ပုပ်ဖရန်စစ် ကမ္ဘာ့လူငယ်များနေ့အကြောင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ်ဖောက်သည်ပြန်ချ

ပုပ်ဖရန်စစ် ကမ္ဘာ့လူငယ်များနေ့အကြောင်းဘုရားဖူးများနှင့်တွေ့ဆုံစဉ်ဖောက်သည်ပြန်ချ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည်စိန့်ပီတာရင်ပြင်၌ စုရုံးရောက်ရှိနေသောဘုရားဖူးများနှင့်ဤနေ့ ဩဂုတ်လ ၉ ရက်နေ့၌တွေ့ဆုံခဲ့သည်။ ပုံမှန်အားဖြင့် ဗုဒ္ဓဟူးနေ့တိုင်းဘုရားဖူးများနှင့်စိန့်ပီတာရင်ပြင်၌ တွေ့ဆုံလေ့ရှိသော်လည်း ဇွန်လ၌အကြီးစားခွဲစိတ်မှုခံယူခဲ့ပြီးနောက် ဇူလိုင်လတစ်လလုံးဤတွေ့ဆုံခြင်းအစီအစဉ်ကိုခေတ္တရပ်နားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ကောင်းစွာအနားယူရန်လိုအပ်သကဲ့သို့ ရဟန်း မင်းကြီးသည် နိုင်ငံတကာသို့တမန်တော်ခရီးစဉ်ကြွရန်ဆက်တိုက်ရှိသောကြောင့်လည်းဖြစ်သည်။

ယနေ့ဘုရားဖူးများနှင့်တွေ့ဆုံစဉ် ရဟန်း မင်းကြီးက ကမ္ဘာ့လူငယ်များနေ့အားသတိတရရှိနေသေး၍ ထိုအကြောင်အရာများကို ကမ္ဘာ့လူငယ်များနေ့သို့ရောက်ခွင့်မကြုံသောဘုရားဖူးများအားပြန်လည်ဖောက် သည် ချပေးခဲ့သည်။

ကမ္ဘာ့လူငယ်များနေ့ကိုကျင်းပရခြင်းသည် အပျော်သက်သက်၊ ဓာတ်ပုံရိုက်ရုံ၊ ကမ္ဘာ့လူငယ်များနှင့်နေရာသစ်၌တွေ့ဆုံရုံမျှမဟုတ်။ အဓိကရည်ရွယ်ချက်မှာလူငယ်များအနေဖြင့်သာသနာ၏အကျိုးဆောင်ပေးမှုဖြင့် မိမိတို့နှင့်ခရစ္စတူးသခင်တို့တွေ့ထိနိုင်ရန်ဖြစ်ကြောင်းပေါ်တူဂီနိုင်ငံသားများ၏လှိုက်လှဲပျူဌာဖော်ရွေမှုအတွက်လည်းကျေးဇူးတင်ကြောင်းမိန့်ကြားခဲ့သည်။

ရဟန်းမင်းကြီးမိန့်ခွန်း၏ကောက်နုတ်ချက်မှာ

ချစ်လှစွာသောညီအစ်ကိုမောင်နှမအပေါင်းတို့ ကျွန်ုပ်သည် မကြာမီရက်ပိုင်းကမှ ပေါ်တူဂီသို့တမန်တော်ခရီးကြွသွားပြီး ကမ္ဘာ့လူငယ်များနေ့အခမ်း အနားသို့ပါ၀င်တက်ရောက်ခဲ့သည်။ သန့်ရှင်းသော၀ိညာဉ်တော်ဘုရား၏တည်ရှိနေမှု၊ သေခြင်းမှပြန်လည်ရှင်ပြန်ထမြောက်သောခရစ္စတူးသခင်၏၀ိညာဉ်တော်တည်ရှိနေမှုတို့ကိုကျွန်ုပ်၀န်ခံပါသည်။ ထို၀ိညာဉ်တော်သည် ကမ္ဘာတစ်
၀ှမ်းမှကက်သလစ်ခရစ်ယာန်လူငယ်များ၏စိတ်နှလုံးနှင့်ဘ၀ထဲ၌လှုပ်ရှားအသက်၀င်လျှက်ရှိသည်ကိုထိတွေ့ခံစားခဲ့ရပါသည်။

အမိမယ်တော်၏ပုံစံကောင်းနာမူနာကိုစံပြုလျှက် ဘုရားသခင်၏သိကြားတမန်တော်အမိန့်တော် ပြန်ပြီးသည်နှင့်လျင်မြန်စွာထ၍ထွက်သွားခဲ့ကြသည်။ ကမ္ဘာ့လူငယ်များသည် ဧ၀ံဂေလိတရားတော်က အာမ ခံသော အနာဂတ်ကမ္ဘာဆီသို့ဦးတည်လျှောက်လှမ်းရန်ဆန္ဒပြင်းပြနေကြသည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှလူ ငယ်များနှင့်ဆုံဆည်းခဲ့ရသော်လည်း ခရစ္စတူးသခင် ၏ချစ်ခြင်း၊ သန့်ရှင်းသော၀ိညာဉ်တော်၏ ပျော်ရွှင်ခြင်း၌ အားလုံးပေါင်းစည်းခဲ့ကြသည်။ သာသနာတော်ကြီးသည် ဘုရား သခင်၏လူမျိုးတော်ဖြစ်သည်။ လူတိုင်းနှင့်ဆိုင်ကြောင်းကိုအချိန်မရွေး၊ လူမရွေး၊ နေရာမရွေးဘဲခေါ်တော်မူခြင်းခံရသည်။ ချို့တဲ့နွမ်းပါးမှု၊ မတရားမှုနှင့်စစ်မက်ကမ္ဘာကြီးသည်ထက်ခြမ်းကွဲနေသည်။ ကျွန်ုပ်တို့အနေဖြင့် ဆုတောင်းခြင်းဖြင့် ဧ၀ံဂေလိသတင်းကောင်းပြန့်ပွှားရန်၊ လူသားများနောင်တရအကျင့်ပြောင်းရန်၊ ‌ေ၀ဒနာများကိုကုစားရန်နှင့်ဘုရားသခင်သာပေးနိုင်စွမ်သော ငြိမ်းချမ်းရေးကိုရရှိပိုင်ဆိုင်နိုင်ရန်အတူတကွဆုတောင်းခဲ့ကြသည်။

ဤစိတ်ထားဖြင့်လည်း ကျွန်ုပ်ကမ္ဘာ့လူငယ်များနေ့သို့ကြွရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနေရာ၌ အပြစ်မဲ့သန္ဓေယူတော်မူသောမယ်တော်၏နှလုံးတော်ထံ အသစ်တစ်ဖန်ပြန်လည်ပူဇော်အပ်နှံခဲ့သည်။ ဤ၀ိညာဉ်ရေးပျော်ရွှင်မှု၊ ခရစ္စတူးသခင်အားချစ်သောစိတ်နှင့်၀ိညာဉ်ရေးခရီးစဉ်နိုင်ပါစေ။ ခေါ်တော်မူခြင်းအမြောက်အများပေါ်ထွက်လာနိုင်စေရန်၊ ပေါ်တူဂီနိုင်ငံ၊ သာသနာတော်ကြီးနှင့်ကမ္ဘာကြီအတွက်အနာဂတ်တဆေးများအများအပြားထွက်ပေါ်လာနိုင်ပါစေဟုမိန့်ကြားခဲ့သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

http://bitly.ws/RsN6

Add new comment

8 + 6 =