ပုပ်ဖရန်စစ်၏ (၂၀၂၁) သန့် ရှင်းသောရက်သတ္တပတ်အတွက်အစီအစဉ်များ

ပုပ်ဖရန်စစ်၏ (၂၀၂၁) သန့် ရှင်းသောရက်သတ္တပတ်အတွက်အစီအစဉ်များ

ဗာတီကန်သတင်းဌာနမှ (၂၀၂၁) ခုနှစ် ရဟန်း မင်း ကြီး၏ သန့်ရှင်းသောရက်သ တ္တပတ်အစီအစဉ်အသေးစိပ်ကိုအင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါ သည်။

၁။ မတ်လ (၂၈) ရက်နေ့ - မေတ္တာပန်းပွဲတနဂ်နွေနေ့မစ္ဆားကို နံနက် (၁၀:၃၀) တွင်စိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်းရှိ စိန့်ပီတာ၏မစ္ဆားပလ္လင်တွင်ပူဇော်ပါသည်။

၂။ ဧပြီ (၁) ရက်နေ့ - သန့်ရှင်းသောဆီတော်များဖန်ဆင်းခြင်းမစ္ဆားကိုလည်း နံနက် (၁၀) နာရီအချိန် စိန့်ပီတာဘုရားကျောင်းတော် ကြီးအတွင်းရှိ စိန့်ပီတာ၏မစ္ဆားပလ္လင်တွင်ပူဇော်ပါသည်။

၃။ ဧပြီ (၁) ရက်နေ့ညနေ - ယေဇူးသခင်၏နောက်ဆုံးညစာစားပွဲမစ္ဆားတရားကိုမူ ည (၆:၀၀) နာရီအချိန်၌ ကာဒီနယ် Giovanni Battista Re ကဦးဆောင်ပူဇော်မည်ဖြစ်သည်။

၄။ ဧပြီလ (၂) ရက်နေ့ - သောကြာနေ့ကြီး၏၀တ်ပြုခြင်းကို ည (၆:၀၀) နာရီအချိန် စိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်းရှိ စိန့် ပီတာ၏မစ္ဆားပလ္လင်တွင်ပူဇော်မည်ဖြစ်သည်။ ထိုနေ့ည (၉:၀၀) နာရီအချိန်တွင် စိန့်ပီတာရင်ပြင်၌ခရူးစူးကားတိုင်လှည့်ခြင်းရှိမည်။

၅။ ဧပြီလ (၃) ရက်နေ့ - စနေ နေ့ကြီးည (သို့) ပါစကားအ ဖိတ်ညမစ္ဆားတရားကို (၇:၃၀) နာရီအချိန် စိန့်ပီတာဘုရားကျောင်းတော် ကြီးအတွင်း ၌ပူဇော်မည်ဖြစ်သည်။ ပါစကားတနဂ်နွေနေ့မစ္ဆားကိုလည်း စိန့်ပီတာဘုရားကျောင်းတော်ကြီးအတွင်း၌ ပင် နံနက် (၁၀:၀၀) နာရီ၌ ပူဇော်မည်ဖြစ်ပြီး၊ ရဟန်း မင်းကြီးမှကမ္ဘာတစ်ဝှမ်းသို့ပါစကားနှုတ်ခွန်းဆက်ဩ၀ါဒမြွတ်ကြားမည်ဖြစ်သည်။ ဤ ၀တ်ပြုဆုတောင်းခြင်းအခမ်း အနားများအားလုံး၌ ဘုရားဖူးအကန့်အသတ်နှင့်သာပါ၀င်ခွင့်ပြုမည်ဖြစ်သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/2OhsM2q

Add new comment

4 + 8 =