ပုပ်ဖရန်စစ်၏ နွေရာသီအားလပ်ရက် ဇူလိုင်လတွင်စတင်မည်

ပုပ်ဖရန်စစ်၏ နွေရာသီအားလပ်ရက် ဇူလိုင်လတွင်စတင်မည်

ပုပ်ဖရန်စစ်၏ နွေရာသီအားလပ်ရက် ဇူလိုင်လတွင်စတင်မည်

             ဇူလိုင်လတိုင်းတွင် ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် ၎င်း၏တွေ့ဆုံမှုများနှင့်လုပ်ငန်းတာဝန်များမှ အနားယူလေ့ရှိသည်။ထိုကာလတွင်ပင်  မပျက်မကွက်လုပ်လေ့ရှိသော အစီအစဥ်မှာ စိန့်ပီတာရက်ပြင်၌ ဘုရားဖူးများနှင့်အတူ တနင်္ဂနွေနေ့ အန်ဂျလူးမေတ္တာဆိုခြင်းဖြစ်သည်။

             ယခုနှစ်တွင်မူ အခြားအစီအစဥ်များနှင့်ခေါင်းဆောင်အချို့နှင့်တွေ့ဆုံခြင်းကို ဆိုင်းငံ ထားသော်လည်း ထူးခြားသော အစီအစဥ်တစ်ခုကိုမူ ဆက်လက် ပြုလုပ်မည် ဖြစ်ကြောင်း အောက်ပါအတိုင်းကြေငြာခဲ့သည်။

       "ဇူလိုင်လ တစ်ရက်နေ့တွင် လက်ဘနွန်နိုင်ငံမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များနှင့် ဗာတီကန်မှာ တွေ့ဆုံပါမယ်။တစ်နေ့တာ ထောက်ရှုခြင်းနှင့် ငြိမ်းချမ်းရေးအတွက် အတူတကွဆုတောင်းခြင်းတို့ကို ပြုလုပ်သွားပါမယ်"ဟု မိန့်ကြားခဲ့သည်။

               ပုပ်ရဟန်းမင်းကြီးဖရန်စစ်သည် နွေရာသီအားလပ်ရက်များတွင်ပင် ရောမမြို့မှ ထွက်ခွာခြင်းမပြုတတ်ပေ။မူရင်းသတင်းသုံးရာ နေရာဖြစ်သော Santa Marta စံအိမ်တွင်ပင် သီတင်းသုံးနေမည်ဖြစ်သည်။

         အထူးတွေ့ဆုံပွဲများမရှိသောကြောင့် အားလပ်ရက်ကာလတွင် အရှင်သူမြတ်သည် ဝိညာဥ်ရေးစာပေဖတ်ရှုခြင်းနှင့် ပုဂ္ဂိုလ်ရေးတွေ့ဆုံမှုများအတွက် ပို၍ အချိန်ပေးနိုင်မည်ဖြစ်သည်။

 

ဘာသာပြန်- Agnes Lawh Lun

Photo courtesy of: Angelus 

https://bit.ly/3zGsNQc

Add new comment

1 + 1 =