိတ်သတ် ဧည့်သည်တော်များ လက်ခံတွေ့ဆုံလေ့ရှိသည့် Pope Paul VI ခန်းမဆောင်ကြီး၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ယမန်နေ့က ပထမအကြိမ် အဖြစ် Pfizer မှထုတ်သည့် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို လက်ခံလိုက်ပြီဖြစ်ပြီး ရက်သ တ္တပတ် ၃ ပတ် အကြာမှာ ဒုတိ ယအကြိမ်ထိုးနှံခြင်းကို လက် ခံမည်ဖြစ်ပါသည်။

ပုပ်ဖရန်စစ်သည် ဗာတီကန်၌ ပထမဆုံး ကိုဗစ်ဆေးလက်ခံခဲ့ပြီး ၎င်းအပြီးမှာတော့ ကာကွယ် ဆေးထိုးမည့် နှိုးဆော်ချက် ကို ဗာတီကန်မှပြုလုပ်

ခဲ့ကြောင်း၊ ယဉ်ကျေးမှု နှင့်ရိုသေလေးစားမှုအရ ၊ ပုပ်ရဟန်းမင်းကြီး ကာကွယ် ဆေး လက်ခံနေပုံကိုတော့ထည့်သွင်း ရိုက်ကူးမထားလို့ဆိုပါတယ်။

အနားယူသွားပြီဖြစ်သော ပုပ်ရဟန်းမင်းကြီး ၁၆ ဆက်မြောက် ဘယ်နဒစ်အရှင်သူမြတ်သည်လည်း မကြာခင် ကာကွယ်ဆေးလက်ခံရယူမည်ဖြစ်ကြောင်း ၎င်း၏ အ တွင်းရေးမှုး ကာဒီနယ်ဂျော့ချ် ဂန်ဆွင်းမှ အတည်ပြုပြောကြားခဲ့ပါသည်။

ဗာတီကန်ဝန်ထမ်းများလည်း ကာကွယ်ဆေးထိုးနှံကြမည်ဖြစ်ကာ ဆေးများကို အအေးဆုံးရေခဲသေတ္တာများဖြင့် စီစဉ်သိမ်းဆည်းထား​ကြောင်း ဗာတီကန်မှ ထုတ်ပြန်ထားပါ သည်။

 

စစ္စတာရ်လူစီယားသန္တာအောင်၊SJA

Photo courtesy of: MarketWatch

https://bit.ly/3nINxjd

Add new comment

1 + 11 =