ပုပ်ဖရန်စစ် နှင့် ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်

ပုပ်ဖရန်စစ် နှင့် ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်

ပုပ်ဖရန်စစ် နှင့် ဗုဒ္ဓဟူးနေ့ ဘုရားဖူးပရိတ်သတ်

ဆုတောင်းခြင်း ခြိုးခြံခြင်း နှင့် သနားဂရုဏာထားသည့် လုပ်ငန်းများဖြင့် သခင်ခရစ်တော်၏ ပါစကားခရီးစဉ်ကို လိုက်လျှောက်ကြရန် အတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ် အရှင်သူမြတ်က ဗုဒ္ဓဟူးနေ့ ပြာခံပွဲနေ့ မှ ဘုရားဖူးလူထုပရိတ်သတ်ကို မြွကြားလိုက်ပါတယ်။
ဒီနေ့ဟာ အီစတာ၀ါကျွတ်ပွဲတော်ကို ပြင်ဆင်ဘို့ ၀ါတွင်းကာလ ရဲ့ အစဉီးနေ့ဖြစ်ကြောင်း၊ တနည်းအားဖြင့် အများအတွက်အစေခံဘို့ အတွက်ကို သဲကန္တာရမှာ ရက် ၄၀ အစာရှောင်ခဲ့တဲ့ သခင်ခရစ်တော်ကို အတုယူကြခြင်းဖြစ်ကြောင်း၊ ၀ိညာဉ်ရေးရှုထောင့်ကြည့်ရင် သဲကန္တာရဟာ သေခြင်းမဟုတ် ရှင်သန်ခြင်းဖြစ်ကြောင်း၊ ဒါဟာ တိတ်ဆိတ်တဲ့နေရာ ဘုရားသခင်ရဲ့အသံတော်ကို အတွင်းစိတ်ကနေကြားနိုင်တဲ့နေရာ၊ ချစ်ခြင်းမေတ္တာနဲ့ ခရစ္စတူးရဲ့ခေါ်ဖိတ်သံကိုကြားနိုင်တဲ့နေရာဖြစ်ကြောင်း၊
ဒီနေ့ရှုပ်ရှက်ခပ်နေတဲ့ ခေတ်ကြီးထဲမှာ ဘုရားထံပွင့်လင်းစွာ ရင်ဖွင့်ဆုတောင်းနိုင်ဘို့ ဒီလိုတိတ်ဆိတ်ခြင်းမျိုးကို ဘယ်လောက်တောင်လိုအပ်လိုက်ပါသလဲ လို့ဆိုကာ အရှင်သူမြတ်က အခု ၀ါတွင်းကာလမှာ၊ ကျွန်ုပ်တို့ရဲ့ ဆုတောင်းခြင်း ခြိုးခြံခြင်းနဲ့ သနားခြင်းလုပ်ငန်းများက သခင်ခရစ်တော်ရဲ့ လမ်းစဉ်ကိုလိုက်လျှောက်ပြီး သဲကန္တာရတိုင်းကို အသက်ပေးဆိုပြေစေတဲ့ သခင်ခရစ်တော်ရဲ့ကျေးဇူးတော်စွမ်းအားတန်ခိုးတွေကို သိနိုင်စေဘို့ရန်အတွက် ဖြစ်ပါစေ လို့မြွက်ကြားခဲ့ပါတယ်။

By Sr.Lucia Thandar Aung,SJA

 

https://www.vaticannews.va/en/pope/news/2020-02/pope-general-audience-english-summary.html

Add new comment

3 + 12 =