ပုပ်ဖရန်စစ်၏ နေ့စဉ်မစ္ဆားတရားကို တိုက်ရိုက်ထုတ်လွှင့်မည်

ပုပ်ဖရန်စစ်၏ နေ့စဉ်မစ္ဆားတရားကို တိုက်ရိုက်ထုတ်လွှင့်မည်

 

ပုပ်ရဟန်းမင်းကြီး ဖရန်စစ် အရှင်သူမြတ်ဟာ နေ့စဉ်မစ္ဆားတရားကို ဗာတီကန်နားနေဆောင် Santa Marta မှာပြုလုပ်ကျင်းပလေ့ရှိပေမဲ့ အခုအခါမှာတော့ Covid 19 စိုးရိမ်ဖွယ်ကြောင့် မည်သူမျှ တက်ရောက်ခြင်းမပြုပဲ တဉီးတည်းသီးသန့် မစ္ဆားဟောကြားမည်ဖြစ်ကာ ထိုအစီအစဉ်ကို တိုက်ရိုက် livestream ဖြင့်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။

 

အိမ်မှထွက်၍ မရသော ဝေဒနာသည်များအတွက်လည်း စဉ်းစားပေးခြင်းဖြစ်ကာ ဤနည်းအားဖြင့် မစ္ဆားပါ၀င်လိုသူများအနေဖြင့် ရောမမြို့၏ ဆရာတော်ကြီးဖြစ်သည့် အရှင်သူမြတ်နှင့်အတူတကွ ပါ၀င်နိုင်မှာဖြစ်တယ်လို့ ဗာတီကန် သတင်းတိုက်၏ဒါရိုက်တာ မာတေးအိုဘရူးနီက သတင်းထောက်များအားပြောကြားခဲ့ကြားခဲ့ပါသည်။

 

ပုပ်ရဟန်းမင်းကြီးသိုးထိန်းတာ၀န်စတင်ယူချိန်မှစကာ Santa Marta မှာ ပုပ်ဖရန်စစ်က

မစ္ဆား ဟောကြားခဲ့ကြောင်းနှင့် နေ့စဉ်တရားထောက်ရှုချက်များကိုလည်း Vatican Radio,Vatican News နှင့်

L'Osssevertore Romano အားဖြင့် ကမ္ဘာတဝှမ်းပျံ့နှံ့ကာ ရဟန်းတော်အများကြီးအတွက်ကိုလည်း သြ၀ါဒ ပြင်ဆင်မှာ အထောက်အကူဖြစ်စေခဲ့ပါတယ်။

 

အာဗီအေမြန်မာဗာတီကန်သတင်း

#RVAMyanmarVaticanNews

By Sr.Lucia Thandar Aung,SJA

စစ္စတာရ်လူစီယားသန္တာအောင်

http://bit.ly/39MobuJ

 

Add new comment

3 + 4 =