ပုပ်ဖရန်စစ် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ကျော်နှင့်လက်ဆုံထမင်းစား

ပုပ်ဖရန်စစ် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ကျော်နှင့်လက်ဆုံထမင်းစား

ယမန်နေ့ တနင်္ဂနွေနေ့သည် ‘ကမ္ဘာ့နွမ်းပါးချို့တဲ့သောသူများနေ့’ ဖြစ်သည်။ ထိုနေ့အားဂုဏ် ပြုကြိုဆိုသောအားဖြင့် နွမ်းပါးဆင်းရဲသူ (၁၂၀၀) ဦးကျော်အားဖိတ်ကြား၍ ပုပုပ်ရဟန်းမင်းကြီးက ထမင်းလက်ဆုံစားခဲ့သည်။

မိတ်ဆုံစားပွဲကို ဗာတီကန်၀င်းအတွင်းရှိ ရဟန်းမင်းကြီးပေါလ် (၆) ၏ခန်းမ၌ပြင်ဆင်ခဲ့သည်။

ရဟန်းမင်းကြီးသည် အဆိုပါမိတ်ဆုံစားပွဲကိုဟင်းလျှာကောင်းများဖြင့်စီစဉ်စေသည်။ ၄င်းတို့အနက် အများပိုင်းသည်စိန့်ပီတာဘာစီးလီကာဘုရားကျောင်း၌ပူဇော်သောမစ္ဆားတရား၌ပါ၀င်ပူဇော်ခဲ့သည်။ ဤမိတ်ဆုံစားပွဲအား ရဟန်း မင်းကြီး၏ ကရုဏာရေးလုပ်ငန်းတာ၀န်ခံရုံးမှစီစဉ်ပေးခဲ့သည်။

အစားအစာများကို Hilton ဟိုတယ်မှချက် ပြုတ်ပေးခဲ့သည်။ ဖိတ်ကြားတက်ရောက်သောဧည့်သည်အားလုံးသည် ခရစ်ယာန်များသာမဟုတ်။ ဘာသာ ခြားများလည်းပါသောကြောင့် အားလုံးစားသုံးနိုင်ရန်ကြပ်မတ်ရသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၇) မှစ၍ ဤအစီအစဉ်ကိုစတင်ပြုလုပ်ခဲ့ရာ နှစ်စဉ်နွမ်းပါးချို့တဲ့သူတို့နှင့်အတူမိတ်ဆုံစားလေ့ရှိသည်။ ရဟန်းမင်းကြီသည် ဒူးဒဏ်ရာကြောင့်စိတ်သွားတိုင်းကိုယ်မပါနိုင်ဖြစ်၍ မိတ်ဆုံစားပွဲသို့ရောက်ရှိလာကြသောဧည့် သည်များအနက် သူ့ထံလာရောက်နှုတ်ဆက်သူတို့အားရင်းရင်းနှီးနှီးပြန်လည်နှုတ်ဆက်ခဲ့ပြီး စကားစမြည်ပြောဖြစ်ခဲ့သည်။

ထိုနေ့အတွက် ရဟန်းမင်းကြီးဖရန်စစ်၏သတင်းစကားမှာ နွမ်းပါးခြင်းမြစ်ကြီးတစ်စင်းသည် ကျွန်ုပ်တို့၏မြို့ထဲသို့ဖြတ်လျှောက်စီးဆင်းလာရာ လျှံကျသည်အထိထိုးတက်လာခဲ့သည်။ ကျွန်ုပ်တို့အားလွှမ်းမိုးလု မတတ်ပင်။ ထို့အတူ ကျွန်ုပ်တို့၏အကူအညီကိုတောင်းခံနေကြသော ကျွန်ုပ်တို့ညီအစ်ကိုမောင်နှမတို့၏လို အပ်ချက်၊ ထောက်ပံ့မှု၊ ထပ်တူထပ်မျှရှိကြောင်းပြသရန်မှာအလွန်များပြားလှကြောင်း၊ ကျွန်ုပ်တို့အသက်ရှင်နေသောကာလသည် နွမ်းပါးဆင်းရဲသောသူတို့ကိုကူညီရမည်ဟူသောအတွေးမရှိသည့်အချိန်အခါမျိုး၌ဖြစ်နေသည်။ လူမြင်သာ၊ လူအထင်ကြီးစေမည့်ဘ၀နေထိုင်သည့်ပုံမျိုးကိုသာတိုးမြင့်လုပ်ဆောင်နေကြသည်။ ချို့တဲ့နွမ်းပါးသည့်ဂယှက်ထဲ၌၀ဲပါနေသောသူတို့၏အသံမှာမကြားနိုင်တော့ပေ။ ဘာသာတူများအနေဖြင့် ချို့တဲ့နွမ်းပါးသောသူတို့အားဂရုစိုက်သည်ဆိုရာ၌ ဧ၀ံဂေလိတရား တော်ကိုလက်တွေ့အသက်၀င်လာအောင်ကျင့်ကြံရမည်။ ‌ေ၀မျှပေးကမ်းရာ၌လည်း မိမိပေးလိုသောအရာများကိုသာပေးခြင်းထက် လိုအပ်နေသူတို့၏လိုအပ်ချက်ကိုဖြည့်ဆည်းခြင်းမျိုးဖြစ်ရမည်။ ချို့တဲ့နွမ်းပါးသူတို့ အထူးလိုအပ်သောအရာမှာ ကျွန်ုပ်တို့၏လူသားစံသောစိတ်ထားရှိမှု၊ ကျွန်ုပ်တို့၏ချစ်ခြင်းပင်ဖြစ်သည်။ ခရစ် ယာန်ယုံကြည်ခြင်းကျွန်ုပ်တို့အားသွန်သင်သည့်အတိုင်း ချို့တဲ့နွမ်းပါးသောကလေးတိုင်းသည် ဘုရားသခင် ၏ကလေးဖြစ်ပြီး ယေဇူးသခင်အထဲ၌စံပ္ပါယ်နေသည်။ အဘယ်သူမျှ ချို့တဲ့နွမ်းပါးသူတို့အားမျက်ကွယ်ပြုလစ်လျူရူခြင်းမပြုရ။ ဤသို့ပြုခြင်းသည် ယေဇူးသခင်၏ရွှေမျက်နှာတော်ကိုဖုံးကွယ်ရာရောက်သွားသည်။

ရဟန်းမင်းကြီးဖရန်စစ်သည် ချို့တဲ့နွမ်းပါးခြင်းအသွင်အပြင်သစ်အကြောင်းကိုလည်းမိန့်ကြားပသည်။ ထိုချို့တဲ့နွမ်းပါးခြင်းကား စစ်မီးလျှံထဲ၌ပိတ်မိနေကြသူများ၊ လူမဆန်စွာပြုမှုဆက်ဆံခံရသည့်အလုပ်သမားများ၊ အရာရာကိုစေ့စပ်သေချာမှုမရှိဘဲ စမ်းသပ်လုပ်ဆောင်ခြင်ကြောင့် ကုန်စျေးနှုန်းများကမောက်ကမဖြစ်သွားပြီး မိသားစုများစွာအားရိုက်ခတ်အကြပ်အတည်းတွေ့စေသည့်နောက်ဆက်တွဲများကိုဖန်တီးလုပ် ဆောင်သည့်နည်းလမ်းများဖြစ်သည်။

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bitly.ws/32Wn7

Add new comment

7 + 3 =