ပုပ်ဖရန်စစ်၏ နောက်ထပ်ခရီးစဉ်တစ်ခုအတွက် ဗာတီကန်တာ၀န်ရှိသူများပြင်ဆင်နေ

ပုပ်ဖရန်စစ်၏ နောက်ထပ်ခရီးစဉ်တစ်ခုအတွက် ဗာတီကန်တာ၀န်ရှိသူများပြင်ဆင်နေ

ပုပ်ဖရန်စစ်၏ နောက်ထပ်ခရီးစဉ်တစ်ခုအတွက် ဗာတီကန်တာ၀န်ရှိသူများပြင်ဆင်နေ

ပုပ်ရဟန်းမင်းကြီးဖရန်စစ်အရှင်သူမြတ်သည် Lesbos သို့ ဒုတိယအကြိမ်ကြွရောက်နိုင်ရေးအတွက် ပြင်ဆင်နေသည်။ ထို့အ တူ ဗာတီကန်မှစေလွှတ်သောကိုယ်စားလှယ်သည်လည်း သွားရောက်၍ဖြစ်နိုင်ချေကိုလေ့လာစုံစမ်းခဲ့သည်။ ယခုနှစ် စက်တင်ဘာလအစောပိုင်းက COPE စပိန် ရေဒီယိုအသံလွှင့်ဌာန၏တွေ့ဆုံမေးမြန်းချက်၌ ရဟန်းမင်းကြီးက ၎င်းအနေ ဖြင့်ဂရိနိုင်ငံသို့နောက်တစ်ကြိမ်ကြွဦးမည်ဖြစ်ကြောင်းဖြေကြားခဲ့သည်။

ဤခရီးစဉ်သည် ယခုနှစ် ဒီဇင်ဘာအစောပိုင်း ရက်များ၌ဖြစ်နိုင်ချေရှိသည်။ ထို့အတူ Cyprus သို့လည်းကောင်း၊ Lebanon.သို့လည်းကောင်းကြွရောက်နိုင်ချေရှိသည်။ သို့သော် ရဟန်းမင်းကြီးဖရန်စစ် Malta သို့ကြွရောက်မည့်အကြောင်းကိုမူအတည်ပြုပြီးဖြစ်သည်။

ရဟန်းမင်းကြီး သည် ဂရိသို့ကြွရောက်ရာတွင် ဂရိမြို့တော်သို့သာမဟုတ်ဘဲ အထင်ကရရှိသော အခြားမြို့များသို့လည်းကြွရောက် ဖွယ်ရှိသည်။ ဂရိနိုင်ငံသို့ကြွရောက်မည့် တမန်တော်ခရီးနှင့်ပတ်သက်၍ တိကျစွာပြောဆိုနိုင်သောအကြောင်းအရာ (၃) ခုမှာ (၁) ပြောင်းရွေ့ဒုက္ခသည်များဆိုင်ရာပြဿနာ၊ (၂) ဥရောပသမဂ္ဂ၏အခြေအနေ၊ (၃) ကက်သလစ်နှင့်ဩ သော်ဒေါ့ခရစ်ယာန်တို့၏ဆက်ဆံရေးတို့ဖြစ်သည်။ ရဟန်းမင်းကြီးဖရန်စစ်သည် (၂၀၁၆) ခုနှစ်ကတစ်ကြိမ်ကြွ ရောက်ပြီးဖြစ်သည်။

ဂရိသည် ဥရောပတိုက်အတွက် ပြောင်းရွေ့ဒုက္ခသည်အများဆုံးရှိသောနိုင်ငံဖြစ်နေသည်။ ထိုခ ရီးစဉ်၌ ရဟန်းမင်းကြီးသည် ကမ္ဘာကြီးအား ‘စပရိုက်စ်’ (surprise) တိုက်ခဲ့သည်။ အဘယ်သို့တိုက်ခဲ့သနည်းဟုမူ ကား ဂရိ နိုင်ငံမှအပြန် သူနှင့်အတူပြောင်းရွေ့ဒုက္ခသည်မိသားစုများကိုတစ်ပါတည်းခေါ်ဆောင်လာပြီး၊ ရောမ၌အိမ်ယာကိုစီ စဉ်ပေးခဲ့သည်။

ဘာသာပြန်-ဖာသာရ်ကလဲမင့်အားတယ်

Photo courtesy of the Guardian

 

https://bit.ly/3pk3Nvu

Add new comment

2 + 10 =