ပုပ်ဖရန်စစ်၏ ‘ကိုးဗစ် (၁၉) ကာကွယ်ဆေး’ နှင့်ပတ်သက်၍တိုက်တွန်းချက်အလွန်ပြင်းထန်ဟုဆို

ပုပ်ဖရန်စစ်၏ ‘ကိုးဗစ် (၁၉) ကာကွယ်ဆေး’ နှင့်ပတ်သက်၍တိုက်တွန်းချက်အလွန်ပြင်းထန်ဟုဆို

ပုပ်ဖရန်စစ်၏ ‘ကိုးဗစ် (၁၉) ကာကွယ်ဆေး’ နှင့်ပတ်သက်၍တိုက်တွန်းချက်အလွန်ပြင်းထန်ဟုဆို

 

            နှစ်သစ်၏အစ၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ဗာတီကန်နှင့်သံခင်း တမန်ခင်း ထားသော သံအမတ်များအားကမ္ဘာကြီး ၌ဖြစ်ပျက်နေသော အခင်းအကျင်းနှင့် ပတ်သက်၍သာ သနာ၏ရက် တည် ချက်ကို အမြဲမိန့်ကြားရင်းနှစ်သစ်နုတ်ခွန်းချွေ လေ့ရှိသည်။ ဗြိတိန်နိုင်ငံ၏ ဗာတီ ကန်သံ အမတ် အဖြစ် အမှုထမ်းနေသော သံအမတ် Christopher Trott က ရဟန်းမင်း ကြီးဖရန်စစ်၏ နှစ်သစ်ကူးမိန့်ခွန်းအချို့ကိုကောက်နုတ်သုံးသပ်ထားသည်။

            ရဟန်းမင်းကြီးသည် နိုင်ငံတကာအဖွဲ့အစည်းများအား ‌မြောက်ကမ္ဘာနှင့်ပတ်သက်၍ ရိုးသားမြန် ဆန်စွာ လုပ် ကိုင်၍ တောင်ကမ္ဘာခြမ်းရှိ ကမ္ဘာသူကမ္ဘာသားများလည်းအပါအ၀င် ကိုးဗစ် (၁၉) ကာကွယ် ဆေးကို အမြန်ဆုံး စီစဉ် ပေးကြရန် အသံမြင့်မိန့်ကြားခဲ့သည်။ နိုင်ငံများစွာ၏အဆင့်ရှိ အရေးများ ကိုပြောကြား သည့်ပုံစံဖြင့်မိန့်ကြားခဲ့သည်။ ထို့နောက် မိမိတို့နိုင်ငံအတွင်း၏အရေးကိုမိန့်ကြားခဲ့သည်။

သံအမတ် ကြီးသည် သူ့၏သံအမတ်ခန့်အပ်လွှာကို ပြီးခဲ့သော စက်တင်ဘာလက ရဟန်းမင်း ကြီးထံ ပေးအပ်ခဲ့သည်။ (၄) ကြာအတွင်းရဟန်းမင်းကြီးဖရန်စစ်၏ ဘာသာ ရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်း ရေးနှင့် ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းနှင့်ပတ်သက်၍ တရားမျှတခြင်းရှိရေးကိစ္စ နှင့်ပတ်သက်၍ တွေ့ဆုံချိန်၌လည်း အပယ်ခံတို့၏အရေးကိုကိစ္စကို သူ၏မိန့်ခွန်းတိုင်း၌ မမေ့မလျော့ မပြတ်ထည့် သွင်းမိန့်ကြားခဲ့သည်ကိုသတိထားမိသည့်အကြောင်းပြောကြားခဲ့သည်။

            လူထုအားထပ်ခါတလဲလဲ အသိပေးခြင်းသည် ညှိုနှိုင်းဆွေးနွေးသည့်အချိန်၌ မကြားလိုက် သောသူများအား ကြားမိစေရန်ရဟန်းမင်းကြီးလုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်း၊ ယမန်နှစ်အောက် တိုဘာ လ က ဘာသာရေးခေါင်း ဆောင်များနှင့်တွေ့ဆုံစဉ်က ကမ္ဘာ့လူထု၏ (၇၀) ရာခိုင်နှုန်း ကိုကိုယ် စားပြု နိုင်သော အဖွဲ့အားအထက်ပါအသိတရား ကိုကြားအောင်မိန့်ကြားနိုင်ခဲ့ကြောင်း၊ ဗြိတိန် နိုင်ငံနှင့် ဗာတီ ကန်တို့သည် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်းရေးအစည်း အဝေးကြီးဖြစ်သော COP26 UN မတိုင်မီ ခေါင်းချင်းဆိုင်၍အတူတွဲလုပ်ခဲ့သည်။ အစိုးရနှစ်ရပ်လုံးကလည်း အဆိုပါ အဆိုတင်သွင်း ချက်များကို အဘယ်မျှ လက်တွေ့ဖော်ဆောင်လျှက်ရှိသည်ကိုလည်း စုံစမ်းကြည့်ရူလျှက်ရှိကြောင်း၊ ရဟန်းမင်း ကြီးသည် တွေ့ဆုံဆွေးနွေးခြင်း၏ အရေးကြီးကြောင်းကိုအထပ်ထပ်မိန့်ကြားခဲ့ကြောင်း၊ သို့မှသာ မတူ ကွဲပြားမှုများကိုဖြေရှင်းနိုင်မည့်နည်းလမ်းဖြစ်ကြောင်း၊ ဤအချက်သည် ဗြိတိန်အစိုးအနေဖြင့်လည်း တန်ဖိုးအလွန် ထားပြီးလုပ်ဆောင်လျှက်ရှိကြောင်း၊ တွေ့ဆုံဆွေးနွေးပွဲ၌လည်း အထူးအလေးပေး ဆွေးနွေးခဲ့ကြကြောင်း၊ သံအမတ် က သူ့အနေဖြင့် ဗာတီကန်နှင့်ကမ္ဘာတစ်၀ှမ်းမှ ကက်သလစ် ကွန်ရက် များနှင့်ချိပ် ဆက်၍ (၂၀၂၂) ခုနှစ်၌ နိုင်ငံတကာ အရေးနှင့်ပတ်သက်သောကိစ္စများဖြစ်သည့် ကိုးဗစ် (၁၉) ကာကွယ်ဆေး ဖြန့်ဖြူးပေးခြင်း၊ သံခင်းတမန်ခင်းနွယ်သော အခြားဘက်စုံအရေးများ ပြောင်းလဲ တိုးတက်မှုများကို ပိုမိုအသားပေးလုပ်ဆောင်နိုင်ရန်မျှော်လင့်ကြောင်းပြောကြား ခဲ့သည်။     

 

အာဗီအေဘာသာပြန်- ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3rlmK0i

Add new comment

16 + 0 =