ပုပ်ဖရန်စစ်၏ မွန်ဂိုးလီးယားခရီးသည် သာသနာတော်စပြီး (၃၁) နှစ်ကြာပြီးနောက်ပထမဦးဆုံးသမိုင်း၀င်ခရီးဖြစ်

ပုပ်ဖရန်စစ်၏ မွန်ဂိုးလီးယားခရီးသည် သာသနာတော်စပြီး (၃၁) နှစ်ကြာပြီးနောက်ပထမဦးဆုံးသမိုင်း၀င်ခရီးဖြစ်

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ပေါ်တူဂီနိုင်ငံ၏မြို့တော် Lisbon သို့ကမ္ဘာ့လူငယ်များနေ့ကို ဩဂုတ် လ (၂ မှ ၆) အထိကျင်းပပြီးသည်နှင့် မွန်ဂိုးလီယားသို့ ဩဂုတ်လ (၃၁) မှ စက်တင်ဘာလ (၄) ရက်နေ့အထိကြွရောက်သီတင်းသုံးမည်ဖြစ်ပါသည်။

မွန်ဂိုးလီးယားသို့ကြွရောက်မည့် ရဟန်းမင်းကြီး၏ပြည်ပသို့နိုင်ငံခရီးစဉ်သည် (၄၃) ကြိမ်မြောက်ဖြစ်လာမည်ဖြစ်သည်။ မွန်ဂိုးလီးယားနိုင်ငံ၏မြို့တော်ဖြစ်သော Ulaanbaatar ၌ (၄) ရက် ကြာသီတင်းသုံမည်ဖြစ်သည်။

အဆိုပါတမန်တော်ခရီးစဉ်၌ မွန်ဂိုးလီးယားနိုင်ငံ၏သမ္မတ၊ ၀န်ကြီးနှင့်လည်း ကောင်း၊ နိုင်ငံအတွင်ဘုရားအမှုထမ်းနေသော ကက်သလစ်ဘုန်းတော်ကြီးများ၊ သူတော်စင်များနှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။

စက်တင်ဘာလ (၃) ရက်နေ့၌ ရဟန်း မင်းကြီးဖရန်စစ်သည် မြို့တော်၏ကဇာတ်ရုံတွင်ကျင်းပမည့် ခရစ်ယာန်ပေါင်းစုံနှင့်ဘာသာပေါင်းစုံပါ၀င်ကျင်းပမည့်အစည်းအ ဝေး ၌ပါ၀င်မည်ဖြစ် သည်။ ယခုတစ်ကြိမ်သည် မွန်ဂိုးလီးယားနိုင်ငံ၏သမိုင်း၌ ကက်သလစ်သာသနာတော်ကြီး၏အမြင့်ဆုံးအမှု တော်ထမ်းဆောင်နေသောခေါင်းဆောင်ကြွရောက်ခြင်းပထမဆုံးအကြိမ်ဖြစ်သည်။

နိုင်ငံအတွင်း ကက်သလစ်သာသနာတော်ကြီး၏သက်တမ်းမှာလွန်စွာနုသေးသည်။ (၃၁) နှစ်သာရှိသေးသည်။ တစ်နည်းဆိုသော် မွန်ဂိုးလီးယားနိုင်ငံ၌ကက်သလစ်သာသနာတော်စတင်မွေးဖွားခဲ့သည်မှာ (၃၁) နှစ်သာရှိသေးသည်။

ယနေ့နိုင်ငံအတွင်း ဘာသာတူဦးရေ (၁၃၀၀) ရှိပြီး နိုင်ငံ့လူဦးရေ၏ (၁) ရာခိုင်နှုန်းပင်မပြည့်ပေ။ ယခင်နှစ်က ရဟန်းမင်းကြီးဖရန်စစ်သည် နိုင်ငံအတွက်ကာဒီနယ်တစ်ပါးကိုရွေးချယ်ခန့်ထားခဲ့သည်။ သူသည်နိုင်ငံ၏ ပထမဦးဆုံးကာဒီနယ်ဖြစ်ပြီး အီတလီလူမျိုး Giorgio Marengo ဖြစ်သည်။ သူသည်မွန်ဂိုးလီးယား နိုင်ငံ၌သာသနာပြုအဖြစ်ဆက်ကပ်နေခဲ့သူလည်းဖြစ်ပြီး သာသနာအားထိန်းသိမ်းစောင့်ရှောင်သူအဖြစ် ရဟန်းမင်းကြီးမှခန့်အပ်ခံရသူ (administrator) လည်းဖြစ်သည်။

အာဗီအေဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

https://bit.ly/3NNRdPE

Add new comment

1 + 3 =