ပုပ်ဖရန်စစ်၏ အီရတ်နိုင်ငံခရီးစဉ်လုံခြုံရေးကို နိုင်ငံသားများမှ တာ၀န်ယူမည်

ပုပ်ဖရန်စစ်၏ အီရတ်နိုင်ငံခရီးစဉ်လုံခြုံရေးကို နိုင်ငံသားများမှ တာ၀န်ယူမည်

(၂၀၀၃) ခုနှစ်တွင် ဒုတိယအ ကြိမ်ပြန်လည်ဖြစ်ပွားခဲ့သော အမေရိကန်နှင့် အီရတ် စစ်ပွဲတွင် များစွာသော နိုင်ငံများ သည် သူတို့၏ သံတမာန်များအား အီရတ်၏မြို့တော်ဖြစ်သော ဘဂ္ဂဒက်မြို့မှ ပြန်လည်ခေါ်ဆောင်ခဲ့ကြသည်။

စစ်ပွဲများအား အမြဲတစေ ဆန့်ကျင်လေ့ရှိသော ဗာတီကန်မှ ထိုအချိန်က အီရတ်နိုင်ငံအ တွက်ပုပ် ရဟန်းမင်းကြီး ၏ ကိုယ်စားလှယ်ဖြစ်ပြီး ယခုကာဒီနယ်ဖြစ်သော ဖာနန်ဒို ဖီလိုနီအား အမေရိကန်မှ အီရတ်နိုင်ငံအား ဗုံးကြဲခြင်းကို ဆန့်ကျင်သင့်ကြောင့် ပြောဆိုခဲ့သည်။

ယခုနှစ်လာမည့် မတ်လတွင် ပုပ်ရဟန်းမင်းကြီးသည် အီရတ်နိုင်ငံသို့ သိုးထိန်းခရီးစဉ် ကြွချီမည်ဖြစ်ပြီး ထိုခရီးစဉ်တွင် ရဟန်းမင်းကြီး အရှင်သူမြတ်သည် (၁)နှစ်ကျော်ကြာ ISIS တို့၏ လက်အောက် ကျ ရောက်ခဲ့ရသော Mosul မြို့သို့လည်းသွားရောက်မည်ဖြစ် သည်။

ပုပ်ရဟန်းမင်းကြီး၏ ခရီးစဉ် လုံခြုံရေးအတွက် စိန်ခေါ်မှု ဖြစ်လာနိုင်ဖွယ်ရှိသည်။ ကာဒီနယ် ဖာနန်ဒို ဖီလိုနီမှ “စွန့်စားရမှုများအကြောင်းသာ ပြောနေရလျှင် ထိုနေရာသို့ မသွားသင့်ပေ။ သို့သော် နိုင်ငံ ၏အာဏာပိုင်များသည် အစစ အရာရာအဆင်ပြေ ချောမွေ့စေရန် လုပ်ဆောင်ကြလိမ့်မည်။ အခြားသော အခမ်းအနားများကဲ့သို့ပင် လုံခြုံရေးကို နိုင်ငံ သားများမှပင် တာ၀န်ယူမည်ဖြစ်ပြီး ရဲများ၏ လုပ်ထုံး လုပ် နည်းနှင့် နိုင်ငံရေးဗျူဟာများထက် ကျော်လွန်နိုင်ဖွယ်ရှိမည်ဟု ယုံကြည်မိကြောင်း” ပြော ဆိုခဲ့သည်။

“အခက်အခဲများကြားတွင် ရဟန်းမင်းကြီး၏ ယခုကဲ့သို့ သွားလာခြင်းသည် ခရစ်ယာန်သာသနာတော်၏ ယုတ္တိတစ်ခုဖြစ်ကာ အမိသာသနာတော် သည် လူသားများနှင့် အတူရှိနေပြီး လူအများ ခံစားနေရချိန်တွင် ကျွန်ုပ်တို့သည်လည်း မျှဝေခံစားလျှက်ရှိခြင်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်အရှင်သူမြတ်က ယခုလုပ်ရပ်အား

ဖြင့် ပြသခြင်းဖြစ်ကြောင်း” ကာဒီနယ် ဖာဒီနန် ဖီလိုနီမှ ထပ်လောင်းပြောဆိုခဲ့သည်။

ရဟန်းမင်းကြီး၏ ယခုခရီး စဉ်အားဖြင့် အီရတ်တွင်ရှိနေသော ဘာသာ၀င်အနည်းစုအ တွက် အခြားသူများ၏ လေး စားမှုကို ဖြစ်မြောက်စေလိမ့်မည်ဖြစ်သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Rome Reports

https://bit.ly/2XEBt80

Add new comment

8 + 2 =