ပုပ်ဖရန်စစ်၏ အီရတ်ခရီးစဉ် မသေချာမှုများရှိသော်လည်း လိုဂိုကို ပြသခဲ့

ပုပ်ဖရန်စစ်၏ အီရတ်ခရီးစဉ် မသေချာမှုများရှိသော်လည်း လိုဂိုကို ပြသခဲ့

ပြီးခဲ့သော တနင်္ဂနွေနေ့က အင်တာဗျူးတွင် ပုပ်ရဟန်မင်းကြီးဖရန်စစ်အရှင်သူမြတ်မှ ပြီးခဲ့သော (၂၀၂၀)ခုနှစ်က နိုင်ငံတကာခရီးစဉ်နှစ်ခုကို ဖျက်သိမ်းခဲ့ရပြီး ယခုနှစ်တွင်လည်း လာမည့်မတ်လအ တွက် အီရတ်ခရီးစဉ်ကို စီစဉ်ထားသော်လည်း စီစဉ်ထား

သည့်အတိုင်း ဖြစ်လာမည်၊ မဖြစ်လာမည်ကို သံသယဖြစ်မိကြောင်း ပြောဆိုခဲ့သည်။

သို့သော် အီရတ်နိုင်ငံရှိ အဖွဲ့အစည်းများမှ ရဟန်းမင်းကြီးကြွရောက်လာခြင်းအတွက် လိုဂိုနှင့် ဆောင်ပုဒ်ကို ပြီးခဲ့သော တနင်္လာနေ့က ထုတ်ပြန်ခဲ့သည်။ လိုဂိုမှာ တိဂရိမြစ်၊ ယူဖရေးတီးမြစ်နှင့် စားအုန်းဆီပင်၏ပါ၀င်သော အီရတ်နိုင်ငံမြေပုံ၏အရှေ့တွင် ပုပ်ရဟန်းမင်းကြီးပုံကိုထားရှိပြီး သံလွင်ခက်ကို ကိုက်ချီထားသော ချိုးငှက်ကလေးသည် ဗာတီကန်အလံနှင့် အီရတ်နိုင်ငံအလံအထက်တွင် ပျံဝဲလျှက်ရှိနေသည့်ပုံ ဖြစ်သည်။

ဆောင်ပုဒ်မှာ (ရှင်မာတေးဦး ၂၃:၈)မှ ကျမ်းပိုဒ် “ကျွန်ုပ်တို့အားလုံးသည် ညီအကိုများ ဖြစ်ကြသည်”ကို အာရမိုက်ဘာသာ၊ ချဲလ်ဒီယံဘာသာ နှင့် ခါရ်ဒစ်ရ်ဘာသာ တို့ဖြင့် ရေး သားထားသည်။

အကယ်၍ ခရီးစဉ်သည် စီစဉ်ထားသည့်အတိုင်း ဖြစ်မြောက်ခဲ့သော် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်သည် အီရတ်နိုင်ငံသို့ သိုးထိန်းခရီးကြွ ချီတော်မူသော ပထမဦးဆုံးသော ရဟန်းမင်းကြီး ဖြစ်လာမည်ဖြစ်သည်။

ယခုခရီးစဉ်၌ ရဟန်းမင်းကြီးသည် သမ္မာကျမ်းစာထဲတွင် အာဗြံဟံ၏ မွေးရပ်မြေအဖြစ် ဖော်ပြထားပြီး ယခုတွင် အီရတ်နိုင်ငံတောင်ပိုင်းရှိ အာရ်မြို့နှင့် အီရတ်နိုင်ငံမြောက်ပိုင်းရှိ ကွာယာကို့ရ် မြို့များသို့ သွားရောက်လည်ပတ်မည် ဖြစ်သည်။ ယခုခရီးစဉ်အ တွက် အချိန်ဇယားအကြမ်းတွင် ရဟန်းမင်းကြီးသည် မတ်လ(၆)ရက်တွင် ဘဂ္ဂဒက်မြို့ရှိ ကာသီဒြယ်တွင် မစ္ဆားပူဇော်မည်ဖြစ်ပြီး (၇)ရက်နေ့တွင် အာရ်ဘီလ်ရှိ အားကစားကွင်းတွင် မစ္ဆားတရားကျင်းပမည်ဖြစ်သည်။

အီရတ်ရှိ အာဏာပိုင်အဖွဲ့အ စည်းများ၊ ကက်သလစ်ရဟန်းတော်များ၊ အသင်းဂိုဏ်းများ

နှင့် တွေ့ဆုံဆွေးနွေးရာတွင် ရဟန်းမင်းကြီးသည် အာရ်မြို့ရှိ ခရစ်ယာန်များ၊ ဂျူးများ၊ မွတ်စလင်များနှင့် ကမ္ဘာ့ဘာ သာတရားများ တွေ့ဆုံစုရုံးရန် မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့သည်။

အီရတ်တောင်ပိုင်းမှ ရဟန်းတစ်ပါးဖြစ်သူ Rev. Fr. Karam Shamasha မှ “ကျွန်ုပ်တို့သည် ISIS အဖွဲ့များမှ ပြည်သူများသို့ပေးသော ဒဏ်ရာများကို ကုသပေးရန် ကြိုးစားနေပြီး ကျွန်ုပ်တို့၏ မိသားစုများသည် ခွန်အား

ပြည့်၀ကာ ယုံကြည်ခြင်းကို ခုခံကာကွယ်ခဲ့ကြသည်။ သို့ သော် သူတို့သည် သင်အ ကောင်းဆုံးလုပ်ခဲ့တယ်။ ဒါပေမယ့် ဒီလုပ်ရပ်ကို ရပ်မပစ်ဖို့လိုတယ်ဟူသော အားပေးစကားကို လိုအပ်နေကြောင်း” ပြောကြားခဲ့သည်။

ဘာသာပြန်-ဘရာသာရ်ပက်ထရစ်အေးရှိုင်းအောင်

Photo courtesy of: Saint-Adday

https://bit.ly/3qsJ2uZ 

Add new comment

9 + 4 =